သုံးထားတဲ့ရေဖိုး 80000 မပေးနိုင်တာနဲ့ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ဆိုင်ရှင်(ရုပ်/သံ)

Local News
သုံးထားတဲ့ရေဖိုး 80000 မပေးနိုင်တာနဲ့ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ဆိုင်ရှင်(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သုံးထားတဲ့ရေဖိုး 80000 မပေးနိုင်တာနဲ့ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ဆိုင်ရှင်(ရုပ်/သံ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သုံးထားတဲ့ရေဖိုး 80000 မပေးနိုင်တာနဲ့ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ဆိုင်ရှင်(ရုပ်/သံ)

“ဒီနေ့ ညနေ ၃နာရီအချိန် လားရှိုးတက္ကသိုလ်ရှေ့ မကေခိုင် အလှကုန်မှာ သူတို့အိမ်သုံးထားတဲ့ ရေဖိုးကို ရပ်ကွက်ထဲက ရေပေးတဲ့ အမက သွားတောင်းတာ ဖြိုးလဲ အတူလိုက်သွားခဲ့တာပါ အရင်ရက်ကလည်း သွားတော့ ဒီနေ့မှ လာဆိုလို့ ဒီနေ့ ပြန်သွားပါတယ် မဆီမဆိုင် ဘေးနားက ကျွန်မကို Hockey