ရှေးဟောင်းဗေဒင်ကျမ်းမှ အိမ်ထောင်ဖက်ဟောကိန်း

Astrology
ရှေးဟောင်းဗေဒင်ကျမ်းမှ အိမ်ထောင်ဖက်ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှေးဟောင်းဗေဒင်ကျမ်းမှ အိမ်ထောင်ဖက်ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှေးဟောင်းဗေဒင်ကျမ်းမှ အိမ်ထောင်ဖက်ဟောကိန်း

အိမ်ထောင်ရေး ကောင်း မကောင်း စာမှတ်စု
ကျား မ ၂ဦး၏ မွေးနံကိုပေါင်းပါ ။
၅ ဖြင့်{ ×}ပါ။ (၇) ဖြင့် {÷}ပါ ။

အောက်ဖေါ်ပြပါအကြွင်းအဟောများကို ဖတ်ပါ ။
ကျား တနင်္ဂနွေ ၁ ၊ မ တနင်္လာ ၂
နှစ်ခုပေါင်းသော် ၁+၂= ၃ ရ၏ ။
၅ ဖြင့် {×}ပါ ။ (၁၅)ရ၏ ။
(၇) ဖြင့်{÷}ပါ ။ အကြွင်း ၁ ရသည် ။

အကြွင်း ၁ အဟော ။
အိမ်ထောင်ရေးသာယာမည် ။
စိတ်ချမ်းသာမည် ။
အေးအေးချမ်းချမ်းနေရမည်။
အိ‌မ်​ထောင်ဖက်၏ ကြင်နာမှုကို ခံရမည်။
သို့သော် အစပိုင်း ၁/၃ တွင်သာ၊
နောက်ပိုင်းတွင် ကာမဂုံ အာရုံမရှိတော့ပဲ
ဘာသိဘာသာ နေတတ်မည် ။
ချစ်စိတ်တော့ မပျက် မကုန်။

အကြွင်း ၂ အဟော ။
ကလေးဆန်သော အိမ်ထောင်၊
ငယ်သော အိမ်ထောင်ဘက်ဖြစ်မည် ။
စိတ်ညစ်ရမည် ။
မအေးချမ်းပါ ။
ဘာမဟုတ်သော ကိစ္စဖြင့် ရန်ဖြစ်နေရမည်
စိတ်ကောက်တတ်မည် ။

အကြွင်း ၃ အဟော ။
စီးပွားဖြစ်မည့် အိမ်ထောင်ဘက်ကိုရမည် ။
ကံကောင်းမည် ။
အမွေရမည် ။
စည်းကမ်းရှိမည် ။

အကြွင်း ၄ အဟော ။
အဆင့်အတန်းမြင့်‌‌ေသာအိမ်ထောင် ဘက် ၊
အကြံအစည်အောင်မြင်မည် ။
မျှော်လင့်ထားသော အိမ်ထောင်ဘက်
အိမ်ထောင်ရေးသာယာမည် ။

အကြွင်း ၅ အဟော ။
ချစ်ခင်ကြင်နာတတ်သော အိမ်ထောင်ဘက်မျိုး
သဝန်တိုတတ် ကလေးဆန်တတ်မည် ။
လိင် ကိစ္စ ထက်သန်တတ် ၊
မကွဲကွာနိုင်ပါ။

အကြွင်း ၆ အဟော ။
စီးပွားဘက် စီးပွားတိုးတက် မည်
အပြန်အလှန် အခက်အခဲကိုကူညီနိုင်ကြမည် ။

အကြွင်း ၀ အဟော ။

အိမ်ထောင်ရေးကံမကောင်းလှပါ။
ကွဲကွာနိုင် တလင်တမယား စနစ်မဟုတ်နိုင်။
ယူကာစက နှစ်ဘက် မိဘ သဘောမတူ
မကြည်ဖြူ ခိုးယူပေါင်းသင်း ကြမည် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။