နေ့နံအလိုက် ဘယ်လိုကျောက်တွေကို ဆောင်သင့်သလဲ?

Astrology
နေ့နံအလိုက် ဘယ်လိုကျောက်တွေကို ဆောင်သင့်သလဲ?

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေ့နံအလိုက် ဘယ်လိုကျောက်တွေကို ဆောင်သင့်သလဲ? ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေ့နံအလိုက် ဘယ်လိုကျောက်တွေကို ဆောင်သင့်သလဲ?

ငွေပို ငွေလျှံကလေးလည်း ရှိမည်။
ကျောက်ပစ္စည်းတွေကိုလည်း စိတ်ဝင်စား၍ ကျောက်ဆောင်လိုပါသည် ဆိုလျှင််ဖြင့်

ကျောက်မျက်ရတနာများ ဆောင်ခြင်းကြောင့် ဖြစ်ပေါ်စေနိုင်သော အစွမ်းသတ္တိများ

ပတ္တမြား = ဘုန်းကြီးခြင်း။
မြ = အေးချမ်းမှု ရှိခြင်း။
စိန် = ဂုဏ်ပညာ ကြီးမားခြင်း။
နီလာ = မေတ္တာစွမ်းအား စူးရှခြင်း။
ဂေါ်မိတ် = ခွန်အား ကြီးမားခြင်း။
ဥဿဖရား = ကျန်းမာခြင်း။
သန္တာ = အမြင့်သို့ တက်လှမ်းခြင်း။
ကြောင် = ချစ်ခင်သူ များခြင်း။
ပုလဲ =ကျက်သရေ ရှိခြင်း။

ကျောက်မျက်ရတနာ အမျိုးမျိုးတို့၏ အာနိသင်များ

ပတ္တမြား = ဘေးရန်အမျိုးမျိုးကာကွယ်နိုင်သည်။ စီပွားဥစ္စာတိုးတက်ဖွိ့ဖြိုးစေသည်။ ဂုဏ်ကျက်သရေတိုးစေသည်။ ဘုန်းတန်ခိုး အာဏာတက်စေ၏။

မြ = ရောဂါဝေဒနာများ ပျောက်ကင်းစေနိုင်သည်။ ဘေးဘယာများဝေးကွာစေသည်။ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာစေသည်။

စိန် = ဂုဏ်ဒြပ်ကြီးမြင့် တင့်တယ်စေသည်။ လာဘ်လာဘ ရွင်လန်းစေသည်။ ပျော်ရွှင်ချမ်းမြေ့မှု ပေး၏။

ကျောက်စိမ်း = မင်္ဂလာရှိပြီး ကြောက်ရွံ့ထိန့်လန့်ခြင်းကို ကာကွယ်ပေး၏။

ပယင်း = မူးဝေသော် ရှူရှိုက်ပါက ပျောက်ကင်းစေ၏။ အိပ်ပျော်စေ၏။

မဟူရာ = အဆိပ်ကိုနိုင်၏။ မဟူရာဝတ်ဆင်ထားပါက အဆိပ်ရှိသော သတ္တဝါများကိုက်သော်လည်း အဆိပ်မသင့်နိုင်ပါ။

သလင်း = မျက်စိရောဂါကို ကုစားနိုင်၏။

သန္တာ = ပယောဂကို နိုင်၏။ စုန်း၊ ကဝေများ မပြုစားနိုင်။ ပယောဂကုရာ၌ ဥာဏ်ရှိသလို သုံးနိုင်၏။

ကြောင် = လောကီ သီဒ္ဓီပြီး၏။ ဗေဒင်ဆရာ ပယောဂကုဆရာတို့အတွက် ကြောင်လက်စွပ်သည် အကောင်းဆုံးအဆောင်ဖြစ်သည်။

နီလာ = လူချစ်လူခင် ပေါစေသော ပီယသီဒ္ဓီအဆောင်ဖြစ်သည်။

ဂေါ်မိတ် = ကာယသိဒ္ဓီပြီး၏။ ခွန်အားဖြစ်စေသည်။

ဥဿဖရား = အနာရောဂါ ဝေဒနာကင်းစေနိုင်သည်။ ကျန်းမာရေးအတွက် အဆောင်ကောင်းဖြစ်၏။

ပုလဲ = မင်္ဂလာရှိစေ၏။ သွေးလေခြောက်ခြားခြင်း စိတ်နှလုံး ပျက်ပြားမှုကို ကုစားနိုင်သည်။

ရေးသားသူ – ဆရာမယွန်းဝတ်ရည်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။