လာဘ်ဦးအလှူဖြင့်လာဘ်မိုးစွေစေသော်….

Astrology
လာဘ်ဦးအလှူဖြင့်လာဘ်မိုးစွေစေသော်….

လာဘ်ပိတ်နေသူများ ၊ စီးပွားရေး ကြပ်တည်းနေသူများ ၊ အရောင်းအဝယ် မကောင်းသူများ ၊ စီးပွားကျနေသူများ ၊ စီးပွားတန့်နေသူများအတွက်ယတြာဖြစ်ပါသည် ။
လာဘ်ဦးအလှူဟူသည် မိမိနေ့စဉ် ဝင်ငွေထဲမှ နေ၍တတ်နိုင်သလောက် ဦးဦးဖျားဖျား ဖယ်ထားပြီးဘုရားရှင်ကိုယ်တော်မြတ်ကြီးအား နေ့စဉ် ကပ်လှူ ပေးခြင်းဖြစ်ပါသည် ။

အရောင်းအဝယ် ထိုင်းနေသောစျေးသည်များ ကုန်သည်များ အနေဖြင့် မိမိစျေးရောင်းရငွေကို သီးသန့်ဖယ်ထားပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား နေ့စဉ်လှူဒါန်းခြင်း ဖြစ်ပါသည် ။

လှူဒန်းပုံ။ ။ မိမိတို့၏ ဘုရားကျောင်းဆောင်အတွင်းဘုရားရှင်ကိုယ်တော်မြတ်ကြီးထံအားသပိတ်ဖြစ်စေ ၊ လွယ်အိတ်ဖြစ်စေ ဦးစွာလှူဒါန်းပါ ။ မိမိနေ့စဉ် စျေးရောင်းရငွေထဲ လာဘ်ဦးလာဘ်ဖျားငွေကို သပိတ်/လွယ်အိတ်ထဲသို့ နေ့စဉ်ထည့်ပါ ။ ဝတ္တုငွေထည့်တိုင်း “#ဒိဝါတပတိ”ဂါထာဖြစ်စေ ၊ #ရသေ့ကြီးဦးခန္တီ၏”ရွှေဖြစ်ငွေဖြစ်ဂါထာ”ဖြစ်စေ၊ “နမောတဿ”ဘုရားရှိခိုးဖြစ်စေ ကိုးခေါက်ရွတ်ဆိုပေးပါ ။

ထိုဝတ္တုငွေများထဲမှဘုရားပန်း ၊ ဆီမီး ၊ နံ့သာတိုင် ၊ သာသနာရေးနှင့် ပတ်သက်သော အလှူများအား ပြန်၍ လှူဒါန်းပေးပါ ။

မှတ်ချက်။ ။ လခစားများလည်း နေ့စဉ်မိမိ ပိုက်ဆံထဲမှ နိုင်သလောက်ထည့်၍ လှူဒါန်းကြည့်ပါလေ ။ ထူးထူးခြားခြား လာဘ်မိုး စွေလာပါလိမ့်မည် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။