မင်းမော်ကွန်းကို အရေးယူပေးဖို့ စစ်ကောင်စီကို တောင်းဆိုနေတဲ့ အနုပညာရှင်များ

Celebrity

မင်းမော်ကွန်းကို အရေးယူပေးဖို့ စစ်ကောင်စီကို တောင်းဆိုနေတဲ့ အနုပညာရှင်များ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းမော်ကွန်းကို အရေးယူပေးဖို့ စစ်ကောင်စီကို တောင်းဆိုနေတဲ့ အနုပညာရှင်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ပြည်သူ့ဘက်တော်သား မင်းသားမင်းမော်ကွန်းကတော့ တော်လှန်ရေးလုပ်ငန်းစဥ်တွေမှာလဲ စွမ်းစွမ်းတမံ ပါဝင်ခဲ့သလို ပြည်သူ့ဘက်မပါတဲ့ အနုပညာရှင်တွေကိုလဲ မညှာမတာ ပြောဆိုတတ်သူတစ်ယောက်အနေနဲ့ နာမည်ကြီးသူတစ်ယောက်လဲဖြစ်ပါတယ်။


အခုအခါမှာတော့ သူ့ရဲ့ ပြောဆိုမှုတွေကို မခံနိုင်တော့တဲ့ ပြည်တွင်းက အမည်မဖော်လိုတဲ့ အနုပညာရှင်တစ်စုက စစ်ကောင်စီထံကို စာပို့ပြီး အရေးယူပေးဖို့ တောင်းဆိုနေပါတယ်။


အခုအချိန်မှာ အစစအရာရာခက်ခဲနေတာကို ပြည်သူ့ဘက်မပါဘဲ အနုပညာအလုပ်လုပ်မယ်ဆိုရင် PDF တွေနဲ့သတ်ခိုင်းမယ် ဆိုပြီး မင်းမော်ကွန်းက ခြိမ်းခြောက်ပါတယ်ဆိုပြီးတော့ မဟုတ်မမှန် လီဆယ်တိုင်ကြားနေတဲ့ အဆိုပါအနုပညာရှင်အုပ်စုကတော့ ဘယ်သူတွေလဲဆိုတာကို လုံခြုံရေးအရ ဖော်ပြထားခြင်းမရှိပါဘူး။


သူတို့ရဲ့တိုင်စာမှာဖော်ပြထားချက်တွေအရတော့ အခုလိုခြိမ်းခြောက်ခံရခြင်းကြောင့် အလုပ်လဲလုပ်မရဘဲ စားဝတ်နေရေးခက်ခဲနေတာကြောင့် မင်းမော်ကွန်းကို အမြန်ဆုံးအရေးယူပေးပါဆိုပြီး စစ်ကောင်စီကိုတောင်းဆိုထားတာတွေ့ရပါတယ်။

ဘယ်သူတွေကတိုင်ကြားခဲ့တာလဲဆိုတာကိုတော့ သိသူအချို့ကလဲ သိကြောင်းပြောကြားထားတာတွေ တွေ့ရပါတယ်။


မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။