အစောင့်အရှောက်(သို့)ပဌာန်းဆက်

Astrology

အစောင့်အရှောက်(သို့)ပဌာန်းဆက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အစောင့်အရှောက်(သို့)ပဌာန်းဆက် ဆိုတဲ့ဗေဒင်အကြောင်းလေးပဲ ဖြစ်ပါတယ်။

အစောင့်အရှောက်(သို့)ပဌာန်းဆက်
**********************************
ကျွန်ုပ်တို့ အပါအဝင် လူအများစုတို့သည်
မိမိတို့၌အစောင့်အရှောက်ရှိနေသည်ဟု
ယုံကြည်ကြလေ၏။
ထိုသို့ယုံကြည်ချက်ရှိနေကြခြင်းကိုလည်း
မှားသည်ဟုတော့မဆိုနိုင်ပါ။
အဘယ်ကြောင့်ဆိုသော် ဘုရားဟောမှာ
ပင်လျှင်အစမထင်သောဘဝသံသရာမှာ
မတော်စပ်ခဲ့ဖူးသူဟူ၍မရှိနိုင်ဟု ဆိုသောကြောင့်
ပင်ဖြစ်လေ၏။
ခရစ်တော်၏ အယူအဆအရဆိုလျှင်လည်း
လူသားအားလုံးတို့သည် အာဒံနှင့်ဧဝမှစတင်
မွေး ဖွားလာရသည်ဟု ဆိုထားပြန်လေ၏။
ထို့ကြောင့်လူသားအားလုံးတို့သည် သံသရာမှာ
တစ်နည်းနည်းဖြင့် ဆွေမျိုးတော်စပ်ခဲ့ဖူးသည်
ဖြစ်၍ တစ်နည်းနည်းအား ဖြင့် အစောင့်အရှောက်
ခံရမှုများသည်လည်းမုချရှိနိုင်လေ၏။
ကျွန်ုပ်၏ဦးလေးတစ်ယောက်ဆိုလျှင်လည်း
သူ့ကိုအစောင့်အရှောက်ကောင်းမျိုးရှိသည် ဟု
မကြာခဏ ပြောပြတတ်လေ၏။
ကားမောင်းရင်းချောက်ထဲထိုးကျမလိုဖြစ်သွား
တုန်းကလည်း ရုတ်တစ်ရက်”အဘ”ဟုတမိရာမှ
အသက်အန္တရာယ်ဘေးမှလွတ်မြောက်ခဲ့သည် ဟု
ဆို၏။
သို့သော် ဘယ်အဘကစောင့်ရှောက်တာလည်း
ဘယ်လိုအစောင့်အရှောက်လည်း ဟုမေးလိုက်
သည့်အခါမှာတော့အတိအကျမဖြေနိုင်ခဲ့ပါ။
ဘယ်ပုဂ္ဂိုလ်စောင့်ရှောက်သည်ဟူ၍လည်း
မပြောပြနိုင်ခဲ့ပါ။
ထိုသို့မရေမရာမဖြစ်စေရန်အတွက်
မိမိတို့အတွက်အစောင့်အရှောက်(သို့)ပဌာန်းဆက်
ရှိသည့်အနီးကပ်ဆုံးပုဂ္ဂိုလ်တို့ကို မေတ္တာ
စေတနာဖြင့်ဖော်ပြပေးလိုက်ရလေတော့သတည်း။


မိမိတို့၏မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး
(၇)ဖြင့်စားပါ။
(၁)ကြွင်းလျှင်
အနောက်မိဇ္ဇိမမှတောင်ဝှေးကိုင်ဘိုးတော်များ၊
နှင့်ပဌာန်းဆက်ရှိသည်။စောင့်ရှောက်တတ်သည်။
ဘိုးတက်စောင့်ရှောက်သည်။
(၂)ကြွင်းလျှင်
အဘဘိုးဘိုးအောင်စောင့်ရှောက်မှုရှိတတ်သည်။
အန်းကုံးဘိုးတော်စောင့်ရှောက်သည်။
(၃)ကြွင်းလျှင်
အဘဘိုးမင်းခေါင်စောင့်ရှောက်တတ်သည်။
ကွမ်ရင်မယ်တော်စောင့်ရှောက်တတ်သည်။
(၄)ကြွင်းလျှင်
ဆေးဝိဇ္ဇာ၊စမဝိဇ္ဇာများစောင့်ရှောက်တတ်သည်။
ဗောဓိပင်ဆရာဆိုင်စောင့်ရှောက်တတ်သည်။
ဆိုင်းဘာဘာနှင့်ပဌာန်းဆက်ရှိသည်။
(၅)ကြွင်းလျှင်
ယက္ကန်း စင်တောင်ဆရာတော်အစောင့်အရှောက်
ရှိသည်။
လက္ချမီးမယ်တော်စောင့်ရှောက်တတ်သည်။
(၆)ကြွင်းလျှင်
ဘိုးတော်ပွင့်၊ဘိုးတော်ဖြူ၊ဘိုးပိုက်ဆံ
အစောင့်အရှောက်ရှိသည်။
ဆရာတော် ဗောဓိဓမ္မစောင့်ရှောက်သည်။
မနုစာရီမယ်တော်စောင့်ရှောက်တတ်သည်။
(၀)ကြွင်းလျှင်
အဘိုးသံအစောင့်အရှောက်ရှိသည်။
သူရဿတီမယ် တော် စောင့်ရှောက်သည်။
မိမိတို့အတွက် အရေးကြီးကိစ္စ၊သောက ကြုံတွေ့
ပါကမိမိတို့နှင့်ပဌာန်းဆက်ရှိသည့်အစောင့်အရှောက်ပုဂ္ဂိုလ်တို့ကိုတိုင်တည်လျှောက်ထား
အကူအညီတောင်းခြင်းအားဖြင့် ကူညီဆောင်မ
မှုကိုရရှိနိုင်မည်ဖြစ်ပေတော့သတည်း။
စေတနာမှန်လျှင်ကံကောင်းမည်
ရေးသားသူ – ကေဇော်ဟိဏ်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုဗေဒင်သတင်လေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။