ဝါဆိုလ မွေးဖွားသူများ

Astrology

ဝါဆိုလ မွေးဖွားသူများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝါဆိုလ မွေးဖွားသူများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝါဆိုလ မွေးဖွားသူများ

Anubis - ဝါဆိုလ မွေးဖွားသူများ ဝါဆိုလအတွင်း ဖွားမြင်သူများသည်  ပင်ကိုယ်သဘာ၀အားဖြင့် သြဇာအာဏာရှိသူများဖြစ်မည်။ မိသားစုနှင့်ပတ်၀န်းကျင် ...

ဝါဆိုလအတွင်း ဖွားမြင်သူများသည် ပင်ကိုယ် သဘာ၀ အားဖြင့် သြဇာအာဏာ ရှိသူများဖြစ်မယ်။ မိသားစုနှင့် ပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်ကြမယ်။ အရည်အချင်း ပြည့်ပြီး စူးစမ်း ဆင်ခြင်ဉာဏ် ပြင်းထန်မယ်။ အသက်ကြီးပိုင်းတွင် ဘာသာတရားကို လွန်စွာ ကိုင်းရှိုင်းသွားတတ်ကြမယ်။ ဉာဏ် အလွန်ထက်တယ်။ တစ်ခါတရံ၌ ဖြစ်လာမည့် ကိစ္စတို့ကို ကြိုသိနေတတ်သော ဉာဏ်စွမ်း ပါရမီထူးရှိမယ်။

ကိုယ့်ကိုကိုယ် အားကိုးတတ်တယ်။ မိရိုးဖလာ အစဉ်အဆက် လုပ်ခဲ့သော အလုပ်များကို ဆန့်ကျင်တတ်တယ်။ အသံသြဇာ ကောင်းပြီး အပြောအဆို ကောင်းတယ်။ အစစ ဦးဆောင် ဖြစ်မယ်။ အမျိုးဘာသာ အကျိုး၊ အများကောင်းကျိုး လိုလားပြီး ဆောင်ရွက်တတ်တယ်။ သို့သော် ခေါင်းမာမယ်ယ အာဃာတကြီးမယ်။ နာကျည်း မုန်းတီးမိက ကလဲ့စားချေရမှ ကျေနပ်တတ်တယ်။ စိတ်ဓါတ် အားကောင်းသော်လည်း လူအားပျောတယ်။ စိတ်တန်ခိုး စွမ်းအားကြီးမားသော်လည်း ကိုယ့်အစွမ်းအစ ကိုယ်မသိ။ စိတ်ဓါတ်ကျလွယ်တယ်။ ဘဝတွင် အပြောင်းအလဲ များစွာကြုံခဲ့မယ်။ ဘဝတစ်လျှောက်လုံး အငြိမ်မနေ လှုပ်ရှား သွားလာနေရတတ်တယ်။

စိတ်ထား နူးညံ့ သိမ်မွေ့မယ်။ ပင်ကိုယ်စိတ်ဓါတ် အေးဆေး တည်ငြိမ်သလောက် မကြာခဏ တွေဝေမိုက်မဲစွာ ပြုလုပ်တတ်တယ်။ အေးဆေး တည်ငြိမ်စွာ နေထိုင်လိုသလောက် စိတ်မတည်ငြိမ်ဘဲ လှုပ်ရှား ပြောင်းလဲနေတတ်တယ်။ ဆုံးဖြတ်ချက် နောက်ကျတတ်၍ အခွင့်အရေးများစွာ ဆုံးရှုံးသွားတတ်ခြင်း မကြာခဏ ကြုံတတ်တယ်။ အလွန်အာရုံများမယ်။ စပ်စုမယ်။ အထိမခံ ရွှေပန်းကန်များဖြစ်တယ်။ ဂီတ အနုပညာကို မြတ်နိုးမယ်။ သွက်လက် ထက်မြက်မယ်။ စကားများပြီး အပျော်အပါးကြိုက်တယ်။ အုပ်စုဖွဲ့ နေရခြင်းကို ကြိုက်တယ်။ မိသားစု အသိုင်းအဝိုင်းကို အလွန် ခင်တွယ်တတ်ကြတယ်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်တယ်။ တရား မျှတမှုကို ကြိုက်နှစ်သက်သော်လည်း အောင်မြင်ကြီးပွားလိုသော ဆန္ဒနှင့် ကြိုတင် ပူပန်စိုးရိမ်မှု သောကစိတ်တို့ ပြင်းထန်တယ်။ တစ်ခါတရံ တစ်ဖက်သတ် ဆန်ဆန် ပြုမူမိတတ်ကြတယ်။ အပေါ်ယံအားဖြင့် ဖြစ်သလို နေတတ် ပြောတတ်သော်လည်း တိုးတက်ကြီးပွားမှုကို ပြင်းပြင်းထန်ထန် အလိုရှိတယ်။ အလွန်ကြိုးစားမယ်။ ဘဝအစတွင် ခက်ခဲကြမ်းတမ်းပြီး သက်လတ်ပိုင်းတွင် ကြီးပွားတတ်တယ်။

