May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-၃

Astrology
May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-၃

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-၃ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-၃
Sagittarius

အခုရောက်ရှိလာပြီဖြစ်တဲ့ မေလအတွင်းမှာတော့ Sagittarius တွေအနေနဲ့ အလှည့်အပြောင်းလေးတွေ မျှော်လင့်ထားသင့်ပါတယ် ။ ဘယ်လိုအလှည့်အပြောင်းမျိုးလဲ? ကိုယ်ကစတင်ပြီးပြောင်းလဲခြင်းတွေပေါ့ ။ ဒီလထဲမှာကိုပဲ Impact ရှိတဲ့အနာဂတ်အစီအစဥ်တွေ ချမှတ်စီစဥ်ရတတ်တယ် ။ လွန်ခဲ့သော Wrongdoing တွေကို Correct လုပ်ယူပါ ။ ပိုကောင်းတဲ့ရှင်သန်ခြင်းတွေ ဖော်ဆောင်နိုင်သင့်တယ် ။

ဘယ်နေရာတွေ Focus လုပ်ရမလဲ? ပထမဆုံးအနေနဲ့ Expanse နဲ့ပတ်သက်ပြီး သတ်သတ်မှတ်မှတ်ပြန်ဖြစ်စေချင်တယ် ။ ၂၀၂၃ အတွင်း အကုန်အကျတွေများနေတယ်ဆို မေလမှာပြန်ပြီး ထိန်းကွပ်နိုင်သွားနိုင်ပါလိမ့်မယ် ။ ဘယ်ပုံဘယ်နည်းချဥ်းကပ်သင့်သလဲဆို လက်တွေ့ဆန်ပါ ။ သုံးဖို့မလိုသေးရင်မသုံးပါနဲ့ ။ မေလဟာ ပညာရေးအတွက်ကလွဲပြီး အမောင့်များများမသုံးစေချင်သေးဘူး ။ ငွေစုဖို့သင့်တော်တဲ့လတစ်လဖြစ်ပါတယ် ။

နှလုံးသားရေး အတော်လေးအားကောင်းပါတယ် ။ အထူးသဖြင့် ချစ်သူစုံတွဲတွေ ၊ အိမ်ထောင်ဖက်တွေကြားမှာ စိတ်ကြည်နူးခြင်း ၊ နီးစပ်ခြင်း Energy လေးတွေခုန်ပေါက်နေတယ် ။ ခရီးအတူသွားဖို့ကနေ စေ့စပ်ဖို့ လက်ထပ်ဖို့တိုင်ပင်တာ ၊ ခိုင်မာတဲ့ အနာဂတ်အစီအစဥ်ဆွဲတာလေးတွေ အားပေးတယ် ။ ရင်သွေးမျှော်လင့်နေသူတွေလည်း အတော်လေး Chance ရှိတယ်လို့ ယေဘုယျပြောရနိုင်တယ် ။

မေလရဲ့အဓိကအားသာမှုမှာတော့ အကောင်းမြင်စိတ်လေးတွေ တိုးပွားနေဖို့ရှိတယ် ။ စိတ်ရှုပ်စရာမလာဘူးတော့ မပြောလိုဘူး ။ ဒါပေမယ့် လွယ်လွယ်ကူကူကျော်လွှားနိုင်လိမ့်မယ် ။ ချစ်ခင်သူတွေကို အချိန်ပေးဖြစ်မယ် ။ လူမှုရေး ၊ မိသားစုရေးတွေမှာလည်း တော်ရုံခွင့်လွှတ်လိုက်တာ ၊ ကောင်းကွက်လေးတွေ ရှာကြံမြင်နိုင်ဖို့လေး မျှော်မှန်းထားနိုင်တယ် ။

ဒီတစ်လဟာ Gym ပဲသွားမလား ၊ ကျန်းမာရေးပဲလိုက်စားမလား စတင်သင့်တဲ့ကာလဖြစ်ပါတယ် ။ တစ်ယောက်ထဲထက် စိတ်တူကိုယ်တူအဖော်အပေါင်းနဲ့စတင်တာမျိုး ပိုတာရှည်ခံလိမ့်မယ် ။ မေလအတွင်းမှာပဲ အမြင်ပြောင်းလဲခြင်း ၊ ရည်မှန်းချက်ပန်းတိုင်ပြောင်းလဲခြင်း ၊ စိတ်လိုလက်ရလက်လျော့ခြင်း ၊ မှန်ကန်တဲ့ဖက်ကိုအားစိုက်ထုတ်ခြင်း စတာလေးတွေတစ်ပြေးနေပါတယ် ။ ဒီတော့ ကိုယ်လုပ်နိုင်တဲ့အကောင်းဆုံးအရာက ရဲရင့်ပါ ၊ အကောင်းမြင်ပါ ၊ ခေါင်းမမာပါနဲ့ ။ ဒါဆိုပိုကောင်းတဲ့အနာဂတ်ဟာ ကိုယ့်အတွက်ဖြစ်ပါလိမ့်မယ် ။

Capricorn

Capricorn တွေအနေနဲ့ မေလအတွင်းမှာ လုပ်ငန်းအောင်မြင်ခြင်း တစ်ဆင့်မြင့်မားခြင်းတွေ မျှော်လင့်ထားနိုင်တယ် ။ ငွေဝင်များသလို ဝင်သလောက်ပြန်ထွက်နိုင်တဲ့လတစ်လပါ ။ ဒါကို ဘယ်လိုအကျိုးရှိအောင်သုံးမလဲဆို သူ့အလိုလိုပြန်မထွက်ခင် ရင်းနှီးမြုပ်နှံပါ ၊ လိုတဲ့နေရာသုံးပါ ။ စုဆောင်းချင်သူတွေအတွက်တော့ ခြစ်ကုပ်စုဆောင်းခြင်းထက် ဝင်ငွေထဲက(၁၀)ဖြစ်စေ (၂၀)တန်သည်ဖြစ်စေ ရာခိုင်နှုန်းတစ်ခုသတ်မှတ်ပြီး လှူဒါန်းပေးကမ်းတာမျိုးတွေ လုပ်ပေးသင့်တယ် ။

ဘယ်လိုပဲဖြစ်စေ စိတ်ကျေနပ်မှုရဖို့အားသာပါတယ် ။ ဒီတစ်လရဲ့ Focus က တိုးတက်ရာတိုးတက်ကြောင်းအတွက် ဖြစ်နေလိမ့်မယ် ။ စနစ်တကျအိပ်စားပါ ။ Personal Development သဘောတွေ အချိန်ပေးအားစိုက်နိုင်မယ် ။ ဘာတွေလေ့လာချင်လဲ ၊ ဘယ်နေရာ Improve လုပ်ဖို့စဥ်းစားနေလဲ အခုကစတင်လို့ရပါပြီ ။

မေလရဲ့ထူးခြားမှုအနေနဲ့ အခွင့်အလမ်းသစ်တွေ မထင်တဲ့နေရာကရတတ်တယ်လို့မြင်မိတယ် ။ သူစိမ်းကကူညီတာ ၊ ရုတ်တရက်ကံတက်တာ အကျိုးအမြတ်ရတာမျိုးပေါ့ ။ နယ်ခြားနဲ့ပတ်သက်တဲ့ကံ ၊ ပြည်ပအလုပ်ကံ အတော်လေးကောင်းနေဖို့ရှိတယ် ။ အလုပ်မဖြစ်တဲ့အရာတစ်ခုမှာ ဇွတ်တိုးနေမိရင်ပြန်ဆင်ခြင်ပါ ။ ကိုယ်မကြည့်မိတဲ့အရပ်မှာ အခွင့်အလမ်းတံခါးပွင့်နေနိုင်ပါတယ် ။

အချစ်ရေးကိုတော့ တအားအကောင်းကြီးမဟုတ်သလို စိုးရိမ်သင့်တဲ့အထိလည်းမပါနေဘူး ။ စိတ်များတာ ၊ စိတ်လောတာ အလုပ်ဖိအားသဘောတွေကြောင့် Personal Space တစ်ခုရှာကြံယူပါ ။ ချစ်သူမှတော့မဟုတ်ဘူး ဘေးနားရှိတဲ့မိသားစု ၊ မိတ်ဆွေနဲ့လည်း သဘောထားကွဲလွဲရတတ်တယ် ။ မသိမသာခေါင်းမာနေမိတတ်တယ် ။ ကိုယ်ကချည်းသည်းခံရတာ ၊ ကိုယ့်အနာပဲဇာချဲ့မိတာမျိုး မြင်မိတယ် ။ အချစ်ရေးအတ္တအနည်းဆုံးနေပါ ။ ကြည်နူး ပျော်ရွှင်စရာလည်းရှိပါတယ် ၊ Drama တချို့တော့မျှော်လင့်ထားပါ ။

ဘဝတက်လမ်းအတွက် တဖြောင့်ထဲကြည့်ဖို့အားပေးပေမယ့် နှလုံးသားရေးမှာတော့ သူ့ဖက်ကိုယ့်ဖက်မျှကြည့်ဖို့မှာချင်ပါတယ် ။ ကျန်းမာရေး အပူအအေး ရုတ်ချည်းပြောင်းလဲတာနဲ့ပတ်သက်လို့ ဂရုပြုရမယ် ။ တစ်ခုတွဲမြင်မိတာအနေနဲ့ မိဘအထူးသဖြင့် မိခင် ၊ အနေနီးစပ်တဲ့ မိသားစုဝင်ဆွေမျိုးထဲက အသက်ကြီးအမျိုးသမီး ကျန်းမာရေးအညံ့ရှိတတ်တယ် ။ စိုးရိမ်ဖို့မလိုပေမယ့် ကျန်းမာရေးအတွက်ငွေသုံးဖို့ မနှမြောသင့်တဲ့ကာလဖြစ်ပါတယ် ။

Aquarius

မေလမှာတော့ Aquarius ရာသီခွင်တွေအနေနဲ့ စကားနည်းရန်စဲနေနိုင်ဖို့က ပထမဦးစားပေးဖြစ်နေစေချင်တယ် ။ ဒီကာလအပိုင်းအခြားထဲ အနည်းနဲ့အများ Adapt လုပ်ရဖို့ရှိတယ် ။ စိုးရိမ်မိတာတစ်ခုက စိတ်လိုလက်ရပြောင်းလဲတာမျိုးထက် စိတ်ကသိကအောက် ကြုံရစေနိုင်တယ် ။ ဥပမာ- အလုပ်နေရာအပြောင်းအရွေ့ ၊ မိသားစုရေး အချစ်ရေးနဲ့ပတ်သက်လို့ ကိုယ်မလိုချင်တဲ့ Change တစ်ခုခုပေါ့ ။

အားတက်စရာအနေနဲ့ တာရှည်သည်းခံရဖို့တော့မရှိဘူး ။ ကိုယ်လည်းဖြေရှင်းနိုင်သလို သူ့အလိုလိုလည်း အဆင်ပြေသွားမှာပါ ။ Overreact လုပ်မိတတ်လို့ စိတ်လျော့ပါ Flexible ဖြစ်ပါလို့မှာချင်တယ် ။ လတ်တလောမှာတော့ စိတ်အတက်အကျများတတ်တယ် ၊ တောက်မယ့်မီးခဲတရဲရဲ ပေါက်ကွဲလိုက်ဖို့ ရမယ်ရှာနေမိနိုင်ပါတယ် ။

ငွေကြေးပိုင်းကိုအရင်ဆုံး Focus ရရင် မျှော်လင့်နေတဲ့အကျိုးအမြတ်အတွက် အားမရဖြစ်ရနိုင်ပါတယ် ။ အောင်မြင်ခြင်းတော့ရှိတယ် ၊ ၁၀၀ ရာခိုင်နှုန်းဖြစ်ဖို့တော့ ခက်တယ် ။ စာချုပ်စာတမ်းကိစ္စတွေ ၊ ငွေအချေးအငှားဂရုပြုရမယ် ။ ဖြစ်နိုင်ရင် လကုန်လောက်ကိုရွေ့ပါ ။ လတ်တလောမှာတော့ ကိုယ့်ဖက်ကတာဝန်ယူစရာတွေ Risk အနည်းဆုံးဖြစ်နေသင့်တယ် ။

အချစ်ရေး အသင့်အတင့်ကောင်းမွန်ပါတယ် ။ ရေလိုက်ငါးလိုက်လေးပဲသွားပါ ။ ချစ်သူနဲ့တပူးပူးတတွဲတွဲမလုပ်ပဲ မိသားစု ၊ မိတ်ဆွေတွေအတွက် အချိန်ခွဲပေးသင့်တယ်လို့မြင်တယ် ။ အိမ်ထောင်ရှိသူတွေ ကြီးကြီးမားမားဆုံးဖြတ်ချက်တွေ ခန Hold ထားပါဦး ။ စိတ်အပြောင်းအလဲလေးတွေ ရှိတယ် ။ စိတ်လိုက်မာန်ပါလုပ်ရပ်တွေ အလိုမလိုက်သင့်တဲ့ကာလဖြစ်ပါတယ် ။

ကျန်းမာရေးနဲ့ပတ်သက်လို့ အိပ်ချိန်စားချိန်မှန်ပါ ။ Physical ပိုင်းထက်စာရင် အတွေးလွန်တာ ၊ အဆိုးမြင်တာမျိုးကြောင့် ကျန်းမာရေးထိခိုက်တာ ၊ ငွေကုန်ရတဲ့ကာလဖြစ်ပါတယ် ။ မေလအတွက် Positive ဖြစ်တာလေးတွေရေးပေးချင်ပေမယ့် တစ်ချို့ကာလတွေဟာ ရဲရဲပြေးတက်ဖို့ထက် ပိုနေမြဲကျားနေမြဲနေသင့်တာလက်ခံရင် မေလဟာဒီလိုကာလဖြစ်ပါတယ် ။ ကံအညံ့တွေရှောင်ဖို့ မွေးနေ့မွေးရက်မှာ အပူဒဏ်သင့်သူကို အအေးလှူပါ ၊ အအေးဒဏ်သင့်သူကို အနွေးထည် ထီး ကြိုက်နှစ်သက်ရာ လှူပေးစေချင်ပါတယ် ။

Pisces

Pisces တွေအတွက် မေလအတွင်းစိန်ခေါ်မှုလေး ရှိနေပါတယ် ။ ကျန်းမာရေးဂရုစိုက်ရမယ့် ကာလပါ ။ ငွေဝင်များတတ်သလို ငွေနဲ့အတူ ကျန်းမာရေးအညံ့လေးတွေ ၊ စိတ်ရှုပ်စရာလေးတွေ တွဲပါလာတတ်တယ် ။ စိတ်သစ်ကိုယ်သစ်စတင်ဖို့ စိတ်ပိုင်းဖြတ်ပေမယ့် လက်တွေ့ဖြစ်လာဖို့ ခဲယဥ်းတတ်တယ် ။ ဒါနဲ့ပတ်သက်ပြီးတော့ပဲ စိတ်မတင်မကျသဘော Stress များရတတ်တယ် ။

ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်ဆို မေလအတွင်းကြုံတဲ့ ငွေကြေးအကျိုးအမြတ်ကိစ္စတွေမှာ သေချာလေး Background Check လုပ်စေချင်ပါတယ် ။ လူမှုရေးပြသနာ မိသားစုပြသနာများရတတ်တယ် ။ ကိုယ်နဲ့တိုက်ရိုက်မဟုတ်တောင် ဘေးကအပူကိုရှောင်မရတာ ၊ ကူးစက်တဲ့သဘောလေး သိထားပါ ။

ဒါကိုကြိုသိပြီဆိုရင် မေလအတွင်း Positive Thinking လေးကို နေရာပေးထားရမယ် ။ တာဝန်ယူနိုင်တာထက် ပိုပြီးတာဝန်ခံခြင်းရှောင်ပါ ။ တော်ရုံကိစ္စခေါင်းထဲမထည့်ခြင်းနဲ့ အနိုင်ယူပါ ။ အပူပေးသူကပေးရင်တောင် ကိုယ်လက်မခံရင် စိတ်မဆင်းရဲစေပါဘူး ။ Social Media ကို စီးပွားရေးအတွက်ကလွဲပြီး အချိန်မပေးစေချင်သေးဘူး ။ မေလအတွင်း Social Drama များရတတ်လို့ ခေါင်းရှောင်မရတဲ့ပြသနာမျိုးကလွဲရင် မဆိုင်ရင်ဝင်မပါတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ။

အချစ်ရေးအတက်အကျရှိပါမယ် ။ ချစ်သူစုံတွဲတွေကြား ဘေးစကားသတိထားရမယ် ၊ တတိယလူ(မိတ်ဆွေလည်းဖြစ်နိုင်)ကြောင့် ရန်ဖြစ်ရတတ်တယ် ။ ကိစ္စတစ်ခုကိုနှစ်ဖက်တွေးပါ ။ စုံစမ်းပါ ၊ ခနချင်းအဖြေမထုတ်ပါနဲ့ ။ ချစ်သူအပေါ် ကိုယ်အရေးထားကြောင်းအသိပေးပါ ၊ အချိန်ပေးပါ ဒါပေမယ့် ကိုယ်ပိုင်အချိန်လေးတွေ တကူးတကရှာကြံယူသင့်တယ် ။ အေးသောနေရာ ၊ အရိပ်ရသောနေရာမှာနေပါ ။ ရေများများသောက်ပါ ၊ ရေနားနီးစပ် ခရီးသွားပါ ။ ဖတ်ဖို့ဝယ်ထားပြီး ပစ်ထားမိတဲ့စာအုပ်တွေ စကိုင်သင့်ပါပြီ ။

မေလဟာ ကိုယ့်ရဲ့အကောင်းမြင်နိုင်စွမ်း ၊ သည်းခံနိုင်စွမ်းကို စမ်းသပ်တဲ့သဘောလေးရှိပေမယ့် ကောင်းခြင်းတွေလည်းယူလာပေးပါလိမ့်မယ် ။ ကိုယ်ဘယ်နေရာအားသာလဲ အားနည်းလဲ ပြန်ပြီး Focus လုပ်ဖို့အကြံပေးချင်တယ် ။ စီးပွားရေး ၊ လူမှုရေး ၊ မိသားစုရေးစသဖြင့် အာရုံဖြန့်ကျက်စရာတွေများနေတတ်သလို မဖြည့်ဆည်းနိုင်တာကိုငြင်းပါ ။ ဖိအားအကင်းဆုံးနေသင့်တယ် ၊ မေလမှာတော့ ချစ်ရသူတွေကိုဒုတိယထားပြီး ကိုယ့်စိတ်ပျော်ရွှင်ဖို့ကပဲ နံပါတ်တစ်ဖြစ်နေသင့်ပါတယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။