မီးပွိုင့်မိနေတုန်း ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ထိုင်းရဲရဲ့ ဗီဒီယို ပျံ့နှံ့နေ

International News
မီးပွိုင့်မိနေတုန်း ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ထိုင်းရဲရဲ့ ဗီဒီယို ပျံ့နှံ့နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မီးပွိုင့်မိနေတုန်း ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ထိုင်းရဲရဲ့ ဗီဒီယို ပျံ့နှံ့နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မီးပွိုင့်မိနေတုန်း ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ထိုင်းရဲရဲ့ ဗီဒီယို ပျံ့နှံ့နေ

မီးပွိုင့်မိနေတုန်း သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ထိုင်းရဲအရာရှိ ပီယာဝပ်ရဲ့ TikTok ဗီဒီယိုက အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုမှုအကြိမ်ရေ ၁.၂ သန်းအထိ ရှိခဲ့ပါတယ်။ မီးပွိုင့်မိနေချိန်မှာ ပီယာဝပ်က ကားအပြင်ဘက် ထွက်သွားပြီး ” ငါတို့ အတူရှိခဲ့တာလည်း ကြာပြီ။ မင်းကို စောင့်ရှောက်ဖို့ အချိန်တန်ပြီ။ မင်း ကိုယ့်ကိုယ် လက်ထပ်မလား” လို့ ရေးထားတဲ့ စာရွက်တွေကို ကိုင်ကာ လက်ထပ်လက်စွပ်နဲ့အတူ လက်ထပ်ခွင့် တောင်းခဲ့တာပါ။ ဒီဖြစ်ရပ်ကို ကားထဲမှာရှိတဲ့ သူ့ချစ်သူက ဖုန်းနဲ့ ဗီဒီယိုရိုက်ထားခဲ့တာ ဖြစ်ပါတယ်။

ရိုမန့်တစ်ဆန်တဲ့ ပီယာဝပ်ရဲ့ လက်ထပ်ခွင့်တောင်းမှုကို ချီးကျူးကြသူတွေ ရှိသလို အချိန်မရွေး မီးစိမ်းသွားနိုင်လို့ အန္တရာယ်များလွန်းတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ TikTok ကတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့လုပ်ရပ်လို့ ဗီဒီယိုမှာ သတိပေးစာ ဖော်ပြခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။