ဘ၀တိုက်ပွဲအတွက် အောင်လံထူ ယတြာ

Astrology
ဘ၀တိုက်ပွဲအတွက် အောင်လံထူ ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘ၀တိုက်ပွဲအတွက် အောင်လံထူ ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘ၀တိုက်ပွဲအတွက် အောင်လံထူ ယတြာ

ဟိုးရှေးခေတ် မြန်မာဘုရင်များသည် စစ်ချီစစ်တက် စစ်ထွက်တော့မည် ဆိုပါက မိမိတို့ကိုးကွယ်သော လောကီပညာ နှံ့စပ်သော ဆရာတော်များထံသို့ ချဉ်းကပ်ကြ၍ အဆောင်များ အစီအရင်များ တောင်းတတ်ကြလေ၏ ။ ဆရာတော်ကြီးများကလည်း စစ်ချီမည့်စစ်တပ်ရှေ့ အလံတော်တွင် အောင်ပွဲ၀င် အင်းစမတော်များကို စီရင်ပေးလိုက်လေ၏ ။

ထိုအကြောင်းကို လောကီပညာနှင့် ပါတ်သက်သော ရှေးရာဇ၀င်များတွင် လေ့လာရ၏ ။ မင်းတိုင်ပင် မင်းကိုးကွယ်သော ဆရာတော်ကြီးများကိုယ်တိုင် စစ်တိုက်ထွက်မည့် မိမိတို့ တိုင်းနိုင်ငံမှ စစ်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရန် တိုက်ပွဲတွင် အောင်နိုင်စေရန် စသည်ဖြင့် အဆောင်များ အင်းများ အစီအရင်များကို စီရင်ပေးလိုက်သည်ဟု လေ့လာရပါသည် ။

အခု ကျွန်တော် ပြောပြချင်သော ယတြာအကြောင်းကတော့ ဘ၀တိုက်ပွဲ အတွက်ပါ ။ နေ့စဉ်နှင့်အမျှ လူသားတိုင်း လူသားတိုင်းဟာအိမ်ထောင်ရေး စီးပွားရေး လူမှုရေး ပညာရေး စတဲ့ တိုက်ပွဲမျိုးစုံကို အချိန်ပြည့် တိုက်ပွဲ၀င်နေရသည် ။ ထို ဘ၀တိုက်ပွဲကြီးတွေမှာ တိုက်ပွဲတိုင်း အောင်မြင်စေရန် ဘေးအန္တရာယ် ကင်းရှင်းစေရန် တိုးတက် အောင်မြင်စေရန် အတွက် ဤယတြာနည်းကို ဆောင်ရွက် ကြည့်လိုက်ပါ ။ ထူးခြားလာပါလိမ့်မည် ။ အထောက်အကူ ဖြစ်လာပါလိမ့်မည်။

ဤယတြာနည်း၏ မြစ်ဖျားခံရာမှာ သက္ကရာဇ် ၇၄၄ ၊ တစ်ခုသော ကာလတွင် “ရာဇဓိရာဇ်”ဘွဲ့ ခံယူမယ့် ဗညားနွဲ့ မင်းသားဆီမှာ စတင်အမှုထမ်း ခစားမည့် နောင်သောအခါတွင် “ရာဇမနု” ဘွဲ့ရ မင်းတိုင်ပင်ပညာရှိ “မင်းကံစည်”၏ နည်းဖြစ်ပါသည်။ ဝါကမော့ရွာဖွား သာမန်လူသားဘ၀မှ ထူးခြားသော ပညာပါရမီ အခံအားကောင်းခြင်းနှင့်တကွ “မတိုင်ဆရာ”ထံမှ ဗေဒင်အတတ်ကို လေ့လာတတ်မြောက်၍ မင်းပွဲ၀င်ပညာရှိ ဖြစ်လာသူတည်း ။

မင်းကံစည်၏ နည်းပေါင်းများစွာအနက်“အောင်လံထူ အောင်ဓာတ်ယူ”သော နည်းသည်ကား အလွန်ထိရောက်လှသော နည်းကောင်းတစ်ရပ်ဖြစ်သည် ။ နာမည်ကျော်ကြား ထင်ရှားစေရန်အတွက်လည်း ကောင်း ၊ ရန်အလုံးစုံကို အောင်စေရန်အတွက်လည်းကောင်း အထူးကောင်းသော နည်းဖြစ်သည် ။ ပညာစာမေးပွဲ ၊ အလုပ်စာမေးပွဲ ၊ အင်တာဗျူဖြေဆိုမည့်သူများအတွက် ဆောင်ရွက်အောင်မြင်မှု ရစေသည် ။ ရပ်ဝေးခရီးသွား စွန့်စားအလုပ်လုပ်ကိုင် လိုသူများ လိုရာခရီးရောက်၍ အကြံအစည်များ အထမြောက် အောင်မြင်စေသော နည်းဖြစ်သည် ။

လုပ်ပုံလုပ်နည်း အပြည့်အစုံမှာ ပိတ်အဖြူစ တစ်စကို သုံးဒေါင့်တြိဂံပုံ အလံတစ်ခု ချုပ်လိုက်ပါ ။

ပြီးလျှင် ထို ကြက်လျာအလံပေါ်တွင် မိမိတို့နေ့သားအလိုက် ဂဏန်းတွေကို ရေးသွင်းရပါမည် ။

ရေးသည့်အခါမှာ တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ ၊ ရာဟုသားသမီးများက မှင်အနက်နဲ့ ရေးရပါတယ် ။

တနင်္လာ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာနေ့သားသမီးများက မှင်အနီနဲ့ ရေးရပါသည် ။

ပြီးလျှင် ထိုအလံလေးကို အောင်သပြေ(၃) ညွန့်နှင့်တွဲကာ ရွှေရောင်သုပ်ထားသော မြေအိုးတွင် ထိုးစိုက်၍ ဘုရားလှူဒါန်းခြင်း ၊ အမြင့်တစ်နေရာမှာ တင်ထားခြင်းဖြင့် ဆောင်ရွက်ထားနိုင်လေ၏ ။

အားလုံး ဘ၀တိုက်ပွဲမှာ တိုက်ပွဲတိုင်း တိုက်ပွဲတိုင်း အနိုင်ရပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါသည် ။

ပုံကို ကြည့်ပါ ။ နေ့သားအားလုံးအတွက် ဖော်ပြပေးလိုက်ပါသည် ။ သူ့နေ့သားနှင့်သူ အားလုံးရွေးချယ်၍ ဆောင်ရွက်နိုင်ပါသည် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။