ထောင်ကလွတ်ဖို့ မိုင်းဖုန်းဆရာတော် အိပ်မက်ပေးတာခံရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်

Celebrity
ထောင်ကလွတ်ဖို့ မိုင်းဖုန်းဆရာတော် အိပ်မက်ပေးတာခံရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထောင်ကလွတ်ဖို့ မိုင်းဖုန်းဆရာတော် အိပ်မက်ပေးတာခံရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထောင်ကလွတ်ဖို့ မိုင်းဖုန်းဆရာတော် အိပ်မက်ပေးတာခံရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဟာဆိုရင် စစ်တပ်ကထွက်ခဲ့ပြီးတဲ့နောက် အမှန်တရားဘက်ကပဲ အမြဲရပ်တည်ခဲ့တာမို့ လူသိများထောက်ခံမှုများပြားတဲ့လူတယောက်ဖြစ်ပါတယ်။ အာဏာသိမ်းဖြစ်စဉ်အပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲ ၁ယောက်အပါအဝင်ဖြစ်ပြီး ယခုအခါ အမှန်တရားဘက်ကပဲဆက်လက်ရပ်တည်နေသူ တယောက်လည်းဖြစ်ပါတယ်။

အခုအခါမှာ မိုင်းဖုန်းဆရာတော်နဲ့ပက်သက်ပြီးထူးခြားတဲ့ အိမ်မက်အကြောင်း ဝေမျှလာတာဖြစ်ပါတယ်။

“ပြောလိုတာလေးရှိပါသည်။ထူးခြားသည်တော့မဟုတ်နိုင်ပါ။စိတ်အစွဲနှင့် တိုက်ဆိုင်တာလည်း ဖြစ်နိုင်သည်။မိုင်းဖုန်းဘုန်းတော်ကြီး နှင့် ပတ်သက်သောအိမ်မက်တခု အကြောင်း ပြောပြလိုခြင်းဖြစ်ပါသည်။

မိတ်ဆွေတယောက် ရေးထားသည့်ဂူမှလွတ်ရက်ပင်ကြိုမြင်သေးတာနိုင်မည့်ဘက် အဆောင်လက်ဖွဲ့ပေးတာပေါ့ဟူသည့် စကားစုလေးနဲ့ ပတ်သက်ဆက်စပ်တွေးမိသတိရလာခြင်းဖြစ်သည်။ကျနော် ထောင်မှ မလွတ်ခင် တပတ်အတိ ည က အိမ်မက်တခု မက်သည်။ထိုအိမ်မက် မမက်ခင် မနက်ပိုင်းတီဗီသတင်းတပုဒ်မှ နေ၍မိုင်းဖုန်းဆရာတော်ဂူအောင်းကျင့်စဉ် ကျင့်ရာမှ ပြန်ထွက်လာကြောင်းသတင်းကို ကြားသိရခြင်း ဖြစ်သည်။

သူ၏ ဂူဝင် ရက်စွဲကို ကြားသိသော အခါကျနော်အဖမ်းခံရပြီး နောက်တပတ် တိတိရက်ဖြစ်နေသည်ကို ထူးဆန်းသလို တွေ့ရသည်။ထို့ကြောင့် ဘာရယ်မဟုတ် စိတ်ထဲကဆုတောင်းစကား တခု ဆိုလိုက်မိသည်။

ထိုဆုတောင်းစကား ဆိုမိသည့်အကြောင်းကိုလည်း အခန်းချင်းကပ်လျက်အကျဉ်းသား
တချို့ကို ပြောပြဖြစ်သည်။ဆုတောင်းစကားမှာ ဤသို့ဖြစ်၏။ကျနော် ဖမ်းခံရပြီး နောက်တပတ်မှာဆရာတော် က ဂူအောင်း ကျင့်စဉ်စတင်ခဲ့ပါတယ်။ အခု ဆရာတော် ဂူက ပြန်ထွက်လာပြီး နောက်တပတ်မှာ ကျနော့်ကို ထောင်ကထွက်ခွင့်ရအောင် ကူညီပါ ဟု ဖြစ်သည်။ကျနော်သည် ဘာသာရေးနှင့် ပတ်သက်ပြီးမေတ္တသုတ်လောက်သာ ဖတ်ဖူးသူတယောက် ဖြစ်ပါသည်။ မည်သည့် တန်ခိုးကြီး ဘုရား ဆရာတော် ဆိုသည်ကိုမှ ယုံကြည်သူမဟုတ်ပါ။

သို့သော် ထိုညတွင် အိမ်မက်တခု ထင်ရှားစွာမက်ပါသည်။ထိုသို့မက်ကြောင်းလည်း အခန်းဘေး မိတ်ဆွေတွေကို ပြောပြဖြစ်ပြန်ပါသည်။အိမ်မက်ထဲတွင်မိုင်းဖုန်ဆရာတော် ကျနော့်ထံရောက်လာပြီး ပြောသည်။ နောက်တပတ်မှာ ပျော်ရွှင်ရမှာပေါ့ ဆိုသကဲ့သို့သော အဓိပ္ပါယ်ပါသည့်စကားဖြင့် နောက်တပတ်မှာ တခုခု ဖြစ်ရမည် ဟု ပြောသွားသည်။

နောက်တပတ် တိတိ ၂၀၂၂ ခု ဩဂုတ်လ၁၂ ရက်နေ့တွင် ကျနော် ထောင်ကလွတ်သည်။အမှန်တကယ် ကျနော့် ထောင်လွတ်ရက်မှာ ဇွန်လ(၃) ရက်နေ့ဖြစ်သော်လည်း
ခြေချုပ်ဥပဒေအရ ဆိုကာ (၂)လ ကျော် ဆက်လက်ချုပ်နှောင်ထားခံရပြီး ဘယ်နေ့လွတ်မှန်းမသိသော ကာလ ဗြုန်းဆို လွတ်လာခြင်းလည်း ဖြစ်ပါသည်။

သို့သော် နေအိမ်အကျယ်ချုပ် ဆန်ဆန် ခြေချုပ်နှင့် ၂နှစ်တိတိ နေရန် အမိန့်နှင့် ဖြစ်သည်။အိမ်မက်က ပင် စိတ်စွဲလန်းမှုတခုခုကြောင့်မက်သလော ၊ ဆရာတော်ကပင် အစွမ်းတခုခု ရှိနေလေ သလော မသိ။ထောင်ကလွတ်ပြီးနောက် လျာထုတ်ပြနေသည့် ပုံတချို့တွေ့သော အခါ ထို အိမ်မက်အကြောင်း အများသူငှါကို ပြောပြဖို့ မဝံ့သဖြင့် အလွန်ရင်းနှီးသူ ၂ယောက်ခန့် ကိုသာ ပြောပြဖြစ်ခဲ့သည်။

ယခု သူသည် အောင်မြင်စေကြောင်းအဆောင်လက်ဖွဲ့ များကိုနိုင်မည့်ဘက် (MDY PDF) သို့ ပေးအပ်နေသည် ဆိုခြင်းမှာ မှန်ကန်သော ယူဆချက် တခု ဖြစ်နိုင်ပါလိမ့်မည်။

ရေးသားသူ – နေမျိုးဇင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။