(၁၁)မီးငြိမ်းယတြာ

Astrology
(၁၁)မီးငြိမ်းယတြာ

တခါတလေ မိမိမှာ ဖြစ်ချင်နေတဲ့အကြောင်းအရာကိစ်စတွေက အများကြီးပဲဖြစ်နေတယ်… အဲဒိဖြစ်ပေါ်နေတဲ့ ယတြာတွေအလိုက် ယတြာတွေ တခုချင်းလိုက် ချေနေရင် မိမိအတွက် ချေရမည့် ယတြာတွေ တအားများနေပါလိမ့်မည် …ထိုသို့သော အရေးများ ကြုံနေပြီဆိုလျင် အခက်အခဲများအားလုံးကို တခုတည်းချေယုံဖြင့် အဆင်ပြေထိရောက်မြန်ဆန်သော ယတြာကို ပြပါဆိုလျှင် ၁၁မီးငြိမ်း ယတြာက ကောင်းမွန်နေတယ်လို့ ညွှန်းဆိုပြချင်ပါတယ် ….မိမိရဲ့ ထစ်ငေါ့နေသော အခက်အခဲမျိုးစုံကို အမြန်ဆုံး ပြေလည်စေသော ထူးခြားသည့် ယတြာလို့လည်း ဖွင့်ဆိုနိုင်ပါသည် …

ပြုလုပ်နည်းမှာ …….မိမိမွေးနေ့ နံနက် ၉နာရီတွင် ပြုလုပ်ဆောင်ရွက်ပါ ။လင်ဗန်းတစ်ချပ်ထဲတွင် ဖယောင်းတိုင် (၁၁) တိုင်ကို သေချာ မြဲမြံအောင်စိုက်ပါ။

ထို့နောက်ဖယောင်းတိုင်စိုက်ထားသော လင်ဗန်းထဲသို့ ရေကို ဖြည့်ပါ။ ပြီးနောက် ဖယောင်းတိုင်များကို မီးညှိပြီး အိမ်ဘုရားကို ပူဇော်ပါ။ ဖယောင်းတိုင်များ နောက်ဆုံးကုန်ဆုံးပြီး ရေတွင် ထိကာ မီးငြိမ်းသွားပါလိမ့်မည် …ထို့အတူမိမိအပူသောကများသည်လည်း ငြိမ်းအေးသွားချင်း အကျိုးရလာဒ်ကို ချက်ချင်းရရှိလာပါလိမ့်မည် ။

မနက်ခင်းမအားသောသူများသည် ညပိုင်းတွင် ပြုလုပ်ဆောင်ရွက်နိုင်ပါသည် ။ (၁၁)ကြိမ်တိတိပြုလုပ်ဆောင်ရွက်ပါက အကျိုးထူးကို ရရှိလာပါလိမ့်မည် ။
ဖတ်ရှု့လေ့လာကြသူများ အားလုံးကိုလည်း… အစဉ်အမြဲ…ကျေးဇူးအထူးတင်ရှိပါသည်…

ရေးသားသူ –ဆရာမဇာဇာ (ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။