Billboard ရဲ့ပထမဆုံး “Latin Woman of the Year” အဖြစ် ဂုဏ်ပြုခံရတဲ့ ရှာကီရာ

Celebrity International News
Billboard ရဲ့ပထမဆုံး “Latin Woman of the Year” အဖြစ် ဂုဏ်ပြုခံရတဲ့ ရှာကီရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Billboard ရဲ့ပထမဆုံး “Latin Woman of the Year” အဖြစ် ဂုဏ်ပြုခံရတဲ့ ရှာကီရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Billboard ရဲ့ပထမဆုံး “Latin Woman of the Year” အဖြစ် ဂုဏ်ပြုခံရတဲ့ ရှာကီရာ

ကမ္ဘာကျော်အဆိုတော် ရှာကီရာကို Billboard ရဲ့ပထမဆုံး “Latin Woman of the Year” အဖြစ် တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ သူဟာ မေလ ၇ ရက်နေ့ကျရင် Latin Women in Music ပွဲအခမ်းအနားမှာ ဆုလက်ခံရယူရမှာပါ။

သူ့ရဲ့သီချင်း “Sessions” က လက်ရှိမှာတော့ Spotify သမိုင်းတစ်လျှောက် ၂၄ နာရီအတွင်း Stream အများဆုံးလက်တင်သီချင်းအဖြစ် စံချိန်ချိုးထားတဲ့အပြင် Youtube မှာ ၂၄ နာရီအတွင်း ၆၃ သန်းကျော်နဲ့ ကြည့်ရှုမှုအများဆုံး လက်တင်သီချင်းအဖြစ်လည်း စံချိန်ချိုးထားပါတယ်။ ဒီသီချင်းက ကမ္ဘာ့ဂင်းနက်စ်စံချိန် ၁၄ ခု ချိုးခဲ့တယ်လို့ Billboard မဂ္ဂဇင်းအရ သိရပါတယ်။

ရှာကီရာက ကမ္ဘာတစ်ဝှမ်းမှာ အခွေပေါင်း ၉၅ သန်းကျော် ရောင်းချခဲ့ရတဲ့အတွက် တစ်ချိန်လုံး ရောင်းအားအကောင်းဆုံးဂီတသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ “Monotonia” သီချင်းကလည်း ၂၀၂၂ ခုနှစ်မှာ စပိန်ဘာသာနဲ့ပွဲဦးထွက်သီချင်းဖြစ်ခဲ့ပါတယ်။

အခုနှစ် ဇန်နဝါရီလက သူ့ရဲ့သီချင်း Shakira: BZRP Music Sessions #5 စထွက်ထွက်ချင်း Billboard Hot 100 ဂီတဇယားရဲ့ နံပါတ် ၉ နေရာမှာ ရှိခဲ့ပါတယ်။ ဒီသီချင်းက သူ့ကို စပိန်သီချင်းနဲ့ ထိပ်ဆုံး ၁၀ ဦး ထဲ ရောက်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာစေခဲ့ပါတယ်။ “Shakira: BZRP Music Sessions #53” က ရှာကီရာ နဲ့ အာဂျင်တီးနားလူမျိုး DJ ဘစ်ဇ်ဇာရက်ပ်တို့ပူပေါင်းလုပ်ဆောင်မှုဖြစ်ပါတယ်။ ဒီသီချင်းက သူ့ရဲ့ခင်ပွန်းဟောင်း ဂျရတ်ပီကေးကို ရည်ရွယ်ထားတာပါ။

၂ နာရီကြာမြင့်မယ့် Latin Women in Music ပွဲအခမ်းအနားမှာ ရှာကီရာအပြင် အခြားလက်တင်စူပါစတားတွေလည်း ဆုလက်ခံရယူရမှာဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။