ကြာသပတေးသားသမီးတွေအကြောင်း

Astrology
ကြာသပတေးသားသမီးတွေအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြာသပတေးသားသမီးတွေအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြာသပတေးသားသမီးတွေအကြောင်း

ကြာသပတေးဆိုတာ သင်္ချာဂဏန်းအရဆိုရင် ၅ ပေါ့မ ဂဏန်းဖြစ်တာကြောင့်အနုအရွ လေးတွေ နှစ်သက်တတ်ပါတယ် ၁ နဲ့ ၁၀ ရဲ့ ကြားက အလည်မှာရှိနေပါတယ် ဘက်မလိုက်တတ်ပဲ သမာ သမတ္ကို ဆိုလိုတာပါ

နေ့တွေထဲမှာ ကြာ သာ ပ တေး ဆိုပြီး ထူကဲစွာ လေးလုံး ရှိပါတယ် ဒါကြောင့် အရာရာမှာတခြားနေ့တွေထက် ထူးကဲနေတတ်ပါတယ် ကြာ၊သာ ဆိုတာ နေ့နံ အရ ရန်ဖက်ပါ ပ ၊တေး ဆိုတာလည်း နေ့နံ့ အရ ရန်ဖက်ပါ ကြာ၊ပ ဆိုတာ နေ့နံ အရ ဓာတ်ဖက်ပါ သာ၊တေး ဆိုတာလည်း နေ့နံအရ ဓာတ်ဖက်ပါ ရန်ဖက် ၂ တွဲ ဓာတ်ဖက် ၂ တွဲနဲ့ ပေါင်းစပ်ထားတာကြောင့်ကြာသပတေးဟာ သိမ်မွေ့သလို ကြောက်စရာလည်းကောင်းပါတယ် ကြောက်စရာကောင်းပေမယ့် နူးညံ့ ပျော့ပျောင်းပြီး သမာသမတ်ကျတာကြောင့် ကြာသပတေးဆိုတာ တပါးသူ အပေါ်ကို တမင်သက်သက် မရက်စက်တတ်ပါဘူး

မိမိအပေါ် ထိပါးခြင်း မိမိ ရှေ့မှာ မတရားတာတွေဖြစ်နေခြင်းအဲဒါမျိုးတွေကြုံလာတဲ့အခါ ပြင်းထန်စွာ တုန့်ပြန်တတ်ပါတယ်။ကြာသပတေးဆိုတာ အငြိုးကြီးတတ်သလို
အရာရာကိုအကွက်ကျကျစီမံပြီး အလုပ်လုပ်တတ်ပါတယ် ။အနိမ့်ဖက်ကိုသွားဖို့ဝန်မလေးသလိုအမြင့်ဖက်ကို သွားဖို့လည်း ဝန်မလေးပါဘူး

ဝမ်းနည်းနေတာကို ပျော်နေသလိုဒေါသထွက်နေတာကို ဘာမှမဖြစ်သလိုဟန်ဆောင်ကောင်းပြီးသွေးအေးအေးနဲ့လည်း ရက်စက်တတ်ကြပါတယ်အချစ်ကြီးသလို အမျက်လည်းသိပ်ကြီးကြပါတယ်ဒါကြောင့် ကြာသပတေးကို မချစ်ရင်နေပါချစ်ပြီးလျှင်တော့ သစ္စာရှိပါ

ကြာသပတေးဆိုတာ မိတ်ဆွေကောင်းပါ ကြာသပတေးဆိုတာ ချစ်သူကောင်းပါကြာသပတေးဆိုတာ သားကောင်းပါ ကြာသပတေးဆိုတာ သမီးကောင်းပါခင်ပွန်းကောင်းပါ ဇနီးကောင်းပါ ကြာသပတေးဆိုတာ သင်တန်ဖိုးထားရင် ထားသလောက်တန်ဖိုးရှိပြီးသင်ရက်စက်ရင်တော့ သင့်ထက် အဆပေါင်းများစွာ ရက်စက်တတ်တာပါ ။ ။

ရေးသားသူ – ဆရာအာကာထွဋ်ခေါင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။