ဘုရားရင်ပြင်ပေါ်မှာ အသုံးပြုပြီးသားကွန်ဒုံးတစ်ခုလည်းတွေ့ခဲ့ရလို့အံ့အားသင့်နေတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝ

Celebrity
ဘုရားရင်ပြင်ပေါ်မှာ အသုံးပြုပြီးသားကွန်ဒုံးတစ်ခုလည်းတွေ့ခဲ့ရလို့အံ့အားသင့်နေတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘုရားရင်ပြင်ပေါ်မှာ အသုံးပြုပြီးသားကွန်ဒုံးတစ်ခုလည်းတွေ့ခဲ့ရလို့အံ့အားသင့်နေတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘုရားရင်ပြင်ပေါ်မှာ အသုံးပြုပြီးသားကွန်ဒုံးတစ်ခုလည်းတွေ့ခဲ့ရလို့အံ့အားသင့်နေတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝ

မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝ ကတော့လက်ဝှေ့ချစ်ပရိသတ်တွေကြား မသိသူမရှိလောက်အောင် အားပေးသူပရိသတ်တွေကြားရေပန်းစားတဲ့ နိုင်ငံခြားသား လက်ဝှေ့သမားတယောက်ဖြစ်ပါတယ်။ လူမျိုးခြားတယောက်ဖြစ်နေပေမဲ့ မြန်မာ့လက်ဝှေ့ပညာကို ကမ္ဘာကသိအောင် ကြိုးစားနေပြီး မြန်မာ့ယဉ်ကျေးမှုတွေကို ချစ်မြတ်နိုးသူတယောက်လည်းဖြစ်ပါတယ်။

အခုတခေါက်မှာတော့ သူ့ရဲ့ပုဂံမှာကြုံတွေ့ခဲ့ရတဲ့အကြောင်း အမှတ်တရအနေနဲ့ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

Myanmar Sanctioning Body Blacklists Its World Champion - Black Belt Magazine

“ဒါကတော့ ပုဂံဘုရားတစ်ဆူထဲမှာဆွဲထားတဲ့ပုံဖြစ်ပါတယ်။ အမျိုးသားနှစ်ယောက်ခါးတောင်းကျိုက်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ထိုးသတ်နေတဲ့ပုံပါ။ ဒီပုံဟာ နှစ်ပေါင်း ၁၅၀၀ ထက်မနည်းသက်တမ်းရှိပြီး တကယ်မြတ်နိုးစရာ မြန်မာ့သမိုင်းပါ။ ကျွန်တော်ကမ္ဘာ့ချန်ပီယံဖြစ်ရတာကိုအရမ်းဂုဏ်ယူပြီး လက်ဝှေ့ကိုယ်စားလှယ်တော်အဖြစ်ကမ္ဘာတစ်ဝန်းသွားနေရတာလည်း တကယ့်ကိုတာဝန်ကြီးပါတယ်။

ကျွန်တော့်ကို ဒီမှာမွေးတာမဟုတ်ပေမယ့် မြန်မာလူမျိုးတွေကြောင့် ကျွန်တော့်မွေးရပ်မြေလိုပဲခံစားရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ဒီပုံလေးကိုအနီးကပ်ကြည့်လိုက်တဲ့အခါ လက်ဆော့ဖျက်ဆီးထားတာတွေ့ရတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ လူတွေညဖက်မှာ လာဖျက်သွားတယ်ထင်တယ်။ ဘုရားရင်ပြင်ပေါ်မှာ အသုံးပြုပြီးသားကွန်ဒုံးတစ်ခုလည်းတွေ့ခဲ့ရတော့ အရမ်းအံ့အားသင့်မိတယ်ဗျာ။ ကျေးဇူးပြုပြီး မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားပေးပါဗျာ။ ပုဂံဘုရားတွေကို မဖျက်ဆီးကြဖို့ ကျွန်တော်တောင်းပန်ပါရစေ။ ” ဆိုပြီးတင်ခဲ့တာဖြစ်ပါတယ်

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။