ခန္ဓာကိုယ်မှာ သားသမီးတွေအတွက် ရည်ရွယ်ပြီး တက်တူးထိုးထားကြတဲ့ နာမည်ကြီးအနုပညာရှင်များ

Celebrity International News
ခန္ဓာကိုယ်မှာ သားသမီးတွေအတွက် ရည်ရွယ်ပြီး တက်တူးထိုးထားကြတဲ့ နာမည်ကြီးအနုပညာရှင်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခန္ဓာကိုယ်မှာ သားသမီးတွေအတွက် ရည်ရွယ်ပြီး တက်တူးထိုးထားကြတဲ့ နာမည်ကြီးအနုပညာရှင်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ သားသမီးတွေအတွက် ရည်ရွယ်ပြီး တက်တူးထိုးထားကြတဲ့ နာမည်ကြီးအနုပညာရှင်များ

တစ်ခါတလေ တက်တူးဆိုတဲ့အရာက လူတွေအတွက် သူတို့ရဲ့ချစ်ရသူတွေကို သူတို့ဘယ်လောက်ချစ်ပြီး ဂရုစိုက်လဲဆိုတာ ပြသဖို့ နည်းလမ်းတစ်ခုပါပဲ။ ချစ်သူဆက်ဆံရေးမှာရော မိဘနဲ့သားသမီးဆက်ဆံရေးမှာပါ တချို့တွေက သူတို့ချစ်မြတ်နိုးရတဲ့သူတွေကို ရည်ရွယ်ပြီး တက်တူးထိုးကြပါတယ်။

သားသမီးတွေကိုရည်ရွယ်ပြီး တက်တူးထိုးထားကြတဲ့ မိဘတွေထဲမှာ နာမည်ကြီးအမေရိကန်အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်တွေ ပါဝင်ပါတယ်။ သူတို့တွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်..။

အဒဲလ်

ကမ္ဘာကျော်အဆိုတော်အဒဲလ်က သူ့သား အန်ဂျယ်လိုကို အရမ်းချစ်တာပါ။ သူ့ခန္ဓာကိုယ်မှာ သားအတွက် ရည်ရွယ်ပြီးထိုးထားတဲ့ တက်တူးက တစ်ခုတည်းမဟုတ်ပါဘူး။ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက အန်ဂျယ်လိုရဲ့နာမည်ဖြစ်ပြီး သူ့ရဲ့ညာလက်မှာ ထိုးထားတာပါ။ ဒုတိယတစ်ခုဖြစ်တဲ့ အက္ခရာ A စာလုံးတက်တူးက ညာဘက်နားရွက်နောက်မှာရှိပါတယ်။

ဂျီဂျီဟာဒစ်

စူပါမော်ဒယ်ဂျီဂျီဟာဒစ်ကလည်း သူ့သမီးလေးရဲ့နာမည် Khai ကို အာရပ်ဘာသာနဲ့ တက်တူးထိုးထားပါတယ်။

ကိုင်လီ ဂျန်နာ

အသက်အငယ်ဆုံးဘီလျံနာဖြစ်တဲ့ ကိုင်လီဂျန်နာက သူ့သမီးလေးကို ရည်ရွယ်ပြီး တက်တူးသေးသေးလေး နှစ်ခု ထိုးထားပါတယ်။ သူ့သမီးလေးကို မွေးဖွားခဲ့တဲ့ အချိန် 4:43 တက်တူးက သူ့ရဲ့လက်ဖျံမှာ၊ သမီးလေးနာမည် Stormi တက်တူးကိုတော့ လက်မောင်းရင်းနောက်ဘက်ကြွက်သားစိုင်မှာ ထိုးထားပါတယ်။

ခရစ်စီ တီဂန်

မင်းသမီး ခရစ်စီ တီဂန်နဲ့ ခင်ပွန်းဖြစ်သူအဆိုတော် ဂျွန်လက်ဂျန့်တို့ဟာ ကိုယ်ဝန် ၂၀ ပတ်အကြာမှာ သူတို့ရဲ့သားလေးဂျက်ခ်ကို ဆုံးရှုံးခဲ့ရတာပါ။ မင်းသမီးခရစ်စီက သူ့သားလေးကို အောက်မေ့တသတဲ့အနေနဲ့ ဂျက်ခ်ရဲ့နာမည်တက်တူးကို သူ့ရဲ့လက်ကောက်ဝတ်မှာ ထိုးခဲ့ပါတယ်။

ဒေးဗစ် ဘက်ခမ်း

အကျော်အမောဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းက သူ့ရဲ့ခန္ဓာကိုယ်မှာ တက်တူးတွေ အများကြီးထိုးထားတာပါ။ အဲဒီတက်တူးတွေထဲမှာ သူ့သမီးလေး ဟာပါကို ရည်ရွယ်ပြီးထိုးထားတဲ့ တက်တူးလည်းပါပါတယ်။ သူ့သမီးလေး ရေးဆွဲထားတဲ့ ဂါဝန်နဲ့ ဒေါက်ဖိနပ်အမြင့်စီးထားတဲ့ကလေးမလေးပုံကို ဘက်ခမ်းက တက်တူးထိုးခဲ့တာပါ။

ဘီယွန်းစေး

ဘီယွန်းစေးက သူ့ရဲ့အမြွှာလေး ရူမီနဲ့ ဆာကို မွေးဖွားခဲ့ပြီးတဲ့နောက် သူ့ရဲ့လက်သူကြွယ်မှာ ထိုးထားတဲ့ တက်တူးအသစ်တစ်ခုကို ထုတ်ပြခဲ့တာပါ။ အဲဒီတက်တူးက အစက် (၃) စက်ပါ။ ပရိသတ်တွေကတော့ အဲဒီအစက် ၃ စက်က သူ့ရဲ့ကလေး (၃) ယောက်ကို ရည်ညွှန်းထားတာလို့ ဆိုကြပါတယ်။

ကာဒီ ဘီ

ရက်ပ်အဆိုတော် ကာဒီ ဘီက သူ့သားလေးနာမည် Wave ကို သူ့ရဲ့မေးရိုးမှာ မှင်နီနဲ့ တက်တူးရေးထိုးခဲ့တာပါ။ သူ့ရဲ့မျက်နှာမှာ တက်တူးထိုးခဲ့တဲ့အတွက် နောင်တမရဘူးလို့ ဖွင့်ဟထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။