မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ အိန်ဂျလီနာဂျိုလီရဲ့ သားဖြစ်သူ

Celebrity International News
မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ အိန်ဂျလီနာဂျိုလီရဲ့ သားဖြစ်သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ အိန်ဂျလီနာဂျိုလီရဲ့ သားဖြစ်သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ အိန်ဂျလီနာဂျိုလီရဲ့ သားဖြစ်သူ

ဧပြီလ ၂၆ရက်နေ့က အော်စကာဆုရှင် အိန်ဂျလီနာဂျိုလီကို သူ့သားဖြစ်သူ မတ်ဒ်ဒို ဂျိုလီ ပစ်နဲ့အတူ အိမ်ဖြူတော်ညစာစားပွဲကို တက်ရောက်ခဲ့တာတွေ့ရပါတယ်။ ဒီညစာစားပွဲဟာ တောင်ကိုရီးယားသမ္မတယွန်ဆွတ်ယိုအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဧည့်ခံတဲ့ပွဲပါ။

ဂျိုလီက အဖြူရောင်ဂါဝန်အပေါ်ကို ကုတ်အင်္ကျီခြုံပြီး အဲဒီပွဲကို တက်ရောက်ခဲ့တာပါ။ အဆင်တန်ဆာအနေနဲ့ ရွှေရောင်ပုလဲဆွဲကြိုးနဲ့နားကပ်တွေကို ဝတ်ဆင်ထားတာတွေ့ရပါတယ်။ သူ့ရဲ့သားဖြစ်သူ အသက် ၂၁ နှစ်အရွယ် မတ်ဒ်ဒိုကလည်း မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတာတွေ့ရပါတယ်။ အရင်တုန်းကထက် ပိန်သွားတဲ့အပြင် ဆံပင်တွေလည်း ရှည်နေပါတယ်။ အခု သူက ဒီပွဲကို ခပ်ပွပွ အနောက်တိုင်းအနက်ရောင်ဝတ်စုံကို ဝတ်ဆင်လာခဲ့တာပါ။

သားအမိနှစ်ယောက်လုံးက ညစာစားပွဲတစ်လျှောက်လုံး အတူနီးကပ်စွာနေခဲ့ကြတာပါ။ ပုံတစ်ပုံမှာဆိုရင် သားဖြစ်သူရဲ့ပခုံးကို ဂျိုလီ သိုင်းဖတ်ထားတဲ့ ချစ်စရာအခိုက်အတန့်တစ်ခုကိုလည်း မြင်တွေ့ရပါတယ်။ ဂျိုလီတို့သားအမိက အခြားဧည့်သည်တော်တွေနဲ့လည်း ဓာတ်ပုံအတူတွဲရိုက်ခဲ့ကြပါသေးတယ်။


မတ်ဒ်ဒိုဟာဆိုရင် ၂၀၀၁ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က ကမ္ဘောဒီးယားမှာ မွေးဖွားခဲ့တာပါ။ ဂျိုလီရဲ့မွေးစားကလေး ၃ ဦးထဲက တစ်ယောက်ပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။