လည်ပင်းနှင့်အနီးတဝိုက်မှာမှဲ့ရှိတဲ့သူတွေအကြောင်း

Astrology
လည်ပင်းနှင့်အနီးတဝိုက်မှာမှဲ့ရှိတဲ့သူတွေအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လည်ပင်းနှင့်အနီးတဝိုက်မှာမှဲ့ရှိတဲ့သူတွေအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လည်ပင်းနှင့်အနီးတဝိုက်မှာမှဲ့ရှိတဲ့သူတွေအကြောင်း

လည်ပင်းနှင့်အနီးတဝိုက်မှာမှဲ့ရှိတဲ့သူတွေဟာ သူတစ်ပါးတွေထက်ထူးခြားထင်ပေါ်သောပါရမီတစ်ခုခုရှိသူများဖြစ်ကြပါတယ်။ ထိုမှဲ့ပိုင်ရှင်များဟာ အမျိိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ အများအားဖြင့် မျက်နှာမြင်ချစ်ခင် အသံကြားသနားဆိုတဲ့ဆုတောင်းနဲ့ပြည့်တဲ့သူတွေပါဘဲ..။

သူတို့ရဲ့ရုပ်ရည်ဟာလည်း ချစ်စရာဟန်ပန်အမူအရာ တစ်ခုခုရှိနေပြီး စွဲဆောင်မှုရှိသောအလှပိုင်ရှင်များဖြစ်ကြပါတယ်။ သူတို့ဟာ အလှအပဆိုင်ရာ ပစ္စည်းတွေ အကျိုးပေးတတ်က ပြီး အနုပညာအလုပ်နဲ့ အကျိုးပေးတဲ့သူများဖြစ်ပါတယ်။
မျက်နှာပွင့်လမ်းကာ လူတိုင်းရဲ့ကြား ရေပန်းစားကာ လူတွေရဲ့ ​ချစ်ခင်အားကျခံရသောသူများ လည်းဖြစ်တတ်ပါတယ်..။ ထိုသူများဟာ ဘဝမှာ မီးစကတစ်ဖက် ရေမှုတ်တစ်ဖက် နဲ့ ကူးခတ်နေရတဲ့သူမျိုးတွေလည်းဖြစ်ပါလိမ့်မယ်။

ဘဝမှာ ချမ်းချမ်းသာ သာပြည့်ပြည့်စုံစုံနဲ့ မိဘများကမွေးဖွားလာသူများဖြစ်တတ်ကြသလို ဘဝကို မိမိကိုယ်တိုင်လည်းကြီးပွားချမ်းသာမှုရရှိတတ်ပါတယ်။
ဘဝတွင် စည်းစိမ်ဥစ္စာရှာဖွေရအလွယ်ကူသူများ ဖြစ်တတ်ကြပါတယ်။ ဆင်းရဲသူများဖြစ်ခဲ့ရင်တောင် နိမ့်ကျတဲ့ဘဝကိုကြာကြာမနေရပါဘဲ တချိန်ချိန်မှာ အောင်မြင်မှုရရှိပါလိမ့်မယ်။

ထိုမှဲ့ပိုင်ရှင်မိန်းခလေးများ အနေဖြင့်လည်း အများအားဖြင့်…အရာရှိ အရာခံကတော်၊ မင်းကတော် ၊ ဆရာကတော်ဖြစ်ရတတ်ပါတယ်။ ထိုသို့မဟုတ်ဟုတ်ခဲ့ရင်တောင် ကိုယ်တိုင်က အရာရှိ သို့မဟုတ် အရေးပါသော နိုင်ငံရဲ့ အမူထမ်း အရာထမ်းများလည်းဖြစ်တတ်ကြပါတယ်။

ထို့အပြင် နိုင်ငံတော်အဆင့်အခမ်းအနားများအထိ တတ်ရောက်ရနိုင်သော အနုပညာရှင်များလည်းဖြစ်တတ်ပါတယ်။ ထိုမှဲ့ပိုင်ရှင်များဟာ သွတ်လက်ချက်ချာပြီး ဉာဏ်ရည်ထက်မြတ်သကဲ့သို့ လူအများအပေါ် အောက်ကျမခံတတ်ဘဲ ပင်ကိုယ်အတွင်းမာနရှိသောသူများလည်းဖြစ်တတ်ကြပါတယ်။

ထိုမှဲ့ပိုင်ရှင်များသည် ဘဝတွင် မည်မျှပင် ကံကောင်းစေကာမှု အချစ်ရေး မှာ ဝမ်းနည်းစရာဇာတ်လမ်းတွေနဲ့သာ ကြုံခဲ့ရတတ်ပါတယ် ။ ရည်းစားဦးနှင့်လွဲရတတ်ပါတယ်။ မိမိ၏ အချစ်ရေး အပေါ် မိမိကိုယ်တိုင် အလိုမကျ ဖြစ်ရတတ်ပါတယ်။
သို့သော် မိမိအနေဖြင့် အိမ်ထောင်ရေးကို နှလုံးသားထက် ဘဝအတွက်ပို၍ဦးစားပေးရွေးချယ်ပါက ချမ်းသာသုခပြည့်ဝ၍ ကြည်နူးစရာကောင်းသော မိသားစုဘဝကိုရရှိကာ အိုကံကောင်းသောသူများဖြစ်တတ်ကြပါတယ်။

ရေးသားသူ – ဆရာဦးဘိုနိုင်(ဗေဒင်)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။