စာကလေးအိမ် ၂ သိန်းခွဲကျော် ဆောက်ပေးခဲ့သူ

International News
စာကလေးအိမ် ၂ သိန်းခွဲကျော် ဆောက်ပေးခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စာကလေးအိမ် ၂ သိန်းခွဲကျော် ဆောက်ပေးခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စာကလေးအိမ် ၂ သိန်းခွဲကျော် ဆောက်ပေးခဲ့သူ

သူ့ကို ”အိန္ဒိယရဲ့ အသိုက်ဆောက်သူ”လို့ ချစ်စနိုးခေါ်ကြပါတယ်။ ရာကက်ရှ်ခါထရီက စာကလေးအိမ် ၂ သိန်းခွဲကျော် ဆောက်လုပ်ပေးခဲ့သူပါ။ သူ့အတွက်တော့ စာကလေးတွေကို မြင်တွေ့ရတာ စိတ်ချမ်းသာ ပျော်ရွှင်စရာပါပဲ။

ဒေလီမြို့မှာ စက်မှုလုပ်ငန်းတွေ မထွန်းကားမီ ၁၉၈၀ ပြည့်နှစ် မတိုင်မီကာလတုန်းက ခါထရီ နေထိုင်တဲ့ အိမ်နားတစ်ဝိုက်မှာ စာကလေးတွေ အလွန်ပေါပါတယ်။ စာကလေးတွေရဲ့ ”ကျာကျာကျီကျီ” မြည်သံလေးတွေနဲ့ နိုးထရတဲ့ နံနက်ခင်းက ပျော်စရာကောင်းတယ်လို့ ခါထရီက ဆိုပါတယ်။

ခါထရီက အုန်းခွံ၊ ချည်၊ ဂုန်လျှော်၊ ကြိမ် အစရှိတဲ့ ပစ္စည်းအမျိုးမျိုးသုံးပြီး စာကလေးအိမ်တွေ ဆောက်ခဲ့တာပါ။ သူဟာ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းဖို့အတွက်လည်း အိန္ဒိယနိုင်ငံတစ်ဝန်းက စာသင်ကျောင်း ၃၅၀၀ မှာ စာကလေးအိမ် ဆောက်လုပ်နည်းတွေ လက်တွေ့သင်ကြားပေးခဲ့ပါတယ်။ သူသင်ပေးခဲ့တဲ့ ကျောင်းသား/သူပေါင်း ၁ သိန်းကျော်အထိ ရှိပါပြီ။

” ကျွန်တော်တို့ လူသားတွေ ပျော်ရွှင်စွာ နေထိုင်ရှင်သန်ဖို့အတွက် သဘာဝတရားနဲ့ယှဉ်တွဲတတ်ဖို့ လိုအပ်ပါတယ်။ သဘာဝတရားဆိုတာ လူသားတွေကို အထောက်အပံ့အပေးနိုင်ဆုံးအရာပါပဲ” လို့ ခါထရီက ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။