၆၅ နှစ်အရွယ် မြို့တော်ဝန်က ၁၆ နှစ်သမီးနဲ့ လက်ထပ်ပြီး ယောက္ခမကို အတွင်းဝန်ရာထူး ခန့်

International News
၆၅ နှစ်အရွယ် မြို့တော်ဝန်က ၁၆ နှစ်သမီးနဲ့ လက်ထပ်ပြီး ယောက္ခမကို အတွင်းဝန်ရာထူး ခန့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၆၅ နှစ်အရွယ် မြို့တော်ဝန်က ၁၆ နှစ်သမီးနဲ့ လက်ထပ်ပြီး ယောက္ခမကို အတွင်းဝန်ရာထူး ခန့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၆၅ နှစ်အရွယ် မြို့တော်ဝန်က ၁၆ နှစ်သမီးနဲ့ လက်ထပ်ပြီး ယောက္ခမကို အတွင်းဝန်ရာထူး ခန့်

Brazilian mayor, 65, married1-year-old two days after naming her mother to  city government post | Daily Mail Online

ဘရာဇီးနိုင်ငံတောင်ပိုင်း အရူကာရီယာမြို့မှာ အသက် ၆၅ နှစ်အရွယ် မြို့တော်ဝန် ဒီဟိုင်နီက ၁၆ နှစ်အရွယ် အမျိုးသမီးငယ်နဲ့ လက်ထပ်ခဲ့ပြီး နောက်တစ်ရက်အကြာမှာပဲ သူ့ရဲ့ယောက္ခမကို အရူကာရီယာမြို့ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဌာန အတွင်းဝန်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဘရာဇီးနိုင်ငံမှာ တရားဝင် လက်ထပ်ခွင့်ရတဲ့ အသက်အရွယ်ဖြစ်တဲ့ အသက် ၁၆ နှစ်ပြည့်ပြီး တစ်ရက်အကြာမှာပဲ ဒီဟိုင်နီက မိန်းကလေးနဲ့ လက်ထပ်ခဲ့တာပါ။

မိန်းကလေးက အရူကာရီယာမြို့ရဲ့ အလှဆုံးစာရင်းဝင်သူတစ်ယောက် ဖြစ်ပါတယ်။
မိန်းကလေးရဲ့မိခင်ဟာ ယခင်ကတည်းက ပညာရေးဝန်ကြီးဌာနရဲ့ အရာရှိတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီရာထူးဟာ အတွင်းဝန်ရာထူးနဲ့ယှဉ်ရင် လုပ်ပိုင်ခွင့်ရော၊ လစာရော နည်းပါတယ်။

အငြင်းပွားစရာကောင်းတဲ့ ဒီလုပ်ရပ်ဟာ အကျင့်ပျက်ခြစားမှုနဲ့ ဆွေမျိုးကောင်းစားရေး အရာမြောက်တယ်လို့ ဘရာဇီးနိုင်ငံသားတွေက စွပ်စွဲခဲ့ကြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။