ဘယ်လိုကျောက်တွေကို_ဆောင်ချင်သလဲ?

Astrology
ဘယ်လိုကျောက်တွေကို_ဆောင်ချင်သလဲ?

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘယ်လိုကျောက်တွေကို_ဆောင်ချင်သလဲ?ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘယ်လိုကျောက်တွေကို_ဆောင်ချင်သလဲ?

ငွေပို ငွေလျှံကလေးလည်း ရှိမည်။
ကျောက်ပစ္စည်းတွေကိုလည်း စိတ်ဝင်စား၍ ကျောက်ဆောင်လိုပါသည် ဆိုလျှင််ဖြင့်

ကျောက်မျက်ရတနာများ ဆောင်ခြင်းကြောင့် ရရှိစေနိုင်သော အစွမ်းသတ္တိများ

ပတ္တမြား = ဘုန်းကြီးခြင်း။
မြ = အေးချမ်းမှု ရှိခြင်း။
စိန် = ဂုဏ်ပညာ ကြီးမားခြင်း။
နီလာ = မေတ္တာစွမ်းအား စူးရှခြင်း။
ဂေါ်မိတ် = ခွန်အား ကြီးမားခြင်း။
ဥဿဖရား = ကျန်းမာခြင်း။
သန္တာ = အမြင့်သို့ တက်လှမ်းခြင်း။
ကြောင် = ချစ်ခင်သူ များခြင်း။
ပုလဲ =ကျက်သရေ ရှိခြင်း။

ကျောက်မျက်ရတနာ အမျိုးမျိုးတို့၏ အာနိသင်များ –

ပတ္တမြား = ဘေးရန်အမျိုးမျိုးကာကွယ်နိုင်သည်။ စီပွားဥစ္စာတိုးတက်ဖွိ့ဖြိုးစေသည်။ ဂုဏ်ကျက်သရေတိုးစေသည်။ ဘုန်းတန်ခိုး အာဏာတက်စေ၏။

မြ = ရောဂါဝေဒနာများ ပျောက်ကင်းစေနိုင်သည်။ ဘေးဘယာများဝေးကွာစေသည်။ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာစေသည်။

စိန် = ဂုဏ်ဒြပ်ကြီးမြင့် တင့်တယ်စေသည်။ လာဘ်လာဘ ရွင်လန်းစေသည်။ ပျော်ရွှင်ချမ်းမြေ့မှု ပေး၏။

ကျောက်စိမ်း = မင်္ဂလာရှိပြီး ကြောက်ရွံ့ထိန့်လန့်ခြင်းကို ကာကွယ်ပေး၏။

ပယင်း = မူးဝေသော် ရှူရှိုက်ပါက ပျောက်ကင်းစေ၏။ အိပ်ပျော်စေ၏။

မဟူရာ = အဆိပ်ကိုနိုင်၏။ မဟူရာဝတ်ဆင်ထားပါက အဆိပ်ရှိသော သတ္တဝါများကိုက်သော်လည်း အဆိပ်မသင့်နိုင်ပါ။

သလင်း = မျက်စိရောဂါကို ကုစားနိုင်၏။

သန္တာ = ပယောဂကို နိုင်၏။ စုန်း၊ ကဝေများ မပြုစားနိုင်။ ပယောဂကုရာ၌ ဥာဏ်ရှိသလို သုံးနိုင်၏။

ကြောင် = လောကီ သီဒ္ဓီပြီး၏။ ဗေဒင်ဆရာ ပယောဂကုဆရာတို့အတွက် ကြောင်လက်စွပ်သည် အကောင်းဆုံးအဆောင်ဖြစ်သည်။
နီလာ = လူချစ်လူခင် ပေါစေသော ပီယသီဒ္ဓီအဆောင်ဖြစ်သည်။

ဂေါ်မိတ် = ကာယသိဒ္ဓီပြီး၏။ ခွန်အားဖြစ်စေသည်။

ဥဿဖရား = အနာရောဂါ ဝေဒနာကင်းစေနိုင်သည်။ ကျန်းမာရေးအတွက် အဆောင်ကောင်းဖြစ်၏။

ပုလဲ = မင်္ဂလာရှိစေ၏။ သွေးလေခြောက်ခြားခြင်း စိတ်နှလုံး ပျက်ပြားမှုကို ကုစားနိုင်သည်။

ရေးသားသူ –Htet Myat Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။