thay နေ့ကိုရွှေ့ပစ်နိုင်သောယတြာများ

Astrology Religion
thay နေ့ကိုရွှေ့ပစ်နိုင်သောယတြာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ thay နေ့ကိုရွှေ့ပစ်နိုင်သောယတြာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

thay နေ့ကိုရွှေ့ပစ်နိုင်သောယတြာများ

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကဗေဒင်ပညာရပ်၌ကျွမ်းကျင်သောပုဏ္ဏားမိသားစု ရှိရာတွင်ပုဏ္ဏားကြီးသည် မိမိကိုယ်ကိုဗေဒင်တွက်ကြည့်ရာအသက်(၆၀)ပြည့်သည့်နေ့တွင်thayရမည်ကိုသိလေ၏ ။

ထိုအခါမြတ်စွာဘုရားကိုမကိုးကွယ်သော်လည်း thayရမည်ကိုကြောက်လန့်၍ဘုရားထံ သွားလေ၏ ။

ဘုရားရှင်ထံရောက်သော်မြတ်စွာဘုရားက” မှန်၏။အသက်(၆၀)နေမွန်းတည့်ချိန်တွင်thayမည်။thayလျှင် မြောက်ဘက်တောတန်းတွင် မျောက်ဖြစ်လိမ့်မည်”ဟုဟောကြားလိုက်လေသည် ။

ပုဏ္ဏားလည်းအိမ်ပြန်ပြီးမျောက်ဘဝ၌စားရန် တောတန်းတွင်…
ဥယျာဉ်စိုက်၏။
နေရန်ဇရပ်ဆောက်၏။ရေတွင်းတူး၏။
လမ်းဖောက်၏။
တံတားဆောက်၏။စသည်တို့ကို လုပ်သော်ထိုအတွက်ကြောင့်လူအများသွားလာရပ်နားမှုအဆင်ပြေနေတော့သည်။

အသက်(၆၀) ပြည့်၍မသေသောအခါ ဘုရားရှင်ထံသွားရောက်အပြစ်တင်လေ၏။
မြတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ဘဲအများအတွက်ပြုလုပ်ပေးသောအောက်ပါ ကုသိုလ်များသည်သေနေ့ကိုပင်ရွှေ့ပစ်နိုင်သည်ဟု ဟောပြလေရာပုဏ္ဏားမိသားစုဗုဒ္ဓဘာသာသို့ ကူးပြောင်း၍သောတာပန်တည်လေ၏။

(၁) အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း။

(၂) အများစားသုံးရန် အရန်စိုက်ခြင်း။

(၃) အများနေရန် ဇရပ်ဆောက်ပေးခြင်း။

(၄) အများသွားလာနိုင်ရန် လမ်းဖောက်ပေးခြင်း။

(၅) အများသွားလာနိုင်ရန် တံတားဆောက်ပေးခြင်း။

(၆)အများသောက်သုံးနိုင်ရန်ရေတွင်းရေကန်တူးပေးခြင်း။

{မှတ်ချက်။ ။”အရန်” စိုက်သည်ဆိုသည်မှာ မိမိနေအိမ်၊နေရာ ၊ ပတ်ဝန်းကျင်တွင်အများအတွက် သစ်ပင်စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။}

thayနေ့ကိုရွှေ့နိုင်သောကုသိုလ်ထူးများရရှိနိုင်ကြပါစေ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။