ပြဿဒါးဆိုတိုင်းကြောက်စရာမလို

Astrology
ပြဿဒါးဆိုတိုင်းကြောက်စရာမလို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပြဿဒါးဆိုတိုင်းကြောက်စရာမလို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပြဿဒါးဆိုတိုင်းကြောက်စရာမလို

ကျွန်တော်တို့ မြန်မာလူမျိုး ဗေဒင်ယုံကြည်ကြသူများအနေနဲ့ “#ပြဿဒါး”ရက်ကို ကြောက်ကြတာကို တွေ့ရပါတယ် ။ (အနောက်နိုင်ငံသားတွေ(13)ရက်နဲ့Friday(သောကြာနေ့)တစ်ထပ်တည်း ကျတာကို ကြောက်ကြတာမျိုးနဲ့ ဆင်တူမယ်လို့ ထင်ပါတယ် ။)

သူတို့လူမျိုးတွေတော့ အဲဒီလိုနေ့ရက်မျိုးတွေမှာဘယ်လိုဘယ်ပုံ သွားလာလှုပ်ရှား ကြသလဲတော့ မသိဘူးပေါ့ ။ ဆိုလိုတာက ဘယ်လို အစီအရင်တွေနဲ့ဘယ်လိုယတြာတွေကို အသုံးပြုပြီး ဆောင်ရွက်ကြသလဲပေါ့ ။

ကျွန်တော်တို့ မြန်မာမှု ဗေဒင်ပညာရပ်မှာတော့ “ပြဿဒါးရက်”မှာ မဖြစ်မနေ ခရီးထွက်ရမယ် ၊ရောင်းဝယ်ဖောက်ကား သွားလာလှုပ်ရှား ရမယ်ဆိုရင် အောက်ပါအတိုင်း နေ့အလိုက် သက်ဆိုင်ရာပန်းလှူဒါန်းပြီး သက်ဆိုင်ရာ ဂါထာမန္တန် ရွတ်ဆိုလို့လုပ်ဆောင်နိုင်ပါတယ် ။

တနင်္ဂနွေနေ့ပြဿဒါးရက်မှာဆိုရင်နေအိမ်ဘုရားကိုဒါန်းညွန့်လှူဒါန်းပြီး”ရဝိဝါရေ တေဇောဓာတု”ဂါထာ ရွတ်ဆိုကာ လုပ်ကိုင် ဆောင်ရွက်ပေးပါ ။

တနင်္လာနေ့ပြဿဒါးရက်မှာဆိုရင်နေအိမ်ဘုရားကိုအုန်းညွန့်လှူဒါန်းပြီး “စန္ဒဝါရသ္မိံ နက္ခမိ” ဂါထာ ရွတ်ဆိုကာ လုပ်ကိုင် ဆောင်ရွက်ပေးပါ ။

အင်္ဂါနေ့ပြဿဒါးရက်မှာဆိုရင်နေအိမ်ဘုရားကိုကံ့ကော်ညွန့်လှူဒါန်းပြီး”အင်္ဂါဝါရေစ နိဗ္ဗူတော” ဂါထာ ရွတ်ဆိုကာ လုပ်ကိုင် ဆောင်ရွက်ပေးပါ ။

ဗုဒ္ဓဟူးနေ့ပြဿဒါးရက်မှာဆိုရင်နေအိမ်ဘုရားကိုဇွန်ညွန့်လှူဒါန်းပြီး “ဗုဒ္ဓဝါရမှီ သဗ္ဗုဒ္ဓေါ” ဂါထာရွတ်ဆိုကာ လုပ်ကိုင် ဆောင်ရွက်ပေးပါ ။

ကြာသပတေးနေ့ပြဿဒါးရက်မှာဆိုရင်နေအိမ်ဘုရားကိုရွက်လှညွန့်လှူဒါန်းပြီး “ကြက္ကန္တော ရုရုဝါရသ္မိံ”ဂါထာ ရွတ်ဆိုကာ လုပ်ကိုင် ဆောင်ရွက်ပေးပါ ။

သောကြာနေ့ပြဿဒါးရက်မှာဆိုရင်နေအိမ်ဘုရားကိုပေါက်ပန်းဖြူညွန့်လှူဒါန်းပြီး “သေကြဝါရမှီ ဝိဇာလိ” ဂါထာ ရွတ်ဆိုကာ လုပ်ကိုင် ဆောင်ရွတ်ပေးပါ ။

စနေနေ့ပြဿဒါးရက်မှာဆိုရင်နေအိမ်ဘုရားကိုသီးညွန့်လှူဒါန်းပြီး “သောရီဝါရေ ဓမ္မစက္ကေ”ဂါထာ ရွတ်ဆိုကာ လုပ်ကိုင် ဆောင်ရွက်ပေးပါ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။