သင် ဘယ်လိုအမျိုးသမီးနဲ့ အိမ်ထောင်ကျမလဲ

Astrology
သင် ဘယ်လိုအမျိုးသမီးနဲ့ အိမ်ထောင်ကျမလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင် ဘယ်လိုအမျိုးသမီးနဲ့ အိမ်ထောင်ကျမလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင် ဘယ်လိုအမျိုးသမီးနဲ့ အိမ်ထောင်ကျမလဲ

တွက်လိုသူ၏ မြန်မာသက္ကရာဇ်ကို ၄ နဲ့​{×}ပါ ။ မြောက်လို့ရတဲ့ အဖြေကို ၇ နဲ့ {÷}ပါ ။ အကြွင်းကို အောက်မှာ ဖတ်ပါ ။

မြန်မာမွေးသက္ကရာဇ်ရှာနည်း

မွေးနှစ်ခရစ်နှစ်ထဲက ( April 16 ရက် မကျော်လျှင် )၆၃၉ ကို{-}ပါ ။ မွေးနေ့ မြန်မာသက္ကရာဇ်ရပါမည် ။ မွေးနှစ် ခရစ်နှစ်ထဲက ( April 16 ရက်ကျော်လျှင် ) ၆၃၈ကို {-} ပါ ။ မြန်မာ သက္ကရာဇ်ရမည် ။

အကြွင်း (၇)ဆိုလျှင် အကြွင်း(ဝ)ဟောကိန်း နှင့် အတူတူဖြစ်သည် ။ အကြွင်း (၈)ဆိုလျှင် အကြွင်း (၁)ဟောကိန်းနှင့် အတူတူဖြစ်သည် ။ အကြွင်း (၉) ဆိုလျှင် အကြွင်း (၂) နှင့်အတူတူဖြစ်သည် ။

အကြွင်း( ၁ )

အကြွင်း(၁) ရခဲ့ရင်တော့လက်မ ထောင်လိုက်ပါ ။ ဖိုးကံကောင်းလေးပေါ့ ။
ကိုယ်ရမဲ့မိန်းကလေးက အပြစ်ကင်းသူလေးပါ ။ ကိုယ့်ကျင့် သိက္ခာနဲ့ပြည့်စုံတဲ့သူပါ ။
အေးတဲ့ နေရာမှာတော့ ရေခဲက ဆရာခေါ်ရအောင်ပါပဲ ။
ရည်းစားတောင် ထားရကောင်းမှန်းမသိတဲ့သူပါ ။ အလုပ်တစ်ဖက် ပညာတစ်ဖက်နဲ့ ဘ၀သမားလေးပါ ။

ကိုယ်ပိုင်အစွမ်း အစနဲ့ နေနိုင်တဲ့သူ ၊ ဥာဏ်ထက်မြက်တဲ့သူလေးပါ ။ တစ်ခါတစ်လေ နွဲ့ဆိုး ဆိုးတက်ပေမဲ့ တည်တည်ကြည်ကြည်နဲ့ နေထိုင်တက်သူဖြစ်မယ် ။ သွက်သွက်လက်လက်နဲ့ မိန်းမဆန်တယ် ။

ခေတ်မီပေမဲ့ ခေတ်မဆန်ဘူး ။ သ၀န်လေးတော့ ကြောင်တက်တယ် ။ သူ့ရှေ့မှာ မိန်းကလေးအကြောင်းတော့ ယောင်လို့တောင် မပြောမိစေနဲ့ ချော့ရတာ မောသွားမယ် ။ သူများတွေနဲ့ကျရင် လူကြီးဆန်ပြီး ကိုယ့်အပေါ်ကျတော့ ကလေးဆန်လွန်းတော့ မိဘတွေတော့ အမြင်မကြည်ဖြစ်လိမ့်မယ် ။ ကိုယ့်အပေါ်မှာတော့ သစ္စာရှိတဲ့သူလေးပါနော် ။

အကြွင်း(၂ )

