သင်ကိုယ်တိုင်သတိမထားမိတဲ့သင့်ရဲ့ အားနည်းချက်(တားရော့ဗေဒင်)

Astrology
သင်ကိုယ်တိုင်သတိမထားမိတဲ့သင့်ရဲ့ အားနည်းချက်(တားရော့ဗေဒင်)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင်ကိုယ်တိုင်သတိမထားမိတဲ့သင့်ရဲ့ အားနည်းချက်ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင်ကိုယ်တိုင်သတိမထားမိတဲ့သင့်ရဲ့ အားနည်းချက်

General Reading ဖြစ်တဲ့ အတွက် အားလုံးနဲ့ကိုက်ညီ နေရမယ်လို့ မဆိုလိုပါဘူး

Card 1

Card 2

Card 3

Card 4

 

 

Card 1

သင့်ရဲ့အားနည်းချက်ကတော့ ငွေကို အလွန်အမင်းမြတ်နိုးလွန်းတာပါ ငွေ နောက်ကိုသည်းကြီးမည်းကြီးလိုက်တတ်သလို ငွေရှိမှာ ဘဝတိုးတက်မှာဆိုပီး အမြဲတွေးနေတတ်ပါတယ် ငွေရှိရင် အချစ်ဆိုတာ လဲအေးဆေး ဘာပဲဖြစ်ဖြစ်အေးဆေး ငွေသာအဓိက ဆိုတဲ့အတွေးရှိနေတာပါ တချို့အရာတွေအတွက်ငွေကအရေးပါပေမယ့်တချို့အရာတွေအတွက်ချစ်ခြင်းမေတ္တာတွေကလဲအရေးပါတယ်ဆိုတာသင်မမေ့သင့်ပါဘူးနော်

Card 2

သင့်ရဲ့အားနည်းချက်ကတော့ ကိစ္စတခုကိုဆောင်ရွက်ဖို့ဆို အမြဲချီတုံချတုံနဲ့စိတ်နှစ်ခွဖြစ်နေတတ်တာပါ စိတ်ကူးတွေအကြီးကြီးယဥ်ပီးလက်တွေ့အကောင်အထည် ဖော်ဖို့ဆိုအမြဲတွေဝေတွန့်ဆုတ်တတ်ပါတယ် လက်ရှိနေရာကနေ ရှေ့ဆက်တိုးဖို့ မဝံ့ရဲတာ စိတ်ကူးတွေကိုလက်တွေ့အကောင်အထည် မဖော်ရဲတာ ချီတုံချတုံ ဖြစ်တတ်တာတွေကို လျှော့သင့်ပါတယ် နော်

Card 3

သင့်ရဲ့အားနည်းချက်က တော့လောဘကြီးတတ်တာပါ ရောက်လာတဲ့ရလာတဲ့အခွင့်အလမ်းထက် သင်ပိုပီးလိုချင်နေတာတွေရှိတတ်ပါတယ် ပညာနဲ့ပတ်သက်ရင် လဲ ပညာလောဘ ငွေနဲ့ပတ်သက်ရင်လဲငွေလောဘ ဘာကိစ္စမဆို လောဘတကြီးနဲ့ရယူလိုစိတ်ကြီးမားနေတတ်တာကြောင့်သင့်ရှေ့ရောက်လာတဲ့အခွင့်အရေးလေးတွေကို နဲသေးတယ်ထင်ပီး လက်ခံမပေးနိုင်တာက သင့်အတွက်ဆုံးရှုံးမှုလမ်းစဖြစ်လာတတ်တာ သင်မမေ့သင့်ပါဘူးနော်

Card 4

သင့်ရဲ့အားနည်းချက်က အရာရာကိုခံစားချက်မရှိသလိုလျစ်လျူရှုတတ်လွန်းပီးဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းချင်တာပါတွေးချင်ရာတွေးမယ် ငေးချင်ရာငေးမယ် ကိုယ့်ဘေးကကိုယ့်အပေါ်ချစ်ခင်ပေးသူတွေရဲ့ခံစားချက်တွေကိုလဲ နားလည်ပေးဖို့မေ့လျော့နေတတ်ပါတယ် ကိုယ်ယုံကြည်ရာကိုယ်လုပ်မယ် တွေးထားပီးတဇွတ်ထိုးစိတ်လေးကြောင့် တချို့အရာတွေမှာလမ်းမှားကိုလမ်းမှန်ထင်နေတတ်တာတွေရှိနေတတ်ပါတယ်နော် ဒါတွေကိုဆင်ခြင်သင့်ပါတယ်

ရေးသားသူ – Athena reads the Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။