အဓိဋ္ဌာန် ပုတီးစိပ်ကြရာဝယ်

Astrology Religion
အဓိဋ္ဌာန် ပုတီးစိပ်ကြရာဝယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဓိဋ္ဌာန် ပုတီးစိပ်ကြရာဝယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဓိဋ္ဌာန် ပုတီးစိပ်ကြရာဝယ်

အဓိဋ္ဌာန်ပုတီးစိပ်ကြသောအခါ “တိကျခြင်းငါးပါး” လိုအပ်ပါတယ်။
(တစ်) ပုတီးစိပ်တဲ့အချိန် တိကျမှန်ကန်ရမယ်။
(နှစ်) ပုတီးစိပ်တဲ့နေရာ တိကျမှန်ကန်ရမယ်။
(သုံး) ပုတီးပတ်ရေတိကျမှန်ကန်ရမယ်။
(လေး) ပုတီးစိပ်တဲ့ဂါထာ တိကျမှန်ကန်ရမယ်။
(ငါး) ဆုတောင်းတိကျမှန်ကန်ရမယ်။

(တစ်) ပုတီးစိပ်တဲ့အချိန် တိကျမှန်ကန်ရမယ်ဆိုတာ—

ပုတီးစိပ်တဲ့အခါ ဒီနေ့ကျ ဝီရိယကောင်းပြီး အစောကြီးထပြီး ပုတီးစိပ်တယ်။ နောက်နေ့ကျတော့ ညသန်းခေါင်နီးမှ ကမန်းကတန်း ပုတီးစိပ်တာမျိူးဟာ ထူးသင့်သလောက်မထူးတော့ဘူး။ အကျိူးအာနိသင် ပြသင့်သလောက်မပြဘူး။ ပေးသင့်သလောက်မပေးတာမျိူးတွေဖြစ်တက်တာကြောင့် ပုတီးစိပ်တဲ့အချိန်ကို တိတိကျကျ သတ်မှတ်ပြီး စိပ်ရပါမယ်။

(နှစ်) ပုတီးစိပ်တဲ့နေရာတိကျမှန်ကန်ရမယ်ဆိုတာ —

အဓိဋ္ဌာန်ဝင်ထားပြီး ပုတီးပါတ်ရေပြည့်အောင် ကားပေါ်မှာစိပ်လိုစိပ်၊ ရထားပေါ်မှာစိပ်လိုစိပ်၊ ကားမှတ်တိုင်ဘူတာရုံမှာ စိပ်လိုစိပ်ဆိုရင်တော့ ပုတီးပတ်ရေတော့ပြည့်မယ် ကုသိုလ်ရမယ် ဒါပေမယ့် သိဒ္ဓိတော့ ရမှာမဟုတ်တဲ့အတွက် ပုတီးစိပ်တဲ့နေရာ တိကျမှန်ကန်ဖို့လိုပါတယ်။

(သုံး) ပုတီးပတ်ရေတိကျမှန်ကန်ရမယ် ဆိုတာ —

ဒီနေ့ အိပ်ချင်လာလို့ သတ်မှတ်ထားတဲ့အပတ်ရေမပြည့်ပဲ အိပ်လိုက်မိတာမျိူး၊ နောက်နေ့မှပေါင်းပြီးတော့ စိပ်တာမျိူး ဆိုရင် သိဒ္ဓိရမှာမဟုတ်တဲ့အတွက်ကြောင့် သတ်မှတ်ထားတဲ့ ပုတီးပတ်ရေတိကျမှန်ကန်စွာ စိပ်ဖို့လိုအပ်ပါတယ်။

(လေး) ပုတီးစိပ်တဲ့ဂါထာ တိကျမှန်ကန်ရမယ် ဆိုတာ —

ဒါကတော့ရှင်းပါတယ်။ ပုတီးစိပ်တဲ့အခါ ဒီနေ့ ဂါထာတစ်ခု နောက်နေ့ဂါထာ တစ်ခု ပြောင်းပြီး ရွတ်ဆိုပုတီးစိပ်လို့မရပါဘူး။ ပုတီးစိပ်တဲ့ဂါထာဟာ တိကျမှန်ကန်နေရပါမယ်။

(ငါး) ဆုတောင်းတိကျမှန်ကန်ရမယ် ဆိုတာ —

ဒီနေ့ဆုတောင်းတစ်မျိူး နောက်နေ့ဆုတောင်းတစ်မျိူ း ပြောင်းလဲ၍ ဆုတောင်းလို့မရပါဘူး။ သိဒ္ဓိတန်ခိုးရပါလို၏ဟု ဆုတောင်းထားလျှင် အဲ့ဆုတောင်းကိုပဲ စွဲစွဲမြဲမြဲ ဆုတောင်းရပါမယ်။

(မဖြစ်မနေ ခရီးသွားရမယ်ဆိုရင် ပုတီးစိပ်တဲ့အချိန်ကိုတော့ တိကျစွာ စိပ်ပေးပါ။)

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။