ဆီးအောင့်၊ ဆီးကျောက်တည်ခြင်များးအတွက် ခရုခွံ နှင့် သံပုရာသီး

Health
ဆီးအောင့်၊ ဆီးကျောက်တည်ခြင်များးအတွက် ခရုခွံ နှင့် သံပုရာသီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီးအောင့်၊ ဆီးကျောက်တည်ခြင်များးအတွက် ခရုခွံ နှင့် သံပုရာသီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆီးအောင့်၊ ဆီးကျောက်တည်ခြင်များးအတွက် ခရုခွံ နှင့် သံပုရာသီး

ခရီးကပန်း လမ်းကကြမ်းရသည့်ထဲ သွားရသည်က ခြေလျင်ခရီး တကယ်မနီးလှပါ။ လမ်းဖောက်လုပ်ရေး တာဝန်ဖြင့် ကလေးဝမှ မော်လိုက်မရောက်ခင် ပလူဇဝရွာအထိဖြစ်သည်။

နေကလည်း ပူသည်မို့ ထင်သလောက် ခရီးမတွင်ပေ။ခက်သည်က အလုပ်သမားခေါင်းဆောင် ကွမ်းစားမောင်ဦး ဆီးသွားမရ အောင့်လှသည်ဟုဆို၍ ထမ်းစင်ဖြင့် ပါအောင်ခေါ်ရပြန်သည်။သို့ဖြင့် ညနေ(၃)နာရီကျော်မှ နတ်မော်ကယ်ရွာသို့ရောက်ရကာ ဘုန်းတော်ကြီးကျောင်းတွင် နားကြသည်။

ဆရာတော်က ဆီးအောင့်၍ အော်ဟစ် ညည်းညူနေသော မောင်ဦးကိုတွေ့၍ ဆီးအောင့်ပြီး ဆီးသွားမရကြောင်း သိရသောအခါ – ဒါများဒကာရယ် ဘုန်းကြီးကုပေးပါမယ်ဆို၍ စေတီပုံခရုခွံ (၃/၄)ခုအား ချင်းတွင်းမြစ်နံဘေး သောင်စပ်တွင် သွားရောက်ရှာဖွေစေပြီး မီးဖုတ်စေပါသည်။ထို့နောက် သန့်စင်သောဆုံတွင် အမှုန့်ဖြစ်အောင် ထောင်းပြီး စေတီခရုမှုန့် လက်ဖက်စားဇွန်း(၁)ဇွန်းစားကို ရေထည့်ထားသောကြွေရေနွေးပန်းကန်လုံးလေးထဲသို့ ထည့်ပြီး သံပုရာသီး တစ်စိတ်ကို ညှစ်၍ အနည်ထိုင်စေရန် (၁၀)မိနစ်မျှ စောင့်ဆိုင်းစေကာ အပေါ်ရေကြည်ကို မောင်ဦးအားတိုက်၏။ ထိုပြင် စေတီခရုမှုန့်နှင့် သံပုရာရည်ကို ကျောက်ပျဉ်တွင် သွေးစေ၍ မောင်ဦး၏ ဆီးစပ်ကို လိမ်းလူးစေပါသည်။

အံ့သြဖွယ်ကောင်းသည်က နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက်ခြင်း၊ လိမ်းခြင်း ပြုပေးလိုက်ရာ နောက်တစ်နေ့ နံနက်တွင် မောင်ဦး ဆီးများ အားပါးတရသွားကာ ဆီးအတွင်း ကျောက်မှုန့်ကျောက်စများ ပါသွားခြင်း ဖြစ်တော့သည်။လမ်းအလုပ်သမားအဖွဲ့များလည်း အလုပ်သမားခေါင်းဆောင် မောင်ဦး ကျန်းမာရေး ကောင်းမွန်သွားပြီ ဖြစ်၍ နတ်မော်ကယ်ရွာလေးမှ ပလူဇဝဆီသို့ ခရီးဆက်နိုင်ကြပါတော့သည်။နတ်မော်ကယ်ရွာ ဆရာတော်ပေးသော ဆီးသွားကျောက်ကြေစေသော စေတီပုံခရုခွံအကြောင်း လက်လှမ်းမီသမျှ မိတ်ဆွေများကိုလက်ဆင့်ကမ်းမျှဝေပေးရာ ဆီးအောင့်ကျောက်တည် သောဝေဒနာရှင်များ သက်သာပျောက်ကင်းသည်ဆိုပါ၍ လိုသူတို့သုံးနိုင်ပါရန် တင်ပြရေးသားလိုက်ပါသည်။

ဆေးနည်း

(၁) စေတီခရုခွံလေးများကိုကို မီးဖုတ်ပြီးထောင်းရန်(အမှုန့်ညက်ညက်လေးရရှိအောင် အဝတ်စဖြင့် စစ်နိုင်ပါက ပိုကောင်းပါသည်)။ ထိုခရုခွံအား နေရာဒေသအလိုက် အမျိုးမျိုး ခေါ်ဝေါ်မှုရှိပါသည်။

(၂) သံပုရာသီး – အထက်တင်ပြပါ အတိုင်း ခရုခွံမှုန့်နှင့် သံပုရာရောစပ်သောက်ခြင်း၊ ခရုခွံမှုန့်နှင့် သံပုရာရည်ရောစပ်၍ ဆီးစပ်တွင်လူးပေးခြင်းဖြစ်ပါသည်။

တောနေပြည်သူတို့ဆီးအောင့်ကျောက်တည်ဝေဒနာ ခံစားရပြီး ဆေးရုံဆေးခန်းပြသရန် ခက်ခဲသူတို့ အတွက် ရည်စူးမိပါ၏။ ဆေးနည်းပေးသော နတ်မော်ကယ်ဆရာတော်ကြီးအား ဦးခိုက်လျက်…။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။