အကြွင်း(၂)ရခဲ့ရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့သာ အဓိပ္ပာယ်ဖွင့်လိုက်ပါတော့ ။
ကိုယ့်ကတော့ အချစ်သူရဲကောင်းကြီးပါ ။ မေတ္တာတရားအပြည့်နဲ့ ခွင့်လွှတ်ကြင်နာတက်တဲ့သူပေါ့ ။

ကိုယ်နဲ့တွေ့မဲ့ မိန်းကလေးက အခြားသူကြောင့် အသဲကွဲ ဝေဒနာခံစားနေရသူလေးပါ ။
သူ့အကြောင်းကို မခြွင်းမချန် ရင်ဖွင့်လာမဲ့သူပေါ့ ။ ကိုယ်က ကရုနာအပြည့်နဲ့ စီးကြိုမဲ့သူပါ ။

သူကလည်း အတိတ်ကလူဆီကို စိတ်မညွတ်ပဲ သစ္စာရှိမဲ့ မိန်းကလေးပါ ။
အလွန်သာယာတဲ့ အိမ်ထောင်ရေးဖြစ်လာပါလိမ့်မယ် ။ အိမ်ထောင်တာ၀န် ကျေပွန်တဲ့အိမ်ရှင်မတစ်ယောက်ပါ ။အချောအလှလေးကလည်း ဖြစ်ဦးမှာ ။ရုပ်ဆင်းရူပါကတော့ လူတကာ ငေးရလောက်တဲ့သူနော် ။

အိမ်ထောင်ထိန်းတော်ပြီး ကိုယ့်မိဘအသိုင်းအဝိုင်းနဲ့လည်း အဆင်ပြေလို့ နောက်ဆို ကိုယ်ကသမက်လို့တောင် အထင်ခံရလိမ့်မယ်နော် ။

အကြွင်း( ၃ )

အကြွင်း(၃) ရခဲ့ရင်တော့ တော်တော်ကြီးမဲ့သူပဲ ။ တမျိုးမတွေးနဲ့ဆွေကြီးမျိုးကြီးထဲက ဖြစ်ဖြစ် ၊ မြင့်မြတ်သောအမျိုးအနွယ်ကဖြစ်ဖြစ် ဒီလို မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျမှာ ။ ဂုဏ်ပကာသန ၀န်းကျင်အလည်ကပေါ့ ။

တော်တော်မာနကြီးမှာပါ ။ စိတ်ကြီး ခေါင်းမာ ပညာတတ် နှလုံးသားချိုသောလည်း ဘုဂွပြောတတ်ပြီး တော်ရုံတန်ရုံကို အဖက်မလုပ်တက်တဲ့သူမျိုး ၊ ပညာတတ်ပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ရပ်တည်နိုင်တဲ့သူ ၊ တစ်ခုတော့ပြောမယ် ။ ကိုယ်နဲ့ အိမ်ထောင်ကျပြီးလည်း ကိုယ့်အသိုင်းဝိုင်းထဲ၀င်လာမဲ့သူမျိုး မဟုတ်ဘူး ။

ကိုယ်ကပဲ သူ့အသိုင်းဝိုင်းထဲ၀င်ရလိမ့်မယ် ။ အနိုင်လိုတာ မဟုတ်ပေမယ့် အနိုင်ကျင့်တဲ့ ဝါသနာတော့ရှိတယ် ။သူနဲ့အိမ်ထောင်ကျပြီးအပေါင်းအသင်း ငယ်မိတ်ဆွေတွေထဲမှ ခပ်ညံ့ညံ့လာလည်ရင် တော် ရန်ဖြစ်မှာ ၊ ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်လေ ။ အိမ်ထောင်ကြောင့်ဘ၀မှာ ထူးခြားတဲ့ တိုးတက်မူတွေရရှိမှာ ။

သူ့ကြောင့်ပဲ တိုးတက်မှုတွေရ လာလိမ့်မယ် ။ သူကလည်း ကိုယ့်ကို တိုက်တိုက်တွန်းတွန်းလေး အလုပ်လုပ်ခိုင်းမှာ ။ကွယ်ရာမှ သူငယ်ချင်းတွေ မိန်းမကြောက်လို့ ပြောရင်တော့ ခံပေတော့ ။ဒါပေမယ့် အောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်နောက်မှာထက်မြက်တဲ့ မိန်းမရှိတယ် ဆိုတာမျိုးပေါ့ ။

