အကယ်ဒမီမရခဲ့တာကြောင့် အနုပညာအလုပ်ကိုစိတ်ပျက်သွားပြီဆိုတဲ့အကြောင်း ရင်ဖွင့်လိုက်တဲ့ စည်သူ(ပလပ်ကျွတ်)

Celebrity
အကယ်ဒမီမရခဲ့တာကြောင့် အနုပညာအလုပ်ကိုစိတ်ပျက်သွားပြီဆိုတဲ့အကြောင်း ရင်ဖွင့်လိုက်တဲ့ စည်သူ(ပလပ်ကျွတ်)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကယ်ဒမီမရခဲ့တာကြောင့် အနုပညာအလုပ်ကိုစိတ်ပျက်သွားပြီဆိုတဲ့အကြောင်း ရင်ဖွင့်လိုက်တဲ့ စည်သူ(ပလပ်ကျွတ်) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကယ်ဒမီမရခဲ့တာကြောင့် အနုပညာအလုပ်ကိုစိတ်ပျက်သွားပြီဆိုတဲ့အကြောင်း ရင်ဖွင့်လိုက်တဲ့ စည်သူ(ပလပ်ကျွတ်)

စည်သူ (ပလတ်ကျွတ်) ကတော့ နာမည်အတိုင်းပဲ ပျော် ပျော်ရွှင်ရွှင်၊ လွတ်လွတ်လပ်လပ်နေတတ်သူ တစ် ယောက်ဖြစ်ပေမယ့် အနုပညာနဲ့ ပတ်သက်ပြီးတော့ ကယ့်ကိုဝါသနာကြီးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စည်သူ (ပလတ်ကျွတ်)ဟာ အနုပညာကို တကယ်ကို ဝါသနာပါလွန်းတာကြောင့် ဇာတ်ကားတွေ များစွာ ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာလည်း ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

စည်သူ (ပလတ်ကျွတ်) ပါဝင်သရုပ်ဆောင်ထားတဲ့ “ကို ပေါ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း အကယ်ဒမီ ဆန် ကာတင်စာရင်းထဲ ပါဝင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဆုတွေအားလုံးနဲ့ လွဲချော်ခဲ့ပါတယ်။ စည်သူ (ပလတ် ကျွတ်) ကလည်း သူ့အနေနဲ့ မျှော်မှန်းထားတဲ့ အကယ်ဒမီဆုကြီးနဲ့ လွဲချော်ခဲ့ရလို့ “နောင်တော်တွေညီ တော်တွေရတဲ့အတွက်ဝမ်းသာပါတယ် . အနုပညာ အလုပ်ကို ဆက်မလုပ်ချင်တော့ဘူးစိတ်ပျက် အားလုံး ကျန်းမာချမ်းသာကြပါစေ” ဆိုပြီး သူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရင်ဖွင့်လာပါတယ်။

စည်သူ (ပလတ်ကျွတ်) ကတော့ “ကိုပေါ” ရုပ်ရှင် ဇာတ်ကားကြီးမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထား ပြီး သူ့အနေနဲ့ အကယ်ဒမီဆန်ကာတင်စာရင်းထဲပါဝင် တဲ့အထိ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့တဲ့ စည် သူ (ပလတ်ကျွတ်) ရဲ့အနုပညာကိုတော့ အသိအမှတ်ပြု ပေးပြီးသားပါပဲ။

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။