ဖခင်တစ်ယောက်ဖြစ်လာတော့မယ့် သရုပ်ဆောင် Robert Pattinson

Celebrity International News
ဖခင်တစ်ယောက်ဖြစ်လာတော့မယ့် သရုပ်ဆောင် Robert Pattinson

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖခင်တစ်ယောက်ဖြစ်လာတော့မယ့် သရုပ်ဆောင် Robert Pattinson ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖခင်တစ်ယောက်ဖြစ်လာတော့မယ့် သရုပ်ဆောင် Robert Pattinson

Twilight ရုပ်ရှင် franchise နဲ့ အမျိုးသမီးထုကို ဆွဲဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင် Robert Pattinson ကတော့ ဖခင်တစ်ယောက်ဖြစ်လာတော့မှာဖြစ်ပါတယ်။
Robert Pattinson ရဲ့ ချစ်သူဖြစ်တဲ့ Daisy Jones & The Six သရုပ်ဆောင် Suki Waterhouse ကတော့ သူ(မ)မှာ Robert Pattinson နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ပြောလာခဲ့ပါတယ်။
အစောပိုင်းမှာတော့ ကိုယ်ဝန်ရနေပြီဆိုတဲ့ သတင်းအချို့ထွက်ရှိခဲ့ပြီး ခုချိန်မှာတော့ သူ(မ)ကိုယ်တိုင် အတည်ပြုပြောဆိုခဲ့ပါတယ်။

မက္ကဆီကိုမှာကျင်းပခဲ့တဲ့ Corona Capital Festival ပွဲမှာ Suki က “အခြားအရာတွေကနေ ရှင်တို့ကို အာရုံပြောင်းနိုင်တယ်ထင်လို့ ကျွန်မဒီနေ့တောက်တောက်ပြောင်ပြောင် ဝတ်ခဲ့တယ်” လို့ သူ(မ)ရဲ့ မြင်သာအောင်ထွက်နေပြီဖြစ်တဲ့ဗိုက်ကိုပွတ်ပြီး လူအုပ်ကြီးကိုပြောခဲ့ပါတယ်၊ဆက်လက်ပြီး “ဒါအလုပ်ဖြစ်ပါ့မလားတော့ ငါမသိဘူး”ဆိုပြီးဆက်လက်ပြောကြားခဲ့ပါတယ်။

သူတို့(၂)ဦးဟာ ၂၀၁၈ ခုနှစ်ကတည်းက တွဲနေကြပြီးတော့ မင်းသမီး Suki Waterhouse အနေနဲ့လည်း မင်းသား Robert Pattinsonရတဲ့ သူတို့ရဲ့ပထမဆုံးကလေးအတွက် မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။

ရေးသားသူ –Myanmar Varient Entertainment II

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။