ကောင်မလေး ၂ယောက်ဖုန်းနံပါတ်ရဖို့ ကားတစီးရင်းခဲ့ရတဲ့ ရော်နယ်ဒို

Celebrity International News Sports
ကောင်မလေး ၂ယောက်ဖုန်းနံပါတ်ရဖို့ ကားတစီးရင်းခဲ့ရတဲ့ ရော်နယ်ဒို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကောင်မလေး ၂ယောက်ဖုန်းနံပါတ်ရဖို့ ကားတစီးရင်းခဲ့ရတဲ့ ရော်နယ်ဒို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကောင်မလေး ၂ယောက်ဖုန်းနံပါတ်ရဖို့ ကားတစီးရင်းခဲ့ရတဲ့ ရော်နယ်ဒို

ယူနိုက်တက်မှာ ပထမအကြိမ် ကစားခဲ့တုန်းက ရော်နယ်ဒိုတယောက် စကီတွေနဲ့ နီးစပ်ဖို့ ဘယ်လိုတွေတောင် လုပ်ခဲ့လဲဆိုတာကို ယူနိုက်တက်မှာ အကြောပိုင်းဆိုင်ရာပညာရှင်အဖြစ် တာဝန်ယူခဲ့တဲ့ ရော့ဘ်သွန်လေဆိုသူက ပြန်လည်ဖောက်သည်ချလိုက်ပါပြီ။ ပွဲမကန်မီ ဟိုတယ်မှာ ရော်နယ်ဒိုကို နှိပ်နယ်အကြောလျှော့ပေးနေတုန်း X-Factor အစီအစဉ်ကြည့်နေရင်း ရော်နယ်ဒိုက မိန်ကလေးတယောက်ကို သဘောကျရာကနေ ဖုန်းနံပါတ်ရနိုင်မလားဆိုပြီးတော့ မေးခဲ့ရာကစတာပါ။

“ကျနော်က သူ့ကို နှိပ်နယ်နေတုန်း သူက Dannii Minogue ကို တွေ့တော့ ဘယ်သူလဲမေးပြီး ဖုန်းနံပါတ်ရနိုင်မလားတဲ့၊ ကျနော့်လို လူက ဘယ်လိုလုပ် ဒီလိုလူတွေဆီက ဖုန်းနံပါတ်ရပါ့မလဲ၊ ဒါပေမယ့် ကိုယ့်အဆက်အသွယ်နဲ့ ကိုယ် လုပ်ကြည့်တော့ လေးငါးရက်အကြာမှာ ဖုန်းနံပါတ်က ကျနော့်ဖုန်းထဲကို ရောက်လာပြီ၊ နောက်တခါကျတော့ သူက ကင်မ်ဘာလေဝတ်ကို သဘောကျပြီး နံပါတ်လိုချင်ပြန်ရော”

“မင်း ငါ့ကို ဘာပြန်လုပ်ပေးမှာလဲလို့ မေးတော့ သူ မက်ဒရစ်ကို ပြောင်းသွားတဲ့အခါကျရင် သူ့ရဲ့ ပေါ်ရှေးကားတစီးကို ထက်ဝက်စျေးနဲ့ ပြန်ရောင်းပေးမယ်ဆိုပြီး ပြောတယ်၊ ၁၀ မိနစ်လောက်နေတော့ သူ့ဆီကို ကျနော် ဖုန်းနံပါတ်ပေးလိုက်ပြီ၊ ရာသီကုန်တဲ့အချိန်ကျတော့ ငါတို့လုပ်ထားတာ မှတ်မိသ​ေးလားဆိုတော့ မှတ်မိပါတယ်တဲ့၊ သူ့ကို ကျနော် ပေါင် ၃ သောင်းပေးလိုက်ပြီး ပေါင် ၆ သောင်းတန် ပေါ်ရှေးကားရလိုက်တယ်၊ နောက်နေ့ကျ အဲဒီကားကို ပေါင် ၆ သောင်းနဲ့ ကျနော် ပြန်ရောင်းလိုက်တယ်” လို့ သွန်လေက podcast တခုမှာ ပြန်ပြောသွားခဲ့ပါတယ်။

ရေးသားသူ – Soccer History

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။