ကာလရှည်ဗီဇာ လျှောက်ထားနိုင်မယ့် လုပ်ငန်းနယ်ပယ်ကို ၁၄ ခုအထိ တိုးချဲ့ဖို့ ဂျပန် နိုင်ငံ စဉ်းစားနေ

International News
ကာလရှည်ဗီဇာ လျှောက်ထားနိုင်မယ့် လုပ်ငန်းနယ်ပယ်ကို ၁၄ ခုအထိ တိုးချဲ့ဖို့ ဂျပန်နိုင်ငံ စဉ်းစားနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကာလရှည်ဗီဇာ လျှောက်ထားနိုင်မယ့် လုပ်ငန်းနယ်ပယ်ကို ၁၄ ခုအထိ တိုးချဲ့ဖို့ ဂျပန် နိုင်ငံ စဉ်းစားနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကာလရှည်ဗီဇာ လျှောက်ထားနိုင်မယ့် လုပ်ငန်းနယ်ပယ်ကို ၁၄ ခုအထိ တိုးချဲ့ဖို့ ဂျပန်နိုင်ငံ စဉ်းစားနေ

လုပ်ငန်းကျွမ်းကျင်တဲ့ ပြည်ပလုပ်သားတွေ ကာလရှည်ဗီဇာ လျှောက်ထားနိုင်မယ့် လုပ်ငန်းနယ်ပယ်ကို ၃ ခုကနေ ၁၂ ခုအထိ တိုးမြှင့်သွားဖို့ ဂျပန်နိုင်ငံက စဉ်းစားနေတယ်လို့ Nikkei သတင်းစာက ဖော်ပြပါတယ်။ ကာလရှည်ဗီဇာ လျှောက်ထားနိုင်မယ့် လုပ်ငန်းနယ်ပယ် တိုးချဲ့မှုကို အစောဆုံး ဇွန်လကနေ စတင်ဖွယ် ရှိတယ်လို့ ရေးသားထားပါတယ်။

သက်ကြီးရွယ်အို များပြားနေတဲ့ ဂျပန်နိုင်ငံဟာ လုပ်ငန်းနယ်ပယ်အများအပြားမှာ လုပ်သားရှားပါးမှု ကြုံတွေ့နေပေမဲ့ ပြည်ပလုပ်သား အများအပြားကို ခေါ်ယူဖို့ တွန့်ဆုတ်လျက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်က စတင်အကျုံးဝင်ခဲ့တဲ့ ဥပဒေအရ စိုက်ပျိုးရေး၊ ဘိုးဘွားစောင့်ရှောက်ရေး၊ သန့်ရှင်းရေး အစရှိတဲ့ လုပ်ငန်းနယ်ပယ် ၁၄ ခုက လုပ်ငန်းကျွမ်းကျင်တဲ့ လုပ်သားတွေကို ဂျပန်နိုင်ငံက ဗီဇာထုတ်ပေးလျက် ရှိပါတယ်။

ဒါပေမဲ့ ဗီဇာသက်တမ်း ၅ နှစ်ပဲ သတ်မှတ်ထားပြီး မိသားစုဝင်တွေလည်း ခေါ်ယူခွင့် မရှိပါဘူး။ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးနဲ့ ဘိုးဘွားစောင့်ရှောက်ရေးကဏ္ဍတွေမှာ အလုပ်လုပ်သူတွေပဲ အထူးပါမစ်စနစ်အရ နေထိုင်ခွင့် တိုးမြှင့်လျှောက်ထားနိုင်တာပါ။
ကာလရှည်ဗီဇာနဲ့ အကျုံးဝင်ပြီး တိုးချဲ့သွားမယ့် လုပ်ငန်းနယ်ပယ်တွေထဲမှာ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ အစားအစာထုတ်လုပ်ရေးနဲ့ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်လာလိမ့်မယ်လို့ Nikkei သတင်းစာက ဖော်ပြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။