ပွဲတစ်ပွဲမှာ သူ့အတွက် လုံခြုံရေးအစောင့်အကြပ်လုပ်ပေးတာကို လက်မခံခဲ့တဲ့ တရုတ်မင်းသားဝူဂျင်း

Celebrity International News
ပွဲတစ်ပွဲမှာ သူ့အတွက် လုံခြုံရေးအစောင့်အကြပ်လုပ်ပေးတာကို လက်မခံခဲ့တဲ့ တရုတ်မင်းသားဝူဂျင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပွဲတစ်ပွဲမှာ သူ့အတွက် လုံခြုံရေးအစောင့်အကြပ်လုပ်ပေးတာကို လက်မခံခဲ့တဲ့ တရုတ်မင်းသားဝူဂျင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပွဲတစ်ပွဲမှာ သူ့အတွက် လုံခြုံရေးအစောင့်အကြပ်လုပ်ပေးတာကို လက်မခံခဲ့တဲ့ တရုတ်မင်းသားဝူဂျင်း

ပြီးခဲ့တဲ့အပတ်က တရုတ်အနုပညာရှင်တွေဟာ ရွှေကြက်ဖဆုပေးပွဲနဲ့ ပန်းတစ်ရာရုပ်ရှင်ပွဲတော်အတွက် စုဝေးခဲ့ကြပါတယ်။ ၄ ရက်တာကျင်းပမယ့် ပွဲတော်မှာ ပွဲလမ်းသဘင်များစွာပါဝင်ပြီး ပွဲစီစဉ်သူတွေက အနုပညာရှင်တွေကို မတူတဲ့နေရာတွေကို ပို့ဆောင်ဖို့ လုံခြုံရေးဝန်ထမ်းတွေကို စီစဉ်ပေးထားခဲ့ပါတယ်။ အဲဒီအနုပညာရှင်တွေထဲမှာ အသက် ၄၉ နှစ်အရွယ် မင်းသား ဝူဂျင်းပါဝင်ပါတယ်။

Wolf Warrior 2 ဇာတ်ကားကို ရိုက်ကူးသရုပ်ဆောင်ခဲ့တဲ့အတွက် လူသိများတဲ့ ဝူဂျင်းကို ပွဲကနေထွက်ခွာတဲ့အချိန် လုံခြုံရေးဝန်ထမ်း ၆-၈ ယောက်အဖွဲ့က လိုက်ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို လုံခြုံရေးအဖွဲ့က ဝန်းရံထားတာကို သတိပြုမိတဲ့အချိန် ချက်ချင်းပဲ သူ့ကို မစောင့်ကြပ်ဖို့၊ လူစုခွဲဖို့ လက်နဲ့ ဝှေ့ယမ်းပြခဲ့ပါတယ်။

ဝူဂျင်း”ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ။ မင်းတို့တွေက ငါ့ကို ရှက်အောင်လုပ်နေသလိုပဲ။ ဒါကို အွန်လိုင်းပေါ်တင်လိုက်ရင် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်လို ပြုမူနေတယ်လို့ပြောကြလိမ့်မယ်”တဲ့။ လုံခြုံရေးဝန်ထမ်းတွေက ဝူဂျင်းလက်မခံတဲ့အတွက် နောက်ကို နည်းနည်းဆုတ်သွားကြပါတယ်။ ဝူဂျင်းရဲ့လုပ်ရပ်ကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ကို ချီးမွှမ်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက ပွဲတစ်ပွဲမှာ မင်းသားဒွန်နီယန်းဟာ လုံခြုံရေးအရမ်းတင်းကြပ်စွာခံယူခဲ့လို့ ဝေဖန်ပြောဆိုခံခဲ့ရပါသေးတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။