ပလတ်စတစ်ပူဖောင်းအတွင်း ထာဝရနေထိုင်သွားခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်း

International News
ပလတ်စတစ်ပူဖောင်းအတွင်း ထာဝရနေထိုင်သွားခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပလတ်စတစ်ပူဖောင်းအတွင်း ထာဝရနေထိုင်သွားခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပလတ်စတစ်ပူဖောင်းအတွင်း ထာဝရနေထိုင်သွားခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်း

ဒေးဗစ် ဖိလစ် ဗစ်တာ ဆိုတဲ့ကောင်လေးက သူ့မိခင်ရဲ့ဝမ်းထဲကနေ ထွက်လာတာနဲ့ ပိုးthetထားတဲ့ ပလတ်စတစ်ပူဖောင်းအတွင်း နေခဲ့ရတာပါ။ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်မရှိတဲ့ SCID လို့ခေါ်တဲ့ ရှားပါးရောဂါအခြေအနေကို ခံစားခဲ့ရတာပါ။ သူ မွေးဖွားခဲ့တာ နှစ် ၅၀ ကျော်ကြာပြီး thayဆုံးခဲ့တာ ၃၉ နှစ်ကြာတာတောင် သူ့အကြောင်းက အခုအချိန်အထိ အမှတ်ရနေကြတုန်းပါပဲ။ သူ thayဆုံးသွားခဲ့ပေမဲ့ လူသန်းပေါင်းများစွာရဲ့ဘဝတွေကို ပြောင်းလဲစေခဲ့တဲ့သူပါ။

ဒေးဗစ်က တက္ကဆပ်ပြည်နယ်မှာ၊ ၁၉၇၁ ခုနှစ် စက်တင်ဘာလက မွေးဖွားလာခဲ့တာပါ။ မွေးချင်း (၃) ဦးထဲမှာ အငယ်ဆုံးပါ။ သူ့အထက်မှာ အစ်မတစ်ယောက်၊ အစ်ကိုတစ်ယောက်ရှိခဲ့တာပါ။ အစ်ကိုဖြစ်သူကလည်း သူ့လိုရောဂါနဲ့ပဲ နို့စို့အရွယ်ကတည်းက thayဆုံးသွားခဲ့တာပါ။ မိခင်ဖြစ်သူက ဒေးဗစ်ကို ကိုယ်ဝန်ဆောင်ခဲ့စဉ်က SCID ရောဂါနဲ့ မွေးဖွားလာနိုင်ချေ ၅၀ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဆရာဝန်တွေက ပြောထားခဲ့ပြီးသားပါ။

အထူးကုဆရာဝန်တွေက သူတို့ SCID ကုသနည်းကို ရှာဖွေနေစဉ် ပိုးthetထားတဲ့ ပလတ်စတစ်ပူဖောင်းအတွင်း ဒေးဗစ်ကို ထားမှာက အချိန်တိုအတွင်းသာဖြစ်မယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ဒေးဗစ်ဟာ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့ သူ့ဘဝတစ်ခုတစ်လျှောက်လုံး ပူဖောင်းထဲမှာပဲ နေခဲ့ရပါတယ်။


အသက် ၅ နှစ်အထိ တက္ကဆပ်ပြည်နယ်ဆေးရုံမှာ နေခဲ့ရတာပါ။ အစားအစာ၊ ရေ၊ ဒိုက်ဘာ၊ အဝတ်အထည်၊ စာအုပ်အပါအဝင် သူ လက်ခံရရှိခဲ့တဲ့ အရာတိုင်းကို ပိုးthetရပြီး လေလုံခန်းထဲ ထည့်ထားခဲ့ရတယ်။ နောက်ပိုင်းကျမှ နာဆာအင်ဂျင်နီယာတွေက ဒေးဗစ်အတွက် အာကာသယာဉ်မှူးဝတ်စုံနဲ့ တူတဲ့ ဝတ်စုံမျိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါမှ ဒေးဗစ်ဟာ လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာလို့ရမှာဖြစ်လို့ပါ။ အဲ့ဒီအချိန်တုန်းက ဒေါ်လာ ၅၀၀၀၀ တန်ဖိုးရှိတဲ့ အာကာသဝတ်စုံကြောင့် ဒေးဗစ်ရဲ့အမေက သူ့ရဲ့သားကို ၁၉၇၇ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ပွေ့ဖက်ခွင့်ရခဲ့ပါတယ်။

၁၉၈၃ ခုနှစ်မှာ ဆရာဝန်တွေက ပြီးပြည့်စုံအောင်ကိုက်ညီမှုရှိတဲ့ အလှူရှင်တွေဆီကနေ ရိုးတွင်းခြင်ဆီအစားထိုးတဲ့နည်းအသစ်ကို မျှဝေနိုင်ခဲ့ပါတယ်။ ဒေးဗစ်ရဲ့အစ်မ ကက်သရင်းကလည်း သူ့မောင်လေးရဲ့ရောဂါကို ကုသပေးဖို့အတွက် ရိုးတွင်းခြင်ဆီလှူဒါန်းပေးဖို့ လုပ်ခဲ့ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ၄ လအကြာ အသက် ၁၂ နှစ်အရွယ်မှာ ဒေးဗစ်က သွေးဖြူဆဲလ်တွေကို ထိခိုက်စေတဲ့ လင်ဖိုးမားကင်ဆာရောဂါကြောင့် thayဆုံးသွားခဲ့ရပါတယ်။ သူ့အစ်မဖြစ်သူရဲ့ရိုးတွင်းခြင်ဆီထဲ မြုံနေတဲ့ Epstein-Barr ဗိုင်းရပ်စ်က သူ့ကိုယ်ခံအားစနစ်ထဲ ဝင်ရောက်ပြီး အဲ့ဒီကင်ဆာရောဂါဖြစ်သွားခဲ့တာလို့ နောက်ပိုင်းမှာ အတည်ပြုနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ တက္ကဆပ်ပြည်နယ်ဆေးရုံက ကိုယ်ခံအားစနစ်ချို့တဲ့မှုကို သုတေသနလုပ်ဖို့၊ ရောဂါရှာဖွေဖို့နဲ့ ကုသဖို့အတွက် the David Center ကို ဖွင့်လှစ်ခဲ့ပါတယ်။ အခုဆို ဒေးဗစ်ရဲ့ကျေးဇူးကြောင့် မွေးကင်းစကလေးတွေကို ရောဂါစစ်ဆေးမှုပြုလုပ်ခွင့် ဥပဒေရှိနေပါပြီ။ ဒါ့အပြင် SCID ရောဂါခံစားနေရတဲ့ ကလေးတော်တော်များများကို စောစီးစွာ သိရှိပြီး ကုသပေးနိုင်တဲ့အတွက် အခုဆို သူတို့တွေ ကျန်းမာရေးကောင်းပြီး သာမန်ဘဝနဲ့ နေထိုင်နေကြရပါပြီ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။