ကမ္ဘောဒီးယားနိုင်ငံထိ ထိုးဖောက်အောင်မြင်ကျော်ကြားနေတဲ့ မင်းသားချော “ပိုင်တံခွန်”

Celebrity
ကမ္ဘောဒီးယားနိုင်ငံထိ ထိုးဖောက်အောင်မြင်ကျော်ကြားနေတဲ့ မင်းသားချော “ပိုင်တံခွန်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘောဒီးယားနိုင်ငံထိ ထိုးဖောက်အောင်မြင်ကျော်ကြားနေတဲ့ မင်းသားချော “ပိုင်တံခွန်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံထိ ထိုးဖောက်အောင်မြင်ကျော်ကြားနေတဲ့ မင်းသားချော “ပိုင်တံခွန်”

မြန်မာနိုင်ငံရဲ့ ချောမောလှပတဲ့ မော်ဒယ်ပိုင်တံခွန်ကတော့ မနေ့က ညနေ ၄ နာရီကပဲ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယား ပရိသတ်တွေအတွက် အံ့အားသင့်ဖွယ် သတင်းတစ်ခုလဲ ဖြစ်ခဲ့ပါတယ်.. ပိုင်တံခွန်က ကမ္ဘောဒီးယားနိုင်ငံရဲ့ အကောင်းဆုံး ဒါရိုက်တာဖြစ်တဲ့ မစ္စတာ လပ်လီဒါ နဲ့ တွေ့ဆုံခဲ့တာပါ ..

Leak Lida ရဲ့ ပို့စ်အရ “၃နှစ်လောက် စောင့်ခဲ့ရပြီး နောက်ဆုံးတော့ ကမ္ဘောဒီးယားကို ရောက်လာခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေနဲ့ ညနေ ၄ နာရီ လေဆိပ်မှာတွေ့ဆုံခဲ့ပြီး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်.. Sam Puk ကြောင့် သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလေးကို ပိုင်ဆိုင်ခဲ့ရပါတယ်.. ရုပ်ရှင်ရိုက်ကူးတိုင်း ပြဿနာတွေကို အမြဲကူညီဖြေရှင်းပေးတဲ့အတွက် ရုပ်ရှင်ဦးစီးဌာန နဲ့ Pok Borak ကို ကျေးဇူးတင်ပါတယ်..” လို့ ရေးသားခဲ့ပါတယ်..

ကမ္ဘောဒီးယား ပြည်သူလူထုကို ပြန်ကြည့်လိုက်တော့ Mr. Leak Lida က ကမ္ဘောဒီးယားမှာ မင်းသား ပိုင်တံခွန် ကို ချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေ အများကြီးရှိတာရယ်.. သူ့ကြောင့် အားလုံးက ရင်ခုန်နေကြတာရယ် ကြောင့် ဖိတ်ခေါ်လိုက်တယ်လို့ ဆိုပါတယ်.. ဒီအမျိုးသားကြယ်ပွင့်ဟာ စိတ်နှလုံးကောင်းပြီး ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ မော်ဒယ်လ်လည်း ဖြစ်တယ်လို့ ဆိုထားပါတယ်..

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။