ပရိသတ်တွေ မမြင်ဖူးလောက်တဲ့ မင်းသားမင်းမော်ကွန်းရဲ့ ငယ်ဘဝပုံရိပ်များ

Celebrity Local News
ပရိသတ်တွေ မမြင်ဖူးလောက်တဲ့ မင်းသားမင်းမော်ကွန်းရဲ့ ငယ်ဘဝပုံရိပ်များ

မင်းသား မင်းမော်ကွန်း ဟာ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသား တစ်လက်ထဲမှာ အပါအဝင်ဖြစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါ တယ်။ သူ့ရဲဖခင်ကတော့ အားလုံးက ချစ်ခင်ရတဲ့ ဝါရင့် သရုပ်ဆောင်ကြီး ဦးဇင်ဝိုင်း ပဲ ဖြစ်ပါတယ်။ အနုပညာမျိုးရိုး ရှိသူပီပီ သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်အဖြစ် ပရိသတ်လက်ခံ အားပေးခံခဲ့ရပါတယ်။

ရုပ်ရှင်ခေတ်တစ်ခေတ်ကိုမှီခဲ့ပြီး ဇာတ်ကားပေါင်းများစွာကို ရိုက်ကူး ထားနိုင်တဲ့ အောင်မြင်တဲ့ မင်းသားချောတစ် လက်ဖြစ်ပါတယ်။ မင်းမော်ကွန်း ဟာ “နှလုံးလှလူမိုက်” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။

ဒါအပြင် လိမ္မာယဉ်ကျေးတဲ့ ချစ်ဇနီးချောလေးနဲ့ အိမ်ထောင်ရေးခရီးလမ်းကို ဖြောင့်ဖြူးသာယာစွာ လျှောက် လှမ်းနေပြီး ချစ်ဖို့ကောင်းတဲ့ သားသားမီးမီးတွေကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။ကိုကြာနု လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ မင်းမော်ကွန်း ဟာ အခုချိန်ထိ ငယ်ရုပ် မပျောက်ပဲ နုပျိုနေဆဲဖြစ်တာကြောင့် ပရိသတ်တွေက အားကျနေကြတာလဲ ဖြစ်ပါတယ်။ လက်ရှိမှာ ခက်ခဲ ကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ကို ကျော် ခေါ် မင်းမော်ကွန်း ဘေးကင်း ကျန်းမာပါစေလို့ ဆုတောင်းပေးရင်း ငယ်ဘဝ ဓာတ်ပုံလေးတွေကို အမှတ်တရ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။