သင် မသိသေးတဲ့ အိမ်တွင်းပစ္စည်းတချို့ရဲ့ အချိန်ကုန်ငွေကုန် သက်သာစေတဲ့ အသုံးဝင်ပုံများ

Knowledge
သင် မသိသေးတဲ့ အိမ်တွင်းပစ္စည်းတချို့ရဲ့ အချိန်ကုန်ငွေကုန် သက်သာစေတဲ့ အသုံးဝင်ပုံများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့သင် မသိသေးတဲ့ အိမ်တွင်းပစ္စည်းတချို့ရဲ့ အချိန်ကုန်ငွေကုန် သက်သာစေတဲ့ အသုံးဝင်ပုံများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင် မသိသေးတဲ့ အိမ်တွင်းပစ္စည်းတချို့ရဲ့ အချိန်ကုန်ငွေကုန် သက်သာစေတဲ့ အသုံးဝင်ပုံများ

သင့်အိမ်မှာ တွေ့မြင်ရတဲ့ အရာတော်တော်များများက သင် တွေးထင်မထားဘဲ အခြားနေရာတွေမှာ အသုံးပြုလို့ရကောင်းရနိုင်ပါတယ်။ အိမ်တွင်းပစ္စည်းတွေရဲ့ အသုံးဝင်မှုကို သင့်သိသွားမယ်ဆိုရင် အချိန်ကုန်ငွေကုန် သက်သာသွားနိုင်ပါတယ်နော်။

တချို့အိမ်တွင်းပစ္စည်းက အံ့သြစရာကောင်းလောက်အောင် အသုံးဝင်တဲ့နေရာတွေရှိပါတယ်။ ကဲ…အချိန်ကုန်ငွေကုန်သက်သာလောက်အောင် ဘယ်လိုအိမ်တွင်းပစ္စည်းတွေက ဘယ်လိုနေရာတွေမှာ အသုံးဝင်လည်းဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်…။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက သင့်အိမ်မှာ အမျိုးမျိုးအသုံးဝင်ပါတယ်။ အဲဒါက အနံ့အသက်ပျောက်ဆေး၊ ရှန်ပူ၊ သွားတိုက်ဆေးတွေအဖြစ် လုပ်ဆောင်ပါတယ်။ ဒါ့အပြင် အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေ၊ ပိုးမွှားကိုက်ခံရတာကစပြီး ရင်ပူရင်ဆာဖြစ်တာအထိ ကုသပေးနိုင်စွမ်းလည်းရှိပါတယ်။ ဒါက သင့်အိမ်တွင်းသန့်ရှင်းရေးလုပ်တဲ့အခါ ဆီကွက်၊ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက ဟင်းလျာမျိုးစုံမှာလည်း အသုံးပြုလို့ရပါတယ်။

လက်သည်းနီ

လက်သည်းနီက သင့်အိမ်မှာ နည်းလမ်းမျိုးစုံနဲ့ ကူညီပေးနိုင်ပါတယ်။ ဒါက စာအိတ်ပိတ်တဲ့အခါ ကော်မရှိရင် လက်သည်းနီကို အသုံးပြုလို့ရပါတယ်။ အပ်ပေါက်ထိုးတဲ့အခါမှာလည်း အလွယ်တကူ အဆင်ပြေသွားအောင် ကူညီပေးပါတယ်။ အရောင်ပါတဲ့လက်သည်းနီက သော့တွေကို အမှတ်အသားလုပ်တဲ့နေရာမှာ အသုံးဝင်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီကို ဟင်းလျာတွေမှာ အသုံးပြုတဲ့အခါ အရသာထူးကဲစေပြီး အခြားနေရာတွေမှာလည်း အသုံးပြုလို့ရပါတယ်။ အသားရေ ခြောက်သွေ့တဲ့သူတွေက သံလွင်ဆီကု Moisturizerအဖြစ် အသုံးပြုလို့ရပါတယ်။ ပရိဘောဂတွေကို တောက်ပသွားစေဖို့အတွက်လည်း သံလွင်ဆီကို အသုံးပြုနိုင်ပါတယ်။

သတ္တုဇွန်းများ

သတ္တုဇွန်းတွေက အလှအပရေးရာအတွက် အသုံးပြုလို့ရပါတယ်။ မနက်ခင်းမှာ သင့်မျက်လုံးပေါ် တင်ထားလိုက်ရင် မျက်လုံးမို့တာ သက်သာသွားစေနိုင်ပါတယ်။ ချောကလက်ပုံဖော်တဲ့ ဇွန်းအဖြစ်လည်း အသုံးပြုလို့ရပါတယ်။ ပျော်နေတဲ့ချောကလက်ကို ဇွန်းနဲ့နှိုက်ယူပြီး တစ်ညလုံးအေးခဲထားလိုက်မယ်ဆိုရင် သတ္တုဇွန်းလေးနဲ့အတူ ခဲနေတဲ့ချောကလက်ကို ရရှိမှာဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။