စိပ်ပုတီး အဓိဌာန် အကြောင်းမှတ်သားစရာများ

Astrology Religion
စိပ်ပုတီး အဓိဌာန် အကြောင်းမှတ်သားစရာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိပ်ပုတီး အဓိဌာန် အကြောင်းမှတ်သားစရာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စိပ်ပုတီး အဓိဌာန် အကြောင်းမှတ်သားစရာများ

စိပ်ပုတီး- အဓိဌာန်၀င်ကြသူများ- မြန်မာမှာ များစွာရှိကြပါတယ်။

စိပ်ပုတီးကို- မဇ္စျိမဒေသ- ရဲ့ တရားလမ်းလျှောက်သူများ က-
မာလာ- လို့ ခေါ်ပါတယ်။ မာလာ- ဆိုတာ သီကုံးထားတာပါ။
အိန္ဒိယ ယောဂီကြီးများ- ဆာဒူးများ လိုက်နာကြရတဲ့- စိပ်ပုတီး စည်းကမ်းကို – မိတ်ဆွေများ- အဓိဌာန်၀င်ကြရာမှာ – သုံးလိုသူ- သူတော်ကောင်းများ သုံးနိုင်ရန်အတွက်- မျှဝေပေးခြင်း ဖြစ်ပါတယ်။

နောက်အရေးကြီးတဲ့ တချက်က
ဒီအချက်တွေဟာ- သာမာန် အဓိဌာန် ၀င်သူများ အတွက်သာ မက-
– ဂြဟဆုတြ ကျမ်းမှာ ပါ၀င်တဲ့- ဂြဟရှာန္တီ.. က- ဇပ ပြုတဲ့ သူများအတွက်.
– မြင့်မြတ်သော လမ်းကြောင်းလျှောက်သူ အချို့ဟာ- ကံကောင်းစွာနဲ့- ဆရာသခင်က- ဒိသ- ဖွင့်ပေးခြင်းခံရသူများအတွက်လည်းအရေးအကြီးဆုံး အချက် ဖြစ်နေတာရယ်..ဆရာမှ တပည့်သို့ လက်ဆင့်ကမ်းခြင်းသာ ပြုခဲ့ပြီး- ကျမ်းတစောင် ပေတဖွဲ့ မရှိခဲ့တာမို့-မိတ်ဆွေ သူတော်ကောင်း အပေါင်း – အကျိုးထူးစေနိုင်ဘို့ ဖြစ်ပါတယ်။

အဓိဌာန်၀င်သူ (ဇပရွတ်ဆိုသူ)- များရွတ်ဆိုရာတွင် လိုက်နာရမည့် စည်းကမ်း။

၁။ ပုတီးဖြင့်- ပုတီးတပါတ်မှ သည်- အပါတ်၂၀၀ အတွင်း- သက်ဆိုင်ရာ ဂါထာ – ဇပ အရ- နေ့စဉ် အဓိဌာန်ရွတ်ဆိုရမည်။

၂။ သာဓန ကျင့်နေသော- ယောဂီဆာဒူးများ အတွက် အနေဖြင့်မူ- (रुद्राक्ष) ရုဒြာက်ရှ ပုတီးဖြစ်စေ၊- ပင်စိမ်း (तुलसी) ပုတီး ဖြစ်စေ- ၁၀၈လုံး ပုတီးဖြစ်ရမည်။ (သာမာန် လူများအနေဖြင့်မူ- (रुद्राक्ष) ရုဒြာက်ရှ ပုတီးတွင်- မုခ- မမှားယွင်းစေရန် အထူးသတိပြုရန် လိုအပ်ခြင်း- အချို့သော မုခများသည်- လွန်စွာရှားပါးသောကြောင့်- အတုများ ပေါ်ပေါက်ရောင်းစားနေကြခြင်း- မှားယွင်းပါက- ဘေးထွက် ပြဿနာ ဖြစ်နိုင်ခြင်းကြောင့်- သာမာန် ပုဂ္ဂိုဟ်များ အတွက်မူ- ယင်းပုတီးများကိုမူ- အကြံမပြုပါ။)

၃။ ပုတီးစိပ်ရာတွင် ညာဘက် လက်ခလယ် နှင့်- ညာဘက် လက်မ ဖြင့်သာ စိပ်ခြင်း ပြုရမည်။

၄။ ပုတီးစိပ်နေစဉ် ပုတီးအား- ချက်အောက်သို့ နိမ့်ကျစေခြင်း မရှိစေရ။ နှလုံး သို့မဟုတ် နှာဝြဖင့် နီးသော နေရာတွင် လက်ကို ထားရှိရမည်။ (ဒိသ- ရထားသူများအတွက် အရေးကြီးသည်။)

၅။ မိမိ၏ ပုတီးကို အခြားသူအား မမြင်စေရ။ အဓိဌာန်ပြီးပါက- ပုတီးအား- သန့်စင်စေရပြီး- အ၀တ်ဖြင့် အုပ်၍- ပုတီးအိတ်တွင်ထည့်လျှက်- သာဓန ပြုရာနေရာတွင်သာ ထားရှိရမည်။ (ဒိသရထားသူများသည်- သူတို့၏ ပုတီးကိုသော်လည်းကောင်- သူတို့အား ဂုရုမှ ချပေးထားသော မန္တာန်ကိုသော်လည်းကောင်း တပါးသူ မသိမမြင်စေရပါ။)