လူများအပေါ် သြဇာပေးနိုင်တယ်။ အလုပ်ကို တစ်ခုမပြီးမီ နောက်တစ်ခု စမိသဖြင့် အောင်မြင်မှု ထိခိုက်တတ်တယ်။ ဘဝမျိုးစုံ ကျင်လည်ရမယ်။ ဖြစ်ကတတ်ဆန်း နေထိုင်ရခြင်းမျိုးကိုလည်း ကြုံရတတ်တယ်။ ထိုက်တန်သော စည်းစိမ်ဥစ္စာတို့ ပြည့်စုံလာသောအခါ လူယုံများကြောင့် လည်းကောင်း၊ အတွင်းပစ္စည်းများ လူမသိဘဲလှိုက်စား ကုန်သွားတတ်တယ်။ လူမသိ သူမသိဘဲ ကြိတ်ခံရတတ်တယ်။ ဆုံးဖြတ်ချက် တစ်ချက်မှားသဖြင့် အဖတ်ဆယ်မရအောင် နစ်နာခြင်းမျိုး ကြုံရတတ်တယ်။ တစ်ချို့ကိစ္စများတွင် စည်းကမ်းတကျကပ်စီးနှဲသလို ဖြစ်နေတတ်တယ်။ တစ်ခါတရံ အဖိုးတန်ပစ္စည်းများကိုပင် ပေးကမ်း စွန့်ကြဲပစ်တတ်ကြတယ်။ လူthayသော်လည်း နာမည်မသေစေရဟုနှလုံးပိုက်သူများ ဖြစ်တယ်။

မှန်သည်ထင်က တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုသလို လုပ်တတ်တယ်။ ကိုယ့်အပေါ် သံယောဇဉ်ကြီးသူများအတွက် အလွန် အနစ်နာခံတတ်ပါတယ်။ သနားတတ်တယ်။ သစ္စာရှိတယ်။ မဟုတ်မခံချင်စိတ်၊ သတ္တိဗျတ္တိနှင့် ပြည့်စုံမယ်။ အထူးသဖြင့် ဘိုးတော်၊ မယ်တော် ပုဂ္ဂိုလ်ပိုင်းမှ အစောင့် အရှောက် ကြီးမားစွာ ရှိတတ်တယ်။ အိပ်မက်ထူးများ ရှိတတ်တယ်။ ဘာသာရေးကို စိုက်လိုက်မတ်တတ် ကျင့်လှမ်းသွားခြင်းဖြင့် လောကီအကျိုး စီးပွားပါ ပြည့်စုံလာတတ်တယ်။

