မထွေးမွန် ခေါ် DJ Violet ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီး

Celebrity
မထွေးမွန် ခေါ် DJ Violet ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မထွေးမွန် ခေါ် DJ Violet ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မထွေးမွန် ခေါ် DJ Violet ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီး

မထွေးမွန် (ခေါ်) DJ Violet ကို ဧပြီလ ၃ ရက်နေ့ ညနေပိုင်း ၆နာရီခွဲလောက်က မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကိုသွားရောက်ဖို့ စောင့်ဆိုင်းနေချိန်မှာဘဲ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ပထမအပတ်အတွင်း ဝန်ခံဂတိနဲ့ ဖြေရှင်းထားတဲ့အမှုကို နားလည်မှုလွဲတာကြောင့် ကြည့်မြင်တိုင်ရဲစခန်းက ချိတ်ဆက်ဖမ်းဆီးတာမျိုးကို လုပ်ဆောင်ခဲ့တာလို့ DJ Violet နဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။

DJ Violet ကို စွပ်စွဲထားတဲ့ ၅၀၅ ပုဒ်မ (မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှု) ပါစွပ်စွဲချက်ကို မတ်လပထမ အပတ်အတွင်းမှာ သက်ဆိုင်ရာအာဏာ ပိုင်တွေနဲ့ ချိတ်ဆက်ပြီး ခံဝန်ရေးထိုး ဖြေရှင်းထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုခံဝန်နဲ့ ဖြေရှင်းထားတာကို ကြည့်မြင်တိုင်ရဲစခန်းက သူ့နယ်မြေအတွင်းစွပ်စွဲထားတဲ့ အမှုကို မပိတ်ဘဲအခုလို ဖမ်းဆီးမှုဖြစ်ပေါ် ခဲ့တာလို့ နီးစပ်သူက ပြောပြပါတယ်။

“၅၀၅ နဲ့စွဲထားတာမျိုးရှိခဲ့ဖူးပါတယ်။ ပုဒ်မအတိအကျတော့ မသိရဘူး။ အခုသူများတွေပြောနေသလို မူးယစ်ဆေးနဲ့ဆိုတာလုံးဝမဟုတ်ပါဘူး။ အခုလည်းအားလုံးအဆင်ပြေမယ် လို့မျှော်လင့်ပါတယ်။ အဆက်အသွယ်လည်းရပါတယ်။ နားလည်မှုလွှဲပြီးဖမ်းခံရတာမို့ ဖြေရှင်းနေပါတယ်” လို့ DJ Violet အကြောင်းသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဖမ်းဆီးခံရပြီးနောက်ပိုင်း DJ Violet နဲ့ ဆက်သွယ်မှုရရှိထားပြီး ဖြေရှင်းနိုင်ရေးကိုလည်း ဆက်လက်လုပ် ဆောင်နေတယ်လို့ သိရပါတယ်။

အခုလို မဖမ်းဆီးခင် ရှေ့ရက်ပိုင်းတွေတုန်းကတော့ DJ Violet ကိုဖမ်းဆီးဖို့အတွက် စစ်ကောင်စီထောက်ခံ တဲ့ တယ်လီဂရမ်အကောင့်တွေကနေ လှုံ့ဆော်ရေးသားတာမျိုးတွေရှိခဲ့ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။