၆။ ပုတီးခေါင်း – (ဝါ) မေယုမာလာ အား- ကျော်ဖြတ်၍ စိပ်ခြင်း မပြုရ။ ပုတီးတပတ်ပြည့်သော် အစမှ စတင်ရမည်။

၇။ ဂါထာ ရွတ်ဆိုခြင်း (ဝါ) ဇပ-အား စိတ်ဖြင့်- ပြုနိုင်သမျှ ကြာကြာ ပြုရမည်။ နှုတ်ဖြင့် ရွတ်ခြင်း၊ တနည်း ကျယ်လောင်စွာ ရွတ်ဆိုခြင်း နှင့် ပြုရာတွင် အာရုံပျံ့နှံ့ နေပါက- စိတ်တွင်းမှ- ပုတီးစိပ် ရွတ်ဆိုခြင်းအား သို့ ပြန်အာရုံညွှတ်ရမည်။

၈။ နံနက်စောစော အဓိဌာန် ရွတ်ဆိုခြင်းမပြုခင်- ရေချိုး၊ လက်ဆေး၊ မျက်နှာ၊ ပါးစပ်များ- ဆေးကြောထားရမည်။ အခြားအချိန်များတွင်မူ- အလွန်လိုအပ်ခြင်းမရှိ။

၉။ ပုတီးစိပ်ရာတွင်- rhythmic breathing – ပရာန ရာမ နှင့် အသက်ရှု တိုင်မင်ကိုက်ညီ စေလျှက်- သက်ဆိုင်ရာ ဂုဏ်ကျေးဇူးတို့အား- အာရုံ ပြုထားရမည်။ မိမိရှေ့တွင် ရုပ်ပွားတော် ပုံရှိစေရမည်။

၁၀။ ဂါထာတော ဖြစ်စေ- မန္တာန် ဖြစ်စေ ၏ အနက်အဓိပ္ပါယ်ကို- ဆင်ခြင် နှလုံးသွင်းလျှက် ရွတ်ဆိုနေခြင်း ပြုရမည်။

၁၁။ ဂါထာ-မန္တာန်၏ အသံ- တလုံးချင်းအား- ဌာန်၊ ကရိုဏ်း၊ ပယတ်- မာတြာ – ဒီဃာ ရသ ပြတ်သား ထင်ရှားစွာ အသံထွက်ခြင်း ပြုရမည်။

၁၂။ ဂါထာ-မန္တာန် (ဝါ) ဇပ အား- လွန်စွာမြန်စွာ ရွတ်ဆိုခြင်း၊ လွန်စွာနှေးကွေးစာ ရွတ်ဆိုခြင်း မပြုရ။ စိတ်အာရုံ ပျံ့လွင့်ပါက- အနည်းငယ်မြန်အောင် ရွတ်နိုင်သည်။

၁၃။ ဂါထာ-မန္တာန် အဓိဌာန်လုပ်နေချိန်တွင်- အခြားသော ကိစ္စအ၀၀- အာရုံပြောင်းစရာတို့မှ ဖယ်ထားရမည်။

၁၄။ သီးသန့် ဘုရားခန်းဖြစ်စေ၊ ဘုရားကျောင်းဖြစ်စေ၊ မြစ်ကမ်းနံပါး ဖြစ်စေ၊ ညောင်ပင်အောက်တွင် ဖြစ်စေ- အရှေ့ အရပ်သို့ ဖြစ်စေ၊ မြောက်အရပ်သို့ ဖြစ်စေ- မျက်နှာပြု၍ ရွတ်ဆိုရမည်။

၁၅။ ဘုရားထံမှ- လောကီစည်းစိမ် ဆိုင်ရာ ဆုများတောင်းဆိုခြင်း မပြုရ။

၁၆။ အဓိဌာန် ပြုနေချိန်တွင်- မိမိ၏ နှလုံးသားအား- သန့်စင်နေသည်ကို- အာရုံယူ၍- မိမိ၏ စိတ်သည်- မန္တာန်၏ တန်ခိုး- ဘုရား၏ တန်ခိုးတော်ကြောင့် တည်ငြိမ် နေသည်ကို အာရုံပြု ထားရမည်။

၁၇။ ဒိသ ရထားပြီးသူများ အတွက်မူ- မိမိ၏ – ဂုရုမန္တာန်သည်- လျှို့ဝှက်ချက်ဖြစ်သည်။ မည်သူ့ကိုမျှ မပေါက်ကြားစေရ။

၁၈။ အဓိဌာန် ပြုနေစဉ်တွင် .ဣရိယာပုတ် (ဝါ) [ဣရိယာ+ပထ] ပြောင်းလဲခြင်း မပြုရပဲ- ဣရိယာ အနေအထား တမျိုးတည်းဖြင့်သာ တည်ငြိမ်စွာပြုရမည်။

၁၉။ ဂါထာ-မန္တာန် (ဝါ) ဇပ- အကြိမ်အရေအတွက်- အား အဓိဌာန် ကာလတွင် နေ့စဉ်ပုံမှန် ဖြစ်စေရမည်။

၂၀။ အဓိဌာန် ကာလ အတွင်း- အခြားသော လုပ်ဆောင်ဘွယ်များ- လုပ်ဆောင်နေသော်မှ- လက်ရှိ ပြုနေသော- ဂါထာ-မန္တာန် (ဝါ) ဇပ အား- စိတ်တွင်တည်ခြင်း ရှိစေရမည်။

လုပ်ဆောင်ကြည့်၍- အကျိုးထူးများ ရနိုင်ကြပါစေ။

ရေးသားသူ – နျူမာန် (MOTAA)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။