ဆေးတိုးပြီးကျန်းမာစေရန် ယတြာများနှင့်ဆေးလှူရတဲ့အကျိုး ( ၁၀ ) ပါး

Astrology
ဆေးတိုးပြီးကျန်းမာစေရန် ယတြာများနှင့်ဆေးလှူရတဲ့အကျိုး ( ၁၀ ) ပါး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆေးတိုးပြီးကျန်းမာစေရန် ယတြာများနှင့်ဆေးလှူရတဲ့အကျိုး ( ၁၀ ) ပါး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆေးတိုးပြီးကျန်းမာစေရန် ယတြာများ

ကျန်းမာရေး ချူချာလွန်းနေသူဖြစ်နေရင် ဆေး၀ါး လှူဒါန်းပေးတဲ့ဒါန မကြာခဏ မွေးနေ့တိုင်း ပြုလုပ်ပေးလိုက်ပါ ။ကျန်းမာရေး ကောင်းမွန် လာပါလိမ့်မယ် ။

တခါတလေကျတော့ ဆေးကုသတယ် ။ ဒါပေမယ့် သက်သာ ပျောက်ကင်းတာ မရှိဘူး ။ ဆေးမတိုးဘူး ဖြစ်နေတယ် ။ ဆရာ၀န်တွေ ပြောင်းကုလည်း မသက်သာဘူး ။ မပျောက်ကင်းဘူး ။ အရပ်စကားနဲ့ပြောရရင် ဆေး မစူးတာပေါ့ ။

အခုလို ကြုံနေပြီဆိုရင် လူနာရဲ့အင်္ကျီ ပုဆိုး လုံချည် အစုတ်တစ်စုံကို မွေးနေ့ညမှာ ၀တ်အိပ်ပြီးနောက်တစ်နေ့ နံနက်(၆း၀၀နာရီ မှ ၇း၃၀)နာရီ အတွင်း “လူနာမှာရှိတဲ့ ဘေးဥပါဒ်အန္တရာယ် နဲ့ ဆေးမတိုးတာတွေ အကုန်ပါသွားစေ”လို့ ပြောဆိုပြီး အမှိုက်ပုံး ၊ အမှိုက်ပုံထဲတစ်ခုကို သွားစွန့်ပစ်လိုက်ပါ ။ ဆေးတိုးလာပါလိမ့်မယ် ။ ဆေးစူးလာပါလိမ့်မယ် ဗျာ ။

ပြီးမှ ဆေးကုသချင်သေးရင် ဆရာ၀န်တွေနဲ့ ကုသမှု ဆက်ပြီး ခံယူပါ ။ အကောင်းပကတိ နေကောင်းသွားပါလိမ့်မယ် ။

ဆေးလှူရတဲ့အကျိုး ( ၁၀ ) ပါး

၁။ အသက်ရှည်ခြင်း ။
၂။ ခွန်အားကြီးခြင်း ။
၃။ လုံလဝီရိယ ဥာဏ်ပညာကြီးခြင်း ။
၄။ အဆင်းလှခြင်း ။
၅။ ချမ်းသာခြင်း ။
၆။ ဘေးရန်မရှိခြင်း ။
၇။ အခြံအရံများခြင်း ။
၈။ အခါခပ်သိမ်း သူတစ်ပါးတို့ ရိုသေလေးမြတ်ခြင်း ။
၉။ နှောက်ယှက် ဖျက်စီးနိုင်သူ မရှိခြင်း ။
၁၀။ ချစ်တဲ့သူနဲ့ ပေါင်းဖက်ရခြင်း ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။