ငါးရုပ်”သို့”အောင်မြင်သူတို့၏အမှတ်သားလက္ခဏာ

Astrology

ငါးရုပ်”သို့”အောင်မြင်သူတို့၏အမှတ်သားလက္ခဏာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ငါးရုပ်”သို့”အောင်မြင်သူတို့၏အမှတ်သားလက္ခဏာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာရိုးရာသမုဒြိကကျမ်းလက္ခဏာ အရ ငါးရုပ်သည် မည်သည့်လက်တွင်မဆို မည်သည့်နေရာတွင်မဆ်ိုပေါ်ပေါက်နိုင်သည် ။
ဂြိုဟ်ခုံအလိုက် ပေါ်ပေါက်လာသောငါးရုပ်လက္ခဏာပေါ်မူတည်ပြီး
အဟော အကြိုးပေးမတူနိုင်ပေမဲ့
၎င်းအမှတ်သားပေါ်လာပါက
ကောင်းကြိုးပေးတော့မည်ဆိုသည်မှာတော့ မြေကြီးလက်ခပ်မလွဲပေ ။

( ပုံ ၁ )

လက်ဝါးပြင်၌ ငါးရုပ်ပုံအမှတ်သား
ကိုလက်ညှိုးအရင်းကြာသပတေးဂြိုလ်ခုံမှာတွေ့ရမယ်ဆိုရင် ဘွဲ့ထူး
ဂုဏ်ထူးရရှိမည် စီးပွားဥစ္စာတိုးတတ်မည် အိမ်ထောင်ဘက်ကောင်းရရှိမည်
အိမ်ထောင်ဘက်ကြောင့်ချမ်းသာမည်

( ပုံ ၂ )

လက်ဝါးပြင်၌ ငါးရုပ်ပုံအမှတ်သား
လက္ခလည် စနေဂြိုလ်ခုံပေါ်မှာတွေ့ရမည်ဆိုပါ
က ထီပေါက်မည် အမွေရမည် ကြိုးစားမှုကြောင့်အောင်မြင်မည်ချမ်းသာမည်

(ပုံ ၃ )

လက်ဝါးပြင်၌ ငါးရုပ်ပုံအမှတ်သား
လက်သူကြွယ် တနင်္ဂနွေဂြိုဟ်ခုံမှာ
တွေ့ရမည်ဆိုပါက အလုပ်ကိုင်တိုး
တတ်အောင်မြင်မည် အနုပညာလုပ်ငန်းဖြင့်တွင်ထူးချွန်
အောင်မြင်မည် ကြီးပွားချမ်းသာမည်။

( ပုံ ၄ )

လက်ဝါးပြင်၌ ငါးရုပ်ပုံအမှတ်သား
လက်သန်းခြေရင်း ဗုဒ္ဓဟူးဂြိုလ်ခုံမှာတွေ့ရမည်ဆိုပါက အရောင်ဝယ်လုပ်ငန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသံတမန်စသည်တို့ကြောင့်ဘဝတိုးတတ်ကြီးပွားချမ်းသာအောင်မြင်မည်။

( ပုံ ၅ )

လက်ဝါးပြင်၌ ငါးရုပ်ပုံအမှတ်သာ
အင်္ဂါဂြိုလ်ခုံပေါ်တွင်ပါရှိပါက
စစ်ဘက်ဆေးဘက်နှင့်ဆိုင်သောလုပ်ငန်း စပ်တူလုပ်ငန်းများနှင့်အကြိုးပေးအောင်မြင်မည် တိုးတတ်ကြီးပွားချမ်းသာမည် ။
တနင်္လာဂြိုလ်ခုံပေါ်တွင်ရှိပါက
မိသားစုလိုက် နိုင်ငံခြားကိုပြောင်းရွှေ့နေထိုင်ရချင်း ရှိမည် ။
သောကြာဂြိုဟ်ခုံပေါ်တွင်ရှိပါက
သားသမီးအကြိုးပေးမည် ။
သားသမီးကြောင့်ဖြစ်စေ အိမ်ထောင်ဘက်ကြောင့်ဖြစ်စေ
စိတ်ချမ်းသာစွာနေထိုင်နိုင်မည်
ဘဝတိုးတတ်လမ်းရှာတွေ့မည်
စီးစိမ်ဥစ္စာပြည့်စုံမည် ။

ရေးသားသူ – ဆရာမင်းသီဟ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။