အကြွင်း( ၄ )

အကြွင်း(၄)ရခဲ့ရင်တော့ တော်၀င်သူလေးပါ ။အသိုင်းဝိုင်းကြီးထဲကနေ အချစ်တွက်အရာရာကို စွန့်လွတ်ပြီး ကိုယ့်ဘ၀ထဲ ရောက်လာမဲ့သူလေးပါ ။လေးစားလောက်စရာ လူမျိုးဖြစ်ပါလိမ့်မယ်။ဘ၀အတွေ့အကြုံနည်းပြီး ဘ၀ကိုအေးအေးချမ်းချမ်း ၊ ပြည့်ပြည့်စုံစုံနဲ့ နေထိုင်ခဲ့တဲ့သူပါ ။

သဇင်ပန်းလိုမိန်းမသားနဲ့ အိမ်ထောင်ကျလို့သူငယ်ချင်းများက မုဒိတာပွားကြပါလိမ့်မယ် ။အလွန်သီးခံတတ် ၊ ခွင့်လွတ်တတ်ပေမဲ့ မဟုတ်တာလုပ်ရင်တော့ တော်တော့်ကို ပွဲကြမ်းမဲ့သူ မာနခဲမလေးပါ ။

မိဘတွေနဲ့လည်း အဆင်ပြေပါလိမ့်မယ် ။ အပေးကမ်းလည်း ရက်ရောတယ် ။ အရာရာကိုယ့်သဘောပါ ။ အဲ နောက်တစ်ယောက်တော့ စိတ်နဲ့တောင် ရှုတ်ဖို့မစဉ်းစားနဲ့ ၊ ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီးသားပဲနော် ။ သဘောထားကြီးပေမဲ့ ဒါမျိုးတော့ ခွင့်မလွတ်တတ်ဘူး ။ အပြင်အလုပ်ထွက်လုပ်ရင်တောင် အိမ်ထောင်မှု မလစ်ဟင်းစေရတဲ့ သူမျိုးပါ ။ မိန်းမရကံကောင်းပါတယ် ။

အကြွင်း( ၅ )

အကြွင်း(၅)ရခဲ့ရင်တော့ ဆိုရှယ်မမပဲ ၊ ခေတ်ထက်ကို ရှေးကပြေးနေတဲ့ သူလေ ၊ ​ေဟာ့ရှော့လို့ပြောရမလား ၊ အလန်းဇယားလို့ပြောရမလား ၊ အတော်ကို စတိုင်မိတဲ့ မလိုင်ခဲမမနော် ။

ပြင်ဆင်ထားပုံများကတော့ မားကတ်မှာ အလှပြထားတဲ့ ကော်ပတ်ရုပ်နဲ့ နင်လားငါလား ၊ရည်းစားများတာလား လာမပြောနဲ့ ။ ရှင့်တောင်သနားလို့ ယူထားတာနော် ။

လွတ်လပ်မှုကို မြတ်နိုးပြီး ကိုယ်ပိုင်အစွမ်းအစနဲ့ နေချင်တဲ့သူ ၊ သွားများ မပြောမိစေနဲ့ ၊ကိုယ့်ကို ပြန်တရား ဟောသွားလိမ့်မယ် ။ သူ့ကျေးဇူးနဲ့ နိုင်ငံခြားလည်း ရောက်ဦးမယ်

ပညာတော်သင်တော့ မဟုတ်ဘူး ၊ အလုပ်လုပ်ဖို့ အတင်းလွတ်လိုက်တာ ၊ ပစ္စည်းဆိုလည်း အကောင်းစားမှ သုံးတာ ၊ အစားအသောက်ဆိုလည်း ထမင်းချက် ကောင်းကောင်းခန့်ပေးထားရမယ် ။သူနဲ့အိမ်ထောင်ကျပြီး သူ့ပုံစံအတိုင်း ကိုယ်ပါမျောပါသွားလို့ သူငယ်ချင်းတွေ လမ်းတွေ့ရင်တောင် မမှတ်မိဖြစ်နေလိမ့်မယ် ။

