ကောဇာနှစ်သစ် မြန်မာခုနှစ် ၁၃၈၅ ခုနှစ် အတွင်း ဒုဌာန ဆုံချက် နေ့နံ (၃)ခု သတိပြု

Astrology
ကောဇာနှစ်သစ် မြန်မာခုနှစ် ၁၃၈၅ ခုနှစ် အတွင်း ဒုဌာန ဆုံချက် နေ့နံ (၃)ခု သတိပြု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကောဇာနှစ်သစ် မြန်မာခုနှစ် ၁၃၈၅ ခုနှစ် အတွင်း ဒုဌာန ဆုံချက် နေ့နံ (၃)ခု သတိပြု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကောဇာနှစ်သစ် မြန်မာခုနှစ် ၁၃၈၅ ခုနှစ် အတွင်း ဒုဌာန ဆုံချက် နေ့နံ (၃)ခု သတိပြု

“သောကြာ + တနင်္လာ + အင်္ဂါ”

၄င်းနေ့နံ သုံးမျိုးသည် နှစ်သစ်ကာလ ၁၃၈၅ခုနှစ်အတွင်း မတွဲအပ် မတွဲသင့်သော နေ့နံများ ဖြစ်ကြသည် ။

မတွဲသင့် မတွဲအပ်ရာ ဟူရာတွင်

ဥပမာအားဖြင့် ထိုနေ့နံသုံးမျိုးအတူတူ ခရီးတစ်ခုထွက်ခြင်းမျိုး
ထိုနေ့နံသုံးမျိုး အတူတူ စပ်တူ အစုစပ် လုပ်ငန်းလုပ်ကိုင်ခြင်းမျိုး
ထိုနေ့နံသုံးမျိုး အတူတူ…အခန်းစပ်တူ ငှားနေခြင်းမျိုး .စသည်ဖြင့်
ပုံမှန်မဟုတ်သော ထူးခြားသော ဝိဂတိ ဖြစ်သည့် အချင်းအရာတို့ကိုသာ ဆိုလိုပါသည် ။

ပုံမှန် ဖြစ်သော ပဂတိ ဖြစ်သည့် မူလကတည်းက ထိုနေ့နံ သုံးမျိုးစလုံး ရှိနေသော မိသားစုများ ၊ ထိုနေ့နံသုံးမျိုးစလုံး လုပ်ငန်းလုပ်ကိုင်နေသော အလုပ်အကိုင်များတွင်မူ သက်ရောက်မှု အနဲငယ်မျှသာ ရှိနိုင်သဖြင့် စိုးရိမ်ရန် မလိုအပ်ဟု ဆိုလိုသည် ။

ဒုဌာန ဟုဆိုသော မကောင်းသောဌာနများတွင် ရောက်ရှိလာသော အဆိုပါ မကောင်းသော အာနိသင် ရရှိလာသော ဂြိုဟ်များသည် တစ်ခုတည်း သို့မဟုတ် နှစ်ခု ဆုံမိသည်အထိ ပြဿနာမကြီးတတ်သော်လည်း သုံးခုစလုံး ဆုံချက် မိလာပါမူ ဆိုးကျိုးကြီးကြီးမားမား ဖြစ်ပွားလာတတ်သဖြင့် အထက်ပါ နေ့နံသုံးခု တွဲစပ်မိနေသည့်အနေအထားများကိုမူ နားလည်ယုံကြည်သူများအနေဖြင့် ရှောင်ရှားသင့်သည်ဖြစ်သဖြင့် ယခုလည်း ရေးသားတင်ပြပေးခဲ့ပါသည်ခင်ဗျား ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။