အကြွေးတွေကြောင့် အပေါစားဇာတ်ကောင်တွေကို လက်ခံခဲ့ရတဲ့အကြောင်း Nicolas Cage ပြောလာ

Celebrity International News
အကြွေးတွေကြောင့် အပေါစားဇာတ်ကောင်တွေကို လက်ခံခဲ့ရတဲ့အကြောင်း Nicolas Cage ပြောလာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကြွေးတွေကြောင့် အပေါစားဇာတ်ကောင်တွေကို လက်ခံခဲ့ရတဲ့အကြောင်း Nicolas Cage ပြောလာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကြွေးတွေကြောင့် အပေါစားဇာတ်ကောင်တွေကို လက်ခံခဲ့ရတဲ့အကြောင်း Nicolas Cage ပြောလာ

နာမည်ကျော်သရုပ်ဆောင် Nicolas Cage ဟာ ၎င်းပေးရမယ့်အကြွေးငွေ ကန်ဒေါ်လာ ၆သန်းကျော်ကိုဆပ်ဖို့အတွက် အပေါစားဇာတ်ကောင်တွေကို လက်ခံခဲ့ရတဲ့အကြောင်း ပြောလာပါတယ်။

အိမ်ခြံ​မြေရင်းနှီးမြှုပ်နှံမှုတစ်ခုကြောင့် အကြွေးတွေတင်ခဲ့ရပုံကို Nicolas Cage ​က CBS ရုပ်သံလိုင်းရဲ့ 60 Minutes အစီအစဥ်မှာ အခုလိုပြောပြလာပါတယ်။
“အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုလွန်သွားတယ်။ အိမ်ခြံမြေစျေးကွက်ပျက်သွားတော့ ကျွန်တော်အချိန်မီရုန်းမထွက်နိုင်ခဲ့ဘူး။ အကုန်လုံးပြန်ပေးခဲ့ပေမယ့် ဒေါ်လာ၆သန်းလောက်တော့ဖြစ်သွားတယ်။ ကျွန်တော်ဒေဝါလီတော့မခံခဲ့ပါဘူး။”

အဲဒီကာလတွေဟာ သူ့အတွက်ခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ပြီး အကြွေးတွေကိုဆပ်ဖို့ ဗွီဒီယိုကားတွေမှာပါသရုပ်ဆောင်ခဲ့ရကြောင်းကိုလည်း Nicolas Cage က အခုလိုပြောခဲ့ပါသေးတယ်။

“အလုပ်က ကျွန်တော့်အတွက်တော့ အမြဲတမ်းကိုယ်စောင့်နတ်ပါပဲ။ အရည်အသွေးတော့မြင့်ချင်မှမြင့်ခဲ့မယ်၊ ဒါပေမယ့် အလုပ်ဖြစ်ခဲ့တာပါပဲ။ တစ်ကားလုံးက ခပ်ပေါပေါဖြစ်နေရင်တောင်မှ ကျွန်တော်ပေါ့ပေါ့တန်တန်မလုပ်ခဲ့ပါဘူး။ အမြဲဂရုစိုက်ခဲ့ပါတယ်။”

Nicolas Cage faces off with a new foe: himself | AP News

Nicolas Cage ဟာ နာမည်ကျော်မင်းသားတစ်လက်ဖြစ်ပေမယ့် ငွေကြေးအခြေအနေတွေကြောင့် ဇာတ်လမ်းရွေးချယ်စီစစ်မှုမပြုလုပ်ပဲ ကမ်းလှမ်းလာသမျှရုပ်ရှင်တွေကိုအကုန်လက်ခံခဲ့ရပါတယ်။

လက်ရှိမှာ Nicolas Cage ရဲ့ ဒရာကူလာရုပ်ရှင် Renfield ဟာ ပရိသတ်တွေရဲ့အားပေးမှုကို အတန်အသင့်ရရှိထားပါတယ်။

ရေးသားသူ – Myanmar Varient Entertainment

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။