အကြွင်း( ၆ )

အကြွင်း(၆)ရခဲ့ရင်တော့ မေတ္တာတရားကြီးမားတဲ့သူပါ။ တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ သူငယ်ချင်းလို မိတ်ဆွေလိုကနေ အဆင့်တက်သွားမှာပါ ။
သူနဲ့ အိမ်ထောင်မကျခင် ကိုယ့်မှာ ရည်းစားရှိခဲ့တာလည်း သူကသိနှင့်ပြီးသားပါ ။
မမျှော်လင့်ပဲ သံယောဇဉ်တွယ်ပြိး ချစ်သွားကြမှာ ၊ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်အောက်မှာအေးအေးချမ်းချမ်းနေရမှာပါ ။

ဆိုးတိုင်ပင် ကောင်းတိုင်ပင် နှစ်ယောက်သား အတူသွားအတူလာ ဖြစ်လိမ့်မယ် ။ သဘောထားကြီးပြီး အရမ်းချစ်တက်တဲ့ မိန်းကလေးပါ။

နားလည်မှုရှိပြီး ကိုယ့်ပတ်၀န်းကျင်နဲ့ အဆင်ပြေမဲ့သူပါ ။ အိမ်ထောင်ကျပြီး နောက်ကိုယ့်အလုပ်တွေကို ဝိုင်းကူပြီး ကြီးပွားရေး စီးပွားရေးတွေ လုပ်ဖြစ်ပါလိမ့်မယ် ။
သင့်အတွက် အရာအားလုံး သူ့လက်သူ့ခြေနဲ့ကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်တဲ့သူမျိုးပါ ။ သင့်ကို သူငယ်ချင်းတွေ ဝိုင်းပြီးအားကျနေလိမ့်မယ် ။

အကြွင်း(၀)

အကြွင်း(၀)ရခဲ့ရင်တော့ တော်တော်လေးထူးခြားတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါလိမ့်မယ် ။ကိုယ့်ထက် တစ်ခုခုကြီးတဲ့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျလိမ့်မယ် ။
အသက်တို့ ပညာတို့ ဂုဏ်တို့ကိုပြောတာနော် ။
ဘာသာမတူတာမျိုးလည်း ဖြစ်တတ်တယ် ။ ကိုယ့်အပေါ်မှာ အလိုလိုက်လိမ့်မယ် ။
အရိပ်တကြည့်ကြည့်နဲ့ စိတ်မချဖြစ်တက်တယ် ။

သူများ ပစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ အလှတော့ အတော်ပြင်မဲ့သူပဲ ။ ကိုယ့်အပေါ်မှာမိခင်မေတ္တာမျိုးနဲ့ ချစ်လိမ့်မယ် ။
ကိုယ်ဆိုးသမျှ အနွံအတာခံပြီး သူစိတ်အလိုမကျရင်တော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ ဖြစ်လိမ့်မယ် ။

ဘ၀မှာ ကြုံတွေ့ရမဲ့ အခက်အခက်တွေကို လက်တွဲမဖြုတ်ပဲ ရင်ဆိုင်ပေးမဲ့သူမျိုးပါ ။ ခေတ်ပညာတတ်ပြီး အစွမ်းအစရှိတဲ့သူ ၊ ဆရာလုပ် အမိန့်ပေးနိုင်တဲ့သူပါ ။
(အကြွင်း (၇)ဆိုလျှင် အကြွင်း (ဝ)ဟောကိန်း နှင့် အတူတူဖြစ်သည် ။ အကြွင်း (၈)ဆိုလျှင် အကြွင်း (၁) ဟောကိန်းနှင့် အတူတူဖြစ်သည် ။ အကြွင်း(၉) ဆိုလျှင် အကြွင်း (၂)နှင့် အတူတူဖြစ်သည် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။