စိန္တမဏိဂါထာတော်

Astrology Religion
စိန္တမဏိဂါထာတော်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိန္တမဏိဂါထာတော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စိန္တမဏိဂါထာတော်

စိန္တာမဏိဂါထာ သည် အလွန်အစွမ်းကြီးသော ဂါထာ ဖြစ်သည်။ ၅၅၀ နိပါတ် ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလလုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သည့် ဂါထာဖြစ်သည်။ ထိုဂါထာတတ်မြောက်သည့် ဘုရားလောင်း ပဒကုသလလုလင်သည် ခြေရာကောက်သည့် အတတ်ပညာကို တတ်မြောက်ခဲ့သည်။ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်း၊ သန်လျက်ပျောက်ဆုံးမှုတို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ်ကို ခံစားခဲ့ရသည်။

ဤစိန္တာမဏိဂါထာသည် စိန္တာ ဟူသည် အကြံအစည်ပညာ၊ မဏိ သည် မြကျောက် ပတ္တမြားဟူ၍ အဓိပ္ပါယ်ရှိသည်။ အဓိပ္ပါယ်သည် ပတ္တမြားကဲ့သို့ အဖိုးတန်သော အကြံအစည်ပညာဉာဏ်သည် စိန္တာမဏိ ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရွတ်ဖတ်ပူဇော်သူသည် အကြံကောင်း ဉာဏ်ကောင်းများ ရနိုင်သည်။ သူတစ်ပါးတို့၏ အကြံများကို ကြိုတင်သိရှိနိုင်သည်။ ဘေးအန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်သည်။

၁။ စိန္တာမဏိရတနာနိ

ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဗုဒ္ဓံ − ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ − ဘုရားတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမဇ္ဈတု − ပြည့်စုံပါစေသတည်း။

၂။ စိန္တာမဏိရတနာနိ

ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဓမ္မံ − တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ − တရားတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမိဇ္ဈတု − ပြည့်စုံပါစေသတည်း။

၃။ စိန္တာမဏိရတနာနိ

ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ သံဃံ − သံဃာတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမိဇ္ဈတု − ပြည့်စုံပါစေသတည်း။

ရေးသားသူ –ဆရာမရွှေရုပ်လွှာ အကြားအမြင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။