ကိုယ် ဘာလို့ တဖက်လူကို move on မလုပ်နိုင်သေးတာလဲ? (Pick a pile reading)

Astrology
ကိုယ် ဘာလို့ တဖက်လူကို move on မလုပ်နိုင်သေးတာလဲ? (Pick a pile reading)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ် ဘာလို့ တဖက်လူကို move on မလုပ်နိုင်သေးတာလဲ? (Pick a pile reading) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ် ဘာလို့ တဖက်လူကို move on မလုပ်နိုင်သေးတာလဲ? (Pick a pile reading)

စိတ်ကိုတည်ငြိမ်အောင်ထားပြီး ကတ် ၁ကတ်ကိုရွေးချယ်ပြီးဖတ်ကြည့်လိုက်ပါ။ General reading ဖြစ်တာမို့ အကုန်လုံးနဲ့ ကိုက်ညီချင်မှကိုက်ညီပါလိမ့်မယ်။

Pile-1

Pile-2

Pile-3

 

 

Pile 1

Pile 1 လေးတွေရေ…
ကိုယ်နဲ့ တဖက်လူ ကြားမှာ အဆင်မပြေတာတွေ ရန်ဖြစ်တာတွေ conflict ဖြစ်ရတာလေးတွေ ရှိခဲ့ပေမယ့် ဒါတွေဟာ နှစ်ယောက်ထက် အပြင်လူ ကြားလူတွေကြောင့် ဖြစ်ခဲ့ရတာလို့ ကိုယ်က ယုံကြည်နေတာရှိမယ်…

နှစ်ယောက်ကြားမှာ ကြားလူ ကြားစကားတွေသာ မရှိရင် အရင်လို ပြန်စနိုင်ဦးမှာပဲဆိုတဲ့ ယုံကြည်ချက်ရှိနေတာတွေ့ရတယ်…

ကိုယ်နဲ့ တဖက်လူ ကြားမှာ အဆင်မပြေတာတွေ ရှိခဲ့ပေမယ့် ဘယ်လိုပဲ စိတ်ပင်ပန်းတာရှိရှိ ဝန်ပိုထမ်းရသလိုပဲ ဖြစ်ဖြစ် ဒါတွေဟာ အချိန်တန်ရင် ပြီးဆုံးသွားမှာပဲလို့ ကိုယ့်စိတ်က ထင်နေတတ်တယ်…
This too shall pass ပေါ့…

ကိုယ်နဲ့ သူနဲ့ နှစ်ယောက်ကြား connection ကို အောင်အောင်မြင်မြင် ဖြစ်အောင် လုပ်မယ်ဆို လုပ်လို့ ရသေးတယ် ကြိုးစားလို့ရသေးတယ်လို့လဲ မျှော်လင့်နေသေးတယ်…
အခုချိန်ထိ ကိုယ်က တဖက်လူ နဲ့ ပတ်သတ်ပြီး သတင်းစုံစမ်းတာ stalk တာမျိုး ရှိနေသေးသလို သူကလဲ ကိုယ့်အပေါ် stalk နေသေးတယ်လို့ ကိုယ်က ယုံကြည်နေတယ်…
တဖက်လူကတော့ ကိုယ့်အပေါ် ကောင်းပေးတဲ့သူ ဖြစ်မှာပါလို့လဲ ကိုယ့်စိတ်က အတင်း ယုံကြည်နေတယ်…တဖက်လူက ကိုယ့် အပေါ် သံယောဇဉ်ရှိတာ ကိုယ်သိနေတဲ့ အခြေနေကြောင့်လဲ ပါနိုင်ပါတယ်…

ဝေးသွားခဲ့ရတဲ့ အမှန်တရားကိုလဲ ကိုယ်က လက်ခံဖို့ ခက်ခဲနေတယ်…
နှစ်ယောက်က ဒီထက်ပိုပြီး ပိုပျော်ခဲ့ရရင် ကောင်းမယ်လို့လဲ တွေးမိနေတတ်တယ်…
ပြီးခဲ့တဲ့ အချိန်တုန်းက ငါသာ ဒီလိုလေး လုပ်ခဲ့ရင် ငါသာ ဟိုလိုလေး ပြုမူခဲ့ရင်ဆိုတဲ့ အတိတ်ကို ပြောင်းလဲ လို့ရရင် ဆိုတဲ့ နောင်တစ်ိတ်လေးတွေ ရှိနေလို့ move on လုပ်ဖို့ ခက်ခဲနေသေးတာပါ

Pile 2

Pile 2 လေးတွေရေ…
ကိုယ်က တဖက်လူနဲ့ ပတ်သတ်ပြီး အရမ်းကို move on ချင်နေတာလေးတွေ တွေ့ရတယ်…လုံးဝ အပြတ်ဖျက်ချပစ်ပြီး ကိုယ့်ဘဝမှာ သာသာယာယာနဲ့ကို နေပြလိုက်ချင်တဲ့ ဆန္ဒတွေက တဖွားဖွားကို ဖြစ်နေတာ…ကိုယ့်ကိုယ်ကို အရမ်း ဖိအားပေးမိနေတယ်လို့ ထင်ပါတယ်…

ဒီ pile ရွေးတဲ့သူလေးတွေက တခြား pile ရွေးတဲ့သူလေးတွေထက် နာကျင်မှုတွေ များခဲ့ပုံ ရပါတယ်…သစ္စာဖောက်ခံရတာ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခံရလို့ နာကျည်းစိတ်ကလေးတွေပါ ပါနေတတ်တယ်…

ကိုယ်က တဖက်လူကို သတိရနေ လွမ်းနေတဲ့ စိတ်ပေါ်လာတိုင်း ကိုယ့်ကိုယ်ကိုလဲ မကျေနပ်ဘူး…ကိုယ့်ဘဝမှာ တခြားသူတွေနဲ့ flirt လိုက်မယ်…ပျော်မယ် ပါးမယ်…ချစ်သူသစ်ထားမယ် ဆိုပီး ချေချပစ်ချင်ပေမယ့် စိတ်က မပြတ်သားနိုင်လေ ကိုယ့်ကိုယ်ကို ဒေါသဖစ်မိတယ်…

တဆက်ထဲမှာ တဖက်လူအပေါ်လဲ မုန်းတီးစိတ်နဲ့ နာကျည်းစိတ်ဖြစ်တယ်…
တဖက်လူ လုပ်ရပ်တွေက ကိုယ့်အတွက် fair မဖြစ်ဘူး…မမျှတဘူးလို့ ထင်နေတတ်တယ်…

အဲ့အတွက်လဲ တဖက်လူကို ပြန်ပြီး အနိုင်ယူချင်စိတ်တွေ တရားမျှတမှု ပြန်ယူချင်စိတ်တွေ အများကြီး ရှိနေတတ်တယ်…
တချို့ဆို နာကျည်းစိတ်နဲ့ ပြန် လက်စားချေချင်တယ် ဆိုတဲ့ စိတ်ထိတောင် ဖြစ်တတ်တယ်…

Phoenix ပြောဖူးသလို move on ချင်ရင် ချစ်ခြင်းကော မုန်းခြင်းကော ကင်းဖို့လိုတယ် ဆိုသလို ဒီ pile ရွေးတဲ့သူလေးတွေကတော့ တဖက်လူအပေါ် ချစ်ခြင်း မုန်းခြင်းတွေ မကင်းနိုင်သေးဘဲ အာဃာတ တွေ ရှိနေသေးတာကြောင့် move on လုပ်ဖို့ ခက်ခဲနေတာပါ

Pile 3

Pile 3 လေးတွေရေ…
ကိုယ်က တဖက်လူအတွက် လိုအပ်နေသေးတယ်လို့ ကိုယ့်စိတ်ထဲက ထင်နေတာမျိုးလေးတွေ တွေ့ရတယ်…

ကိုယ် မရှိတော့တဲ့ အချိန်တွေမှာ တဖက်လူက နောင်တတွေ ရနေမှာလား အထီးကျန်နေမှာလား ဝမ်းနည်းနေမှာလားဆိုတဲ့ အတွေးတွေ တွေးမိနေတာ တွေ့ရတယ်…
တခါတလေ ကိုယ့်ရဲ့ ပြင်းထန်တဲ့ ယုံကြည်မှု က ကိုယ့်ကို အနိုင်ယူနေတတ်တယ်…

တဖက်လူနဲ့ ကိုယ်နဲ့ ကြားမှာ အတိုင်းအတာ တစ်ခုထိတော့ ချစ်ခြင်းမေတ္တာရှိခဲ့တယ်…
အဲ့အတွက်လဲ ကိုယ့်ဆီ တဖက်လူက တချိန်ချိန်မှာ ပြန်လာဦးမယ်…
အဆက်အသွယ် လုပ်လာဦးမယ်ဆိုပြီးလဲ စိတ်ထဲက ယုံကြည်ချင်တာမျိုးလဲ တွေ့ရတယ်…

နှစ်ယောက်ကြားမှာ အဆင်ပြေပြေဖြစ်နေရာ ပျော်နေရာက ရုတ်တရက် ဖြစ်သွားတဲ့ အပြောင်းအလဲ ကြောင့် အခုချိန် ရုတ်တရက်ကြီး အထီးကျန်ဆန်သွားရတဲ့ ခံစားချက်ကို မခံစားနိုင်တာလဲ ပါပါတယ်…

တဖက်လူက ကိုယ့်အတွက် soulmate တွေလိုမျိုး past life ထဲက connection ရှိခဲ့သူလို့ကို ကိုယ်က ယုံကြည်ထားတာ တွေ့ရတယ်…
ပြန်ဆုံစည်းနိုင်မယ့် တနေ့ ရှိလာပြီး အဲ့အချိန်ကြ ဘယ်သူ ခွဲခွဲ မကွဲလောက်တော့ဘူးလို့လဲ ကိုယ်က ယုံကြည်နေတတ်တယ်…
နှစ်ယောက်ကြားမှာ အပြန်အလှန် ချစ်ခြင်းမေတ္တာ ရှိခဲ့တယ်လို့လဲ ကိုယ်က ယုံကြည်တယ်…

Physically အရလဲ လဲ ခုချိန်ထိ တဖက်လူက ကိုယ့်အပေါ်ကို ဆွဲဆောင်နိုင်နေတုန်းပဲ…
သူ့အကြောင်း စဉ်းစားရုံ သူ့ ဓာတ်ပုံလေး တွေ့မိရုံနဲ့တင် လွမ်းနေ ရင်ခုန်နေတုန်းပေါ့…
အတွေးလွန်ခဲ့တာတွေကြောင့် နှစ်ယောက်ကြားမှာ ဖြစ်ခဲ့တဲ့ ပြသနာတွေ အရာတွေကို ထားခဲ့ပြီး နှစ်ယောက် ပြန်ဆုံရင် အသစ်ပြန်စနိုင်မှာ ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် တဖက်လူကို move on လုပ်ဖို့ ခက်ခဲနေသေးတာပါ

ရေးသားသူ –The Phoenix Sun Tarot

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။