မှဲ့ဟောကိန်း

Astrology
မှဲ့ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မှဲ့ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မှဲ့ဟောကိန်း
မျက်ရည်ခံမှဲ့(The Crying Mole)

အောက်မျက်ခွံ (Eyebags) ပေါ်တွင် မှဲ့ရှိက ငိုကြေွးရသောမှဲ့ ဟူ၍သတ်မှတ်သည်။ မျက်လုံး အောက်၊ မျက်ကွင်းအတွင်း မည်သည့်နေရာ တွင်ရှိ စေ ၎င်းင်းမှဲ့မျိုးကို မျက်ရည်စွန်းထင်းသောမှဲ့၊ မျက်ရည် ခံမှဲ့ဟူ၍ သတ်မှတ်သည်။

ဘ၀တစ်သက်တာတွင် ကြေကွဲ၀မ်းနည်း စရာများ ဖြစ်ပေါ်တတ်သည်။ အသည်းကွဲသူများ၊ စိတ်ခံစားချက်ကိုဦးစားပေးသူများဖြစ်သည်။ ချစ်ဦးသူ နှင့် ဆုံစည်းခြင်းမရှိ၊ အချစ်ရေးတွင်လည်း စိတ်သော က ရောက်ရှိမည်။ မှဲ့ဟောကိန်းအလိုအရ ညာမျက်စိ အောက်တွင် မျက်ရည်ခံရှိက ညာဘက်ရင်ဘတ်တွင် မှဲ့ရှိသည်။ ဘယ်မျက်စိအောက်တွင် မျက်ရည်ခံရှိက ဘယ်ဘက်ရင်ဘတ်တွင်မှဲ့ရှိသည်။ ထိုကဲ့သို့မှဲ့ပါပါက အချစ်ရေး၊ မေတ္တာရေးတွင် ကံဆိုးမည်။ အိမ်ထောင် ရေးတွင် ကံဆိုးမည်။ အိမ်ထောင်ရေးတွင်ကာ ကြီး မားသော အညံ့မရှိ။

ညာဘက်တွင် မျက်ရည်ခံမှဲ့ရှိပြီး ဘယ်ရင် ဘတ်တွင်မှဲ့ရှိကလည်းကောင်း၊ ဘယ်ဘက်မျက်ရည် ခံမှဲ့ရှိပြီး ညာရင်ဘတ်တွင်မှဲ့ရှိက အလွန်ဆိုးသည်။ ထာ၀ရငိုကြေွးရသောဘဝရောက်မည်။

ခြေကျိုးလက်ကျိုးဖြစ်တတ်သည်(The Limb Breaking Mole)

(Laughter Lines) ပါးရိုး၊ ပါးဆုံ၊ နှာ ခေါင်းဘေး တစ်ဘက်တစ်ချက် ပါးစပ်အထက် ရယ် မောလိုက်သောအခါ အစင်းကြောင်းပေါ်နေသောပုံ တွင် ဖော်ပြထားသည့်နေရာကို (Laughter Lines) ဟု ခေါ်သည်။ မတော်တဆထိခိုက်မှု များဖြစ်လွယ် သည်။ တစ်ပါးသူထက် အန္တရာယ် ဖြစ်ပွားမည်။ အမျိုးသားတစ်ဦး၏ ဘယ်ဘက်တွင်မှဲ့ရှိက ဘယ် ခြေထောက်ကျိုးမည်။

ညာဘက်တွင်မှဲ့ရှိက ညာခြေ ထောက်ကျိုးမည်။ အမျိုးသမီးတွင် ဘယ်ဘက်တွင် မှဲ့ရှိက ဘယ်လက်ကျိုးမည်။ ညာဘက်တွင် မှဲ့ရှိက ညာလက်ကျိုးမည်။ ယောက်ျားတွင် ခြေထောက်၊ မိန်းမတွင်လက်တို့၌ အရိုးကျိုး၊ ဒဏ်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေသော အမှတ်အသားဖြစ်သည်။

၎င်းင်းအပြင် ထိုမှဲ့အမှတ်အသားပါသော သူတို့ သည် လုပ်ငန်းခွင်တွင် မကြာခဏ အနှောင့်အယှက် များနှင့်တွေ့ရတတ်သည်။ အတင်းအဖျင်း ပြော၍ တိုက်ခိုက်ခြင်းများ၊ မနာလိုသူများ၊ ရသင့်ရထိုက် သည်တို့ကို လုယူခြင်း၊ မိမိနာမည် အလွဲသုံးစား လုပ်တတ်သူများနှင့် ကြုံတွေ့ရတတ်သည်။

စပ်စုတတ်သောမှဲ့(The Bysybody Mole)

ပုံတွင်ဖော်ပြထားသည့်အတိုင်း မေးစေ့တစ် ဘက်တစ်ချက်တွင်မှဲ့ပါသောသူများသည် အရာရာ ပေါ် စူးစမ်းလိုစိတ်သိလိုစိတ်များမည်။ (Nosy) စပ်စု တတ်သူများဟူ၍သတ်မှတ်သည်။ အမေးအမြန်းထူ၊ သိလိုစိတ်များသည်။ ကိုယ်နှင့် သက်ဆိုင်သည်ဖြစ် စေ၊ မသက်ဆိုင်သည်ဖြစ်စေ၊ အသေးစိတ် (Knquisitie) ဖြစ်သည်ဟု သတ်မှတ်သည်။ အကြောင်း တစ်စုံတစ်ရာပေါ် အသေးစိတ်သိလို၊ မြင်လိုသော (Curious) သဘောရှိသည်။

လျှို့ဝှက်ချက်တို့ကို လိုက်လံဖော်ထုတ်သော သဘာ၀လည်းရှိသည်။ သူတစ်ပါးလျှို့ဝှက်၍ မရနိုင် အောင်ပင် လိုက်လံ၍ စပ်စုနေသူဖြစ်သည်။ တစ်ပါး သူ၏ကိုယ်ရေးကိုယ်တာ ကိုချိုးဖောက်ပြောဆို တတ် သောသဘောရှိသည်။ ၎င်းင်းမှဲ့ပါသောသူများသည် လည်း ထူးထူးဆန်းဆန်းနေတတ်သော သဘောရှိ သည်။ မေးတွင်ရှိသောမှဲ့သည် အလွန်ကြီးမား၍ ၎င်းင်းမှဲ့ပေါ်အမွေးပေါက်နေပါက အထူးကောင်းသော မှဲ့ဖြစ်သည်။ တစ်စုံတစ်ရာပေါ်၌ စူးစူးစမ်းစမ်း လေ့ လာနိုင်သည်။ စာပေ၊ အနုပညာ၊ အများပရိတ် သတ်နှင့်လုပ်သောလုပ်ငန်းများ၊ အောင်မြင်ထင်ရှား ကျော်ကြားသူများတွင်တွေ့ရတတ်သည်။

သူခိုးအန္တရာယ်မှဲ့(The Thief Mole)

လူတစ်ဦးတစ်ယောက်၏ မျက်ခုံးအောက်၊ မျက်ခွံပေါ်တွင် မှဲ့ရှိကထိုသူသည် ခိုးဝှက်ခံရသော ကံကြမ္မာဆိုက်ရောက်ပေမည်။ မကြာခဏဆိုသလို ခါးပ်ုက်နှိုက်ခံရခြင်းမှစ၍ ဖောက်ထွင်းခိုးယူခြင်းခံရ သည်အထိ ကြုံရတတ်သည်။ အမျိုးသားတို့၏ ဘယ် ဘက်မျက်ခွံပေါ်တွင် မှဲ့ရှိက ကိုယ်တိုင်၏ အိမ်တွင် လည်းကောင်း။ မိဘရင်းချာတို့၏ နေအိမ်တွင်လည်း ကောင်း ဖောက်ထွင်းခိုးယူခြင်း ခံရတတ်သည်။ ညာ ဘက်မျက်ခွံပေါ်တွင် မှဲ့ရှိမှု အိမ်ထောင်ဘက်တွင် လည်းကောင်း၊ အိမ်ထောင် မိဘဘက်တွင် လည်း ကောင်း ခိုးယူခြင်းခံရမည်။

အမျိုးသမီးများတွင် “ညာဘက်မျက်ခွံ” တွင် မှဲ့ရှိကကိုယ်တိုင်၏ အိမ်တွင်လည်းကောင်း။ မိဘရင်းချာတို့၏ နေအိမ်တွင်လည်းကောင်း ခိုးယူ ခြင်း ခံရတတ်သည်။ “ဘယ်ဘက်မျက်ခွံပေါ်” အိမ် ထောင်ဘက်တွင်လည်းကောင်း၊ အိမ်ထောင် မိဘ ဘက်တွင် လည်းကောင်း ခိုးယူခြင်းခံရမည်။ ၎င်းင်းမှဲ့ ပါသူ ကျားမမရွေးတို့သည် လိမ်ညာလှည့်စား သူများ နှင့်တွေ့၍ ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်တတ်သည်။

ရေးသားသူ – စံ-ဇာဏီဘို

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။