အကျီတထည်နဲ့ တည်းခိုခန်းတွေမှာလိုက်လိမ်နေတဲ့ လူလိမ်အကြီးစား

Local News
အကျီတထည်နဲ့ တည်းခိုခန်းတွေမှာလိုက်လိမ်နေတဲ့ လူလိမ်အကြီးစား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကျီတထည်နဲ့ တည်းခိုခန်းတွေမှာလိုက်လိမ်နေတဲ့ လူလိမ်အကြီးစား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကျီတထည်နဲ့ တည်းခိုခန်းတွေမှာလိုက်လိမ်နေတဲ့ လူလိမ်အကြီးစား

ဝဝတုတ်တုတ် လူတယောက်မှာ ရန်ကုန်လိုမြို့ကြီးမှာ အကျီတထည်တည်း ဝတ်ပြီး လိုက်လိမ်စားနေတယ်ပြောရင် ပရိသတ်ကြီး ယုံနိုင်ပါ့မလား။ မယုံမရှိပါနဲ့ အမှန်တကယ်ကို အကျီအရောင်တမျိုးတည်း ဝတ်ပြီး တည်းခိုခန်းတွေ ဟော်တယ်တွေမှာ လိုက်လိမ်နေတာဖြစ်ပါတယ်။ အလိမ်ခံရတဲ့ သူတွေကကိုယ်တိုင်ဝေမျှပေးပြီး သတိထားနိုင်ဖို့ ပြောထားတာပါ။

ပန်းဝါ ဧည့်ရိပ်သာ

“ညီမတို့ ပန်းဝါ ဧည့်ရိပ်သာမှာ ၂၂/၂၃ ရက်နေ့က တည်းသွားပါတယ် လားရှိုးက လာပြီး အာရှတော်ဝင်မှာ ဆေးခန်းပြဖို့လို့ ပြောပါတယ်ဖုန်း charger ကြိုး၊ ဆင်းကဒ်တွေ ပေးမုန့်တွေဝယ်ကျွေးပြီး ဝန်ထမ်းတွေနဲ့ ရင်းနှီးမှုယူတယ်

၂၄ ရက်နေ့ကျ တောင်ဒဂုံက ဖုန်းဆိုင်သွားပြီး ဝန်ထမ်းဖုန်းလေးကို မကွဲမှန် ကပ်ပေးမယ်ဆိုပြီး ယူသွားပါတယ်။ အခန်းထဲ အိတ်တွေ ထားခဲ့တော့ ဝန်ထမ်းလေးက ယုံပြီး ပေးလိုက်တာ နောက်တော့ ဖုန်းဆက်မရတော့မှ ခိုးသွားမှန်းသိတာပါ (ဝန်‌ထမ်းကလေးရဲ့ ပေါ့ဆမှုဆိုပေမယ့် ကလေးတွေကို ယုံအောင် ပေါင်းပြီး လိမ်သွားတာပါ)
ကျန်ခဲ့တဲ့ အိတ်ထဲလည်း ဘာမှမရှိပါဘူး။ လိမ်ခိုးသွားတာ တကယ်ပိပိရိရိပါ။
ဒီလူအကြောင်း အွန်လိုင်းမှာ ရှာကြည့်တော့မှ ဒီလူက တည်းခိုခန်း တော်တော်များများမှာ ဒီလိုလုပ်စားနေတာ ကြာပြီလို့ သိရပါတယ်။ အားလုံးလည်း သတိထားမိအောင် ပို့စ်တင်လိုက်တာပါ။ နောက်လူတွေလည်း မကြုံရအောင် ဝိုင်း share ပေးနိုင်ပါတယ်”

Triple H Hotel
လူလိမ် ဖုန်းသူခိုး

ညီမတို့ Triple H Hotel မှာ 1 week booking ယူပြီး အာရှတော်ဝင်မှာ နှလုံးခွဲဖို့ လာတယ်ပြောပါတယ်
ဝန်ထမ်းတွေနဲ့ ရင်းနှီးမှု ယူပြီး 22/4/23 မနက်မှာ တာမွေသွားဖို့ Taxi ငှါးခိုင်းပါတယ်
ပြီးတော့ သူ့ဆီ wave နဲ့ ငွေဝင်ဖို့ရှိတာ သူ့ဖုန်းအားကုန်တော့မှာမို့ ဆိုင်က ကလေးတယောက်ရဲ့ ဖုန်းနံပါတ်ဆီ လွှဲခွင့်ပြုဖို့ပြောပါတယ်
ပြီးတော့ taxi နဲ့ ကလေးကို နီးစပ်ရာဆိုင် လိုက်ခဲ့ပြီးထုတ်ဖို့ပြောပါတယ် ကိုယ်တွေရှေ့တင်
ပီးတော့ ကလေးကို တက်စီနားရောက်တော့ ပိုက်ဆံထုတ်ဖို့ မှတ်ပုံတင်လိုတယ် ဆိုပြီး ပြန်လွှတ်ပြီး ကားနဲ့ထွက်ပြေးသွားပါတယ်
ညီမတို့လဲ ဟိုတယ်က အသစ်စဖွင့်တာဆိုတော့ customer care စွတ်လုပ်တာနဲ့ ခုတော့ ဖုန်းတစ်လုံးအလိမ်ခံလိုက်ရပါပြီ
အများသူငှါ ကျမတို့လိုမဖြစ်အောင် တင်ပေးတာပါ
ညီမတို့မှာ cctv အဆင်သင့်မဖြစ်သေးလို့ ခုပုံတွေက သူများpost ကပုံတွေတင်တာပါ
အဲ့ဝတ်စုံနဲ့ပါပဲ ”

ရေးသားသူ – ပန်းဝါ ဧည့်ရိပ်သာ,Triple H Hotel Yangon

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။