ဝါဆိုလ မွေးဖွားသူများသည် အချစ်ကြီးသူများ ဖြစ်တယ်။ သို့သော် ချစ်ကံခေသူများ ဖြစ်တတ်ကြတယ်။ မေတ္တာရေးတွင် အပေးသမားများဖြစ်တယ်။ အလွန်ချစ်တတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်ပြီး သိမ်မွေ့စွာ ချစ်တတ်တယ်။ သို့သော် ကိုယ်ကိုယ်တိုင်ကလည်း တွေဝေစွာ စိတ်ဒွိဟ ဖြစ်တတ်ကြတယ်။ ကိုယ်က နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးကာ ပြည့်စုံသော ဘဝထူထောင်နိုင်ဖို့ ကြိုးစားလိုတတ်ကြတယ်။ တွက်ချက် သုံးသပ်ပြီးမှ ကြိုးစားလိုတယ်။ ပြည့်စုံသော ဘဝကို ထူထောင်လိုတယ်။ အကယ်၍ စွန့်စားရမည် ဆိုလျှင်လည်း အရာရာကို စွန့်လွှတ်၍ ချစ်သူနှင့် လက်တွဲရန် ဝန်မလေးတတ်ကြပါ။ ချစ်စိတ် ပြင်းထန်မယ်။ အချစ်ရေးတွင် ကြေကွဲ ဝမ်းနည်းစရာကြုံတတ်တယ်။ မိမိညချစ်သူက မိဘစကား နားထောင်တာဖြစ်စေ၊ မိမိထက် သာသည်ကို ရွေးချယ်ကာသည်ဖြစ်စေ စွန့်ခွာ သွားတတ်တယ်။ အချစ်ရဆုံးသူကို လက်လွတ်ရတတ်ပါတယ်။ အလွန် လွမ်းစရာကောင်းသော နှလုံးသား ဇာတ်လမ်းဟောင်းများ ရှိခဲ့တတ်ပါလိမ့်မယ်။ သို့သော် တကယ် အိမ်ထောင်ပြုပြီးသောအခါ ထိုကိစ္စအားလုံးကို အပြီးမေ့နိုင်စွမ်းကြတယ်။ အိမ်ထောင်ရေး ကံကောင်းတတ်ကြပါတယ်။

ကိုယ့်အပေါ် နားလည်ပေးသော အိမ်ထောင်ဖက်ကို ရရှိတတ်တယ်။ ကိုယ်ကလည်း အိမ်ထောင်ဖက်အပေါ် အထူး ခင်တွယ်တတ်တယ်။ ညှာတာထက် လိုက်လျောတတ်မယ်။ အခြားသူတို့ထက် ပို၍ မိသားစုအပေါ် ခင်တွယ်တတ်ကြပါတယ်။ အထူး သတိပေးလိုသည်မှာ ဝါဆိုလ မွေးဖွားသူတို့သည် တော်သလင်းလဖွား၊ တပေါင်းလဖွား၊ ပြာသိုလဖွားတို့နှင့် အိမ်ထောင်ဖက် ရွေးချယ် လက်တွဲ သင့်ပါတယ်။ အလုပ်အကိုင်နှင့် စီးပွားရေး အနေအထားများတွင် အရာရာကို စူးစမ်းပြီးမှ လုပ်ကိုင်တတ်ကြတယ်။ အစဉ်အလာ လမ်းရိုးအတိုင်း လုပ်ကိုင်ရခြင်းကို မနှစ်သက်တတ်ကြပါ။ ထို့အပြင် အလုပ်အကိုင်ကိုလည်း တစ်ခုမပြီးခင် နောက်တစ်ခု ပြောင်းလုပ်ချင်မယ်။
အတတ်ပညာများကိုလည်း တစ်ပိုင်းတစ်စတွေ များတတ်တယ်။ တစ်ခုတည်း ဇောက်ချ လုပ်ကိုင်တတ်သင့်လှတယ်။ စပ်တူ လုပ်ကိုင်ခြင်းကို အထူး ရှောင်ကြဉ်သင့်လှပါတယ်။ ကိုယ်ပိုင်လုပ်ငန်း ကိုယ့်စိတ်ကူးနှင့် ကိုယ် လုပ်ကိုင်ရသော လုပ်ငန်းများကို ရွေးချယ် လုပ်ကိုင်သင့်ပါတယ်။ အထူးသဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားလာလှုပ်ရှားကာ အာရုံသစ်များကို လေ့လာကာ လုပ်ကိုင်ရသော ကိုယ်ပိုင်လွပ်လပ်စွာ တွေးခေါ် ဆောင်ရွက်နိုင်သည့် အလုပ်ကို လုပ်ကိုင်ပါ။ ဘာပဲလုပ်လုပ် တခမ်းတနား လုပ်ချင်တတ်ကြတယ်။ စာအုပ်စာတမ်း အကြံဉာဏ်ကောင်းများ ရှာဖွေ လိုက်နာတတ်တယ်။ ငွေရှိလာသောအခါ အလှူရက်ရောတယ်။ ဝါသနာပါ၍ ယုံကြည်ရာကိုသာ လုပ်ကိုင်တတ်ကြတယ်။ အပင်ပန်း ခံနိုင်တတ်ကြမယ်။ သို့သော် ကိုယ်လုပ်သော အလုပ်တွင် စိတ်ကူးယဉ်မှုများ ပါနေ၍ ထင်သလောက် မပေါက်ဘဲ ဖြစ်နေတတ်သည်ကို သတိပြုရန်လိုတယ်။ မည်သည့် အလုပ်မဆို အကျိုးကို မကြည့်ဘဲ ယုံကြည်ချက်ဖြင့် လုပ်ကိုင်တတ်ကြတယ်။ အလုပ်နှစ်မျိုးတွဲ လုပ်ရတတ်တယ်။

သူတစ်ပါးအတွက် ကြားဝင်ခံခြင်းမျိုးပါ ကြုံရတတ်တယ်။ ပင်ကိုယ်ဗီဇတွင် အလွန် ထက်မြက်သော ဉာဏ်ရည်ရှိပြီး စိတ်ကူးကောင်းမယ်။ အလွန်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်စွမ်း ရှိတယ်။ အချိန်တိုတိုအတွင်း အစစ လေ့လာသုံးသပ်ပြီး ပိုင်နိုင်စွာ ဦးဆောင် လုပ်ကိုင်နိုင်စွမ်းရှိမယ်။ သို့သော် သူတစ်ပါးတွေနှင့် ဘေးတိုက်ကန့်လန့် မလုပ်မိဖို့တော့လိုပါတယ်။ ပင်ကိုယ် ပါရမီထူးသူဖြစ်၍ ဘေးလူတွေက အံ့သြလောက်အောင် ရိုးရှင်း ထိမိစွာာလုပ်ကိုင်ပြနိုင်စွမ်းရှိတယ်။ တစ်ခုတည်းကိုသာ ပိုင်နိုင်စွာ ရွေးချယ်ပြီး ဇွဲရှိရှိ လုပ်ကိုင်သွားပါက ထိပ်ဆုံးကို ရောက်သွားတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းဖြင့် ငွေကြေးဥစ္စာများစွာ ပိုင်ဆိုင်တတ်တယ်။ စာရေးဆရာ အလုပ်ဖြင့် အလွန် ကောင်းကျိုးပေးတတ်တယ်။ စာအုပ်ထုပ်ဝေရေး၊ စစ်ဘက်၊ ငါးမွေးမြူရေး၊ စားသောက်ဆိုင်၊ သတင်းထောက် ဂျာနယ်လစ်အလုပ်တို့ အထူး ကောင်းကျိုးပေးတတ်ပါတယ်။ မည်သည့်အလုပ်ဖြစ်စေ ဘာသာရေး ဦးထိပ် ပန်ဆင်ပေးပါလေ။ မုချ ဖြစ်ထွန်းပါလိမ့်မယ်။

ဝါဆိုလ မွေးဖွားသူများသည် စိတ်ဓါတ် ပြင်းထန်စွာ ပြုမူလုပ်ကိုင် နေထိုင်ခြင်းကြောင့် အားအင် ကုန်ခန်းသလိုမျိုး မလှုပ်ရှားချင်၊ နုံးခွေနေသော ရောဂါ မဟုတ်သည့် ရောဂါကို ခံစားရတတ်တယ်။ အမှန်အားဖြင့် ပင်ကိုယ် ကျန်းမာရေး ဓါတ်ခံအား၊ သက်လုံကောင်းသူများ ဖြစ်ကြပါတယ်။ ကျန်းမာရေးနှင့် ဆိုင်သော ဗဟုသုတလည်း ရှိတယ်။ သူတစ်ပါးအား အကြံဉာဏ်ပေးခြင်း၊ ဆေးဝါးဓါတ်စာ ညွှန်ကြားခြင်းဖြင့် ကူညီတတ်တယ်။ ကိုယ်တိုင်ကမူ နေချင်သလိုနေ၊ စားချင်သလို စားတတ်တယ်။ ပေပေတေတေ နေတတ်တယ်။ သူတစ်ပါး စကား နားမထောင် ကိုယ်သိသလိုလည်း မလိုက်နာ ထို့ကြောင့် ကျန်းမာရေး ထိခိုက်တတ်တယ်။ အရေပြား ယားယံတတ်တယ်။ သက်လတ်ပိုင်းတွင် ဆီးချို၊ သွေးတိုး ရောဂါတို့ ရတတ်တယ်။ ဆေးကုသရန်၊ ဆရာဝန်ပြရန် အလွန် ဝန်လေးတတ်ကြတယ်။ မကြာခဏ ကိုယ်လက်ထုံချင် ကိုက်ခဲတတ်ကြတယ်။ အနာစိမ်း ပေါက်တတ်တယ်။ အထူးမှာ ကင်ဆာနှင့် သွေးတိုး သတိပြုသင့်တယ်။ ကျန်းမာရေး ညံ့သောအခါမျိုးတွင် ကျောက်စိမ်း ဆောင်ထားသင့်တယ်။

ဝါဆိုလ မွေးဖွားသူတို့သည် သဘာဝ ဘေးအန္တရာယ်အားဖြင့် ရေဘေး အန္တရာယ်မျိုး ရင်ဆိုင်တတ်ရတယ်။ ရေသောက်သောအခါမှာပင် အခန့်မသင့်ဘဲ ရေသီးခြင်း ဖြစ်တတ်ပါတယ်။ ရေလမ်းခရီး သတိပြု ဆင်ခြင်သင့်ပါတယ်။ ဝါဆိုလဖွားသူ အများစုသည် ရေနှင့် ပတ်သက်၍ အထူး သတိထားသင့်တယ်။ နေအိမ်တွင် ရေကူးကန်ထားခြင်းကိုပင် ဆင်ခြင်သင့်လှတယ်။ ဘဝတွင် အတက်အကျ အပြောင်းအလဲ အလွန်မြန်တယ်။ တစ်ခါတရံ တည်ငြိမ် အေးချမ်းစွာ တည်ရှိနေသလောက် တစ်ခါတရံတွင် အရှိန်အဟုန်ပြင်းစွာ လျှောက်လှမ်းနေရတတ်တယ်။ တစ်ခါတစ်ရံ မေတ္တာတရားဖြင့် အေးချမ်းစွာ ရှိနေသလောက် တစ်ခါတစ်ရံတွင် စစ်မြေပြင်မှ သူရဲကောင်းတစ်ဦးပမာ ရင်ဆိုင်ဖြေရှင်း နေရတတ်ပါတယ်။ ဘ၀ အစပိုင်းတွင် အဖိအနှိပ်များ ခံခဲ့ရတတ်တယ်။ နှလုံးသားရေးတွင်လည်း အချစ်ဦး၊ ရည်းစားဦးတို့၏ ချိုးနှိမ် စွန့်ပစ်မှုတို့ဖြင့် နာကျင်ခဲ့ရတတ်တယ်။ ဘဝကို တိုက်ပွဲတစ်ခုပမာ ရင်ဆိုင် ရုန်းကန် ရတတ်ပါတယ်။ ကိုယ်တိုင်ကလည်း နှမြောတွန့်တိုခြင်း၊ အလှူရက်ရောခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကြမ်းတမ်းခက်ထန်ခြင်း စသည့် အစွန်းတရားများ ရောပြွမ်းနေတတ်တယ်။ ကံကောင်းလာပြီဆို မိုးပေါ်ကကျသလို ကောင်းတတ်ကြတယ်။

သိကြားမင်းမသလို ကောင်းလာတတ်တယ်။ လှပသော စိတ်ကူး၊ ထူးခြားသော ဉာဏ်ရည်တို့ဖြင့် ရိုးရိုးနှင့် ထိမိအောင် နေတတ်၊ ဝတ်တတ်၊ ပြောတတ်၊ လုပ်တတ်သဖြင့် တိုးတက်တတ်ကြမယ်။ သီလရှိခြင်း၊ သစ္စာရှိခြင်း၊ ပွင့်လင်းခြင်း၊ မဟုတ်မခံသတ္တိ၊ ဗျတ္တိရှိခြင်းတို့က အောင်မြင်မှုဆီသို့ တွန်းပို့ပေးသော စွမ်းရည်များဖြစ်တယ်။ ငယ်က ဆင်းရဲမယ်။ ဖခင်နှင့် ဝေးခဲ့ရတတ်တယ်။ ဘဝတွင် တောတောင် ဥယျာဉ်ပန်းခြံတို့၌ တစ်ယောက်တည်း မကြာခဏ အနားယူလျှက် ခေါင်းအေးအေးဖြင့် စဉ်းစား လုပ်ဆောင်သွားသင့်တယ်။ ဘဝတွင် ငွေရလာသောအခါ စုဆောင်းရ ခက်ခဲတတ်တယ်။အထူး စည်းစနစ်တကျ စုဆောင်းသင့်တယ်။

ဘဝသက်တမ်း တစ်လျှောက်ကံကောင်းစေရန်၊ လာဘ်ရွှင်စေရန်၊ ရာထူးတိုးစေရန်၊ စိတ်ချမ်းသာစေရန်၊ အထူး ကောင်းကျိုးပေးသော အရောင်များမှာ အစိမ်းနုရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်၊ နို့နှစ်ရောင်တို့ ဖြစ်တယ်။ အရောင်နုများကို အထူး သုံးသင့်တယ်။ တစ်ခါတစ်ရံမှသာ ဖဲစကဲ့ သို့ အရောင် တလက်ထသော ငွေရောင်၊ ဖက်ဖူးရောင်တို့ကို ဝတ်ဆင်သုံးစွဲခြင်းဖြင့် အထူးေ အောင်မြင် တိုးတက်ပါလိမ့်မယ်။ နှလုံးသားရေးကိစ္စတွင် အထူးကြုံသောအခါ ဖက်ဖူးရောင်နှင့် ပန်းနုရောင်ကို သုံးစွဲပါ။ စာမေးပွဲကိစ္စ၊ အင်တာဗျူး ကိစ္စတို့ကြုံသောအခါ အပြာနု၊ အစိမ်းနုနှင့် နို့နှစ်ရောင်ကို သုံးပါ။ အလွန် ထူးခြားစွာ အောင်မြင်လိမ့်မယ်။ ပုလဲကို အမြဲဆောင်ထားသင့်တယ် လာဘ်ရွှင်ခြင်း၊ ငွေဝင်ခြင်း၊ ငွေမြဲခြင်းတို့ ဖြစ်တတ်တယ်။ ဂန္ဓာပန်းအဖြူ၊ ကြာပန်းအဖြူ၊ ကြာပန်းအနီ၊ နှင်းဆီပန်း ပန်းရောင်နှင့် စံပယ်ပန်းတို့ကို အလှထိုးခြင်း၊ ဘုရားပန်း ကပ်လှူခြင်းပြုပါ။ ကံပွင့် လာဘ်ပွင့်၍ စိတ်ချမ်းသာစေတတ်ပါတယ်။ အရေးတကြီး ကိစ္စကြုံက ၎င်းတို့ကို ဆောင်၍ဖြစ်စေ၊ ဘုရားစင်တွင် လှူ၍ဖြစ်စေ ဆောင်ရွက်က အထူး အောင်မြင်တတ်တယ်။ ဘဝကို လမ်းဘေးရောက်နေသော အခြေအနေမျိုးမှ ပြန်လည် ထူထောင်ကာ ကြိုးစားပြီး တိုးတက်လာရတတ်တယ်။ ဝါဆိုလ မွေးဖွားသူတို့သည် သူမတူအောင် ဆွဲဆောင်မှု ရှိတတ်တယ်။ ဟန်ပန်အမူအရာ ပင်ကို ဓါတ်ခံညှို့အား ကောင်းတယ်။ ရိုးရိုးရှင်းရှင်းနှင့် အေးဆေး တည်ကြည်စွာ ကြိုးစားပေးဖို့ လိုပါတယ်။

သြဇာအာဏာ ပြည့်ဝသော ဟန်ပန် အမူအရာ ရုပ်သွင်တို့ကပင် ဘဝ အောင်မြင်မှုအတွက် အထောက်အပံ့ ဖြစ်တတ်တယ်။ သို့သော် ဘဝတွင် ကံကြမ္မာ အလှည့်အပြောင်း၊ အကြောင်းမသင့်၍ နစ်နာချိန်၊ ကျရှုံးချိန်တို့တွင် အကူအညီရခဲတယ်။ မကူညီသည့်အပြင် ဘ၀ တက်လမ်းကို နှောက်ယှက်သူ၊ ပိတ်ပင်သူများပင် ကြုံတတ်တယ်။ ဝါဆိုလဖွားတို့၏ ဘဝသည် အလွန် အထီးကျန်ဆန်တတ်တယ်။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပေးမှ မြင့်မားသော ဘဝကို ရရှိတတ်တယ်။ အောင်မြင် ကျော်ကြားမယ်။ မိတ်ဆွေကောင်း အလွန်ရှားမယ်။ ကိုယ့်အနီးအပါးတွင် လာခိုသူများသာ များတတ်တယ်။ ကိုယ်က အားကိုး၍မရ။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပါ။ ဝါဆိုလဖွားတို့သည် ပထမပိုင်းတွင် ဘာမှမယုံတတ် လုပ်မှရသည့် ဟူသော ရုပ်ဝါဒကိုသာ လက်ခံတတ်တယ်။ ဘ၀ အလှည့်အပြောင်း ကြုံပြီးမှ ဘာသာရေးကို အထူး သက်ဝင်ယုံကြည်ကာ အထူး လေ့လာ အားထုတ်တတ်တယ်။ ဘာသာရေးကြောင့် အောင်မြင်တတ်ပါတယ်။

(၁) အငြိုးအတေး ထားပြီး ကလဲ့စား ချေတတ်သော အစွန်းရောက်စိတ်ကို ပယ်ပါ။

(၂) ကိုယ်ကိုယ်တိုင် ရရှိသော စိတ်ကူးကောင်း အကြံကောင်းများကို အကျိုးမဲ့ ရှောက်ပြောခြင်းမပြုဘဲ လက်တွေ့ အကောင်အထည်ဖော်ပါ။

(၃) မိတ်ဆွေ၊ ဆွေမျိုးတို့အပေါ် အနွံတာခံပြီး ပေါင်းသင်းပါ။ ကင်းကွာ မနေပါစေနှင့်။

(၄) ဘာသာရေး အထူးဖက်တွယ်ပါ။ ထို့အတူ မမြင်အပ်သော နာမ်လောကပိုင်းနှင့် စပ်ယှဉ်၍ သဘာဝကျကျ လက်ခံကာ မေတ္တာ ဘာဝနာပွားများပါ။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။