ဆီအုန်းခြံအလုပ်သမတစ်ဦး ဘတ် ၆ သန်း ကံထူး

International News
ဆီအုန်းခြံအလုပ်သမတစ်ဦး ဘတ် ၆ သန်း ကံထူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီအုန်းခြံအလုပ်သမတစ်ဦး ဘတ် ၆ သန်း ကံထူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆီအုန်းခြံအလုပ်သမတစ်ဦး ဘတ် ၆ သန်း ကံထူး

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့တွင် အသက် ၅၁ နှစ်အရွယ် ဆီအုန်းခြံ ထိုင်းအလုပ်သမတစ်ဦး ဘတ် ၆ သန်းကံထူးခဲ့သည်ဟု မတစ်ချွန်သတင်းဌာန က ဖော်ပြထားသည်။
.
ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်တွင် ဆီအုန်းခြံအလုပ်ကို နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်ခဲ့ပြီး သင်္ကြန် ပိတ်ရက်ရှည်တွင် ဇာတိဖြစ်သော စီးစကက်ခရိုင်၊ ကန်ထလတ်မြို့နယ်၊ ခနွန်းကျေးရွာအုပ်စုသို့ အလည် ပြန်စဉ် ထီကံစမ်းဖြစ်ရာက မထင်မှတ်ဘဲ ဘတ် ၆ သန်း ကံထူးခဲ့သည်ဟု ဖော်ပြထားသည်။
.
ပိတ်ရက်တွင် သူမ၏နေအိမ်သို့အလှူခံတစ်စု ရောက်ရှိလာခဲ့ပြီး ဘတ် ၂၀ လှူဒါန်းဖြစ်ခဲ့ကာ အလှူခံ အဖွဲ့ထဲမှအဖွားတစ်ဦးက “၆၀” နှင့် “၀၆” ဂဏန်းကို ကံစမ်းရန် တိုက်တွန်းခြင်းကြောင့် သူမရေးမှတ် ထားပြီး နောက်နေ့တွင် ဈေးသွားမည့်ဆွေမျိုးတစ်ဦးကို ဘတ် ၃၀၀ ထည့်ပေးလိုက်ကာ ထီလက်မှတ် ၃ စောင် ဝယ်ယူပေးရန် မှာလိုက်သည်။
.
ဝယ်ယူရရှိလာသည့်ထီလက်မှတ်များအနက် “၀၆” နောက်ပိတ်ထီလက်မှတ်တစ်စောင်ပါရှိပြီး တခြား ဂဏန်း ၂ စောင်ပါရှိသည်။
.
ထို့နောက် ဧပြီလ ၁၆ ရက်နေ့တွင် ထီဆုကြေညာသည့်အခါ ဘတ် ၆ သန်းကံထူးခဲ့ပြီး အတိုင်း မသိဝမ်းသာမိသည်ဟု မီဒီယာများကို ပြောကြားသည်။
.
ထီကံထူးသည့်ငွေများကို နေအိမ်ဆောက်လုပ်မည်ဟု သိရပြီး ကွယ်လွန်သွားသော မိဘနှစ်ပါးအတွက် ကောင်းမှုကုသိုလ်ပြုပေးမည်ဟု ဆိုသည်။
.
မည်သို့ဆိုစေ နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ခဲ့သော ဆီအုန်းခြံအလုပ်သမအလုပ်ကိုသာ ဆက်လက် လုပ်ကိုင်မည်ဟု သိရှိရသည်။

ရေးသားသူ – Mingalapar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။