ကျိုက်ထီးရိုးဘုရား ပြန်စည်ကားစေရန် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့ အခမဲ့ တည်းခိုခွင့်နှင့် ကားအခမဲ့စီးခွင့် စစ်ကောင်စီက စီစဉ်ထားခဲ့သော်လည်း ဘုရား ဖူးသူ အလွန်နည်းပါး

Local News

ကျိုက်ထီးရိုးဘုရား ပြန်စည်ကားစေရန် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့ အခမဲ့ တည်းခိုခွင့်နှင့် ကားအခမဲ့စီးခွင့် စစ်ကောင်စီက စီစဉ်ထားခဲ့သော်လည်း ဘုရား ဖူးသူ အလွန်နည်းပါး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျိုက်ထီးရိုးဘုရား ပြန်စည်ကားစေရန် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့ အခမဲ့ တည်းခိုခွင့်နှင့် ကားအခမဲ့စီးခွင့် စစ်ကောင်စီက စီစဉ်ထားခဲ့သော်လည်း ဘုရား ဖူးသူ အလွန်နည်းပါး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားတွင် ဘုရားဖူးများဖြင့် ပြန်လည်စည်ကားစေရန်အတွက် စစ်ကောင်စီက နိုဝင်ဘာလ ၃ ရက်နေ့နှင့် နိုဝင်ဘာလ ၄ ရက်နေ့တို့တွင် တည်းခိုခန်းအားလုံးအခမဲ့နှင့် ယာဉ်စီးခ အားလုံး အခမဲ့ စီစဉ်ထားခဲ့သော်လည်း ယနေ့တွင် ဘုရားဖူးသူ အလွန်နည်းပါးကြောင်း ကျိုက်ထီးရိုးဘုရားရှိ ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်တွင် ပစ် ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျိုက်ထီးရိုး ဘုရားဖူး ၃ ဦး သေဆုံးခဲ့ကြောင်း၊ ထိုသို့ သေဆုံးမှုကို စစ်ကောင်စီက KNU နှင့် PDF တပ်ဖွဲ့များကို အပြစ်ပုံ လွှဲချ၍ ကျိုက်ထီးရိုးဘုရား ပြန်လည် စည်ကားစေရန် လုပ်ဆောင်သော်လည်း ပြည်သူလူထုက ဘုရားလာဖူးခြင်းမရှိတော့ဟု သိရှိရသည်။

“လာတာတော့ ဝန်ထမ်းတွေနဲ့ မိသားစုတွေများတယ်။ လူက မရှိဘူး။ စတု ဒီသာတွေ ဝေဖို့ ပြင်ထားတာတောင် ပိုနေတယ်အများကြီး။ ကျိုးတိုးကျဲတဲလေးတွေတော့ လာကြတယ်။

ဘုရားရင်ပြင်မှာတော့ ဟိုနားလေး တစ်စု၊ ဒီနားလေးတစ်စုပဲရှိတယ်။ စစ်တပ်နဲ့ရဲကတော့ အရပ်ဝတ်တွေနဲ့ရော၊ လက်နက်အပြည့် အစုံ ဝတ်စုံပြည့်ပဲ။

ကင်းပတ်နေကြတာ၊ ဆိုင်ခန်းတွေလည်း ဖွင့်သူရှိပေမယ့် ဝယ်သူမရှိဘူး” ဟု ကျိုက်ထီးရိုးဘုရားတွင် ဆေးမြစ်စုံဖွင့်လှစ်ရောင်းချသူ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

ကျိုက်ထီးရိုးဘုရားဖူး ခရီးသည်များ နည်းပါးနေသောကြောင့် ၎င်းတို့ ကို ပြန် လည်ဆွဲဆောင်နေသည့်အနေဖြင့် ကျိုက်ထီးရိုးဘုရား လာဖူးသူများကို ယာဥ်စီးခနှင့် တည်းခိုခအတွက် ၂ ရက်တာ အခမဲ့ စီစဉ်ပေးထားကြောင်း ဘုရားဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ကျိုက်ထီးရိုး ဘုရားဖူးလာသူများအားလုံးကို ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဥ်များအသင်းက ကင်မွန်းစခန်းမှ ဘုရားရင်ပြင်တော်အထိ အခမဲ့ပို့ဆောင်ပေးမည်။

ရင်ပြင်တော်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်အပါအဝင် ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ဂေါပကအဖွဲ့ပိုင် သာသနိကအဆောက်အအုံတို့တွင် အခမဲ့တည်းခိုခွင့်၊ ကင်မွန်းစခန်းရှိ ကျိုက် ထီးရိုးတောင်တက်မော်တော်ယာဉ်ဂိတ်နှင့် ရင်ပြင်တော်တို့တွင်လည်း စတုဒီသာ ကျွေးမွေးရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ကျိုက်ထီးရိုးဘုရားမြင်ကွင်းများ။
ဖိုတို- စီဂျေ

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။