အမေရိကန်ဒုသမ္မတ ကာမာလာ ဟဲရစ်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် သတင်းထောက်

International News
အမေရိကန်ဒုသမ္မတ ကာမာလာ ဟဲရစ်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် သတင်းထောက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမေရိကန်ဒုသမ္မတ ကာမာလာ ဟဲရစ်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် သတင်းထောက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမေရိကန်ဒုသမ္မတ ကာမာလာ ဟဲရစ်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် သတင်းထောက်

နာမည်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေ၊ သရုပ်ဆောင်တွေကို တွေ့ဆုံမေးမြန်းခွင့်ရဖို့က သတင်းထောက်တွေရဲ့အိပ်မက်လို့ ပြောလို့ရပါတယ်။ ဂျရီမီအာချ် ဖန်နယ်လ်အမည်ရတဲ့ အသက် ၁၀ နှစ်အရွယ်အားကစားသတင်းထောက်လေးကဆိုရင် ဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ မကြာသေးခင်ကမှ သူဟာ အမေရိကန်ဒုသမ္မတ ကာမာလာ ဟဲရစ်နဲ့ အင်တာဗျူးခွင့်ရခဲ့ပါတယ်။

ဧပြီလ ၂၀ ရက်နေ့က “Jennifer Hudson Show” အတွင်း ဂျရီမီအာချ်က ဒုသမ္မတ ကာမာလာကို ၄ မိနစ်စာအင်တာဗျူးခဲ့ရပါတယ်။ အမေရိကန်ဖွတ်ဘောအသင်း San Francisco 49ers ကို ကာမာလာရဲ့အားပေးမှု၊ ငယ်ငယ်လေးကတည်းက ဥပဒေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားတာလို ခေါင်းစဉ်အမျိုးမျိုးဆွေးနွေးမေးမြန်းခဲ့ကြတာပါ။ ဂျရီမီအာချ်က အမျိုးသားအာကာသကောင်စီရဲ့ဥက္ကဌလည်းဖြစ်တဲ့ ကာမာလာကို အာကာသခရီးသွားလာမှုအပေါ် စိတ်ပါဝင်စားမှုကို မေးမြန်းခဲ့ပါသေးတယ်။

ကာမာလာက အာကာသကို သွားလို့ရရင် သွားချင်တယ်။ သူ့ကို ကမ္ဘာမြေပေါ်မှာ ဆက်ပြီးနေစေချင်တဲ့သူတွေရှိသေးတယ်လို့ ပြောပါတယ်။ တကယ်လို့ သွားရင် လူတစ်ယောက်ကို အဖော်လိုက်ခွင့်ပေးရင် သူ့ကို ခေါ်လို့ရမလားလို့လည်း ဂျရီမီအာချ်က မေးခဲ့ပါတယ်။

အခုလို မေးလိုက်တဲ့အတွက် ပွဲလာပရိသတ်တွေကလည်း လက်ခုပ်တီးခဲ့ကြပါတယ်။ ကာမာလာက ရယ်ပြီး ခေါ်မှာပါလို့ ပြန်တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ ကာမလာကို ဂျရီမီအာချ်နောက်ဆုံး မေးမြန်းခဲ့တာကတော့ အနာဂတ်သမ္မတ (သို့) ဒုသမ္မတတွေဖြစ်လာဖို့ ဆန္ဒရှိတဲ့ လူငယ်တစ်ဦးချင်းစီအတွက် သူ့ရဲ့အကြံဉာဏ်ကိုပါ။ ကာမာလာက “မင်းတို့ရဲ့ဝါသနာနောက်လိုက်ပါ။ ကံကောင်းချင်ရင် အရမ်းကြိုးစားရမယ်လို့ အားလုံးက ပြောပြီး လုပ်ကြတာတယ်။ မင်း နှစ်သက်တဲ့ အလုပ်ကို လုပ်တဲ့အခါ ကောင်းကောင်းလုပ်ပါ။ အခြားအရာတွေရောက်လာမှာပါ”တဲ့။

ဂျရီမီအာချ်က ဧည့်သည်အဖြစ် Jennifer Hudson Talk Show မှာ ခဏခဏ ပါဝင်ခဲ့ဖူးပါတယ်။ သူဟာ မွေးကတည်းက ဦးနှောက်လုပ်ဆောင်ချက်ပုံမှန်မဟုတ်တဲ့အခြေအနေနဲ့ ပခုံးအရိုးဆစ်လွဲတဲ့အခြေအနေရှိတဲ့အတွက် ထိတွေ့အားကစားတွေကို သူ့မိဘတွေက မကစားခိုင်းခဲ့တာကြောင့် သတင်းထောက်ပညာနဲ့ ရုပ်သံထုတ်လွှင့်တာတွေကို လေ့လာဖြစ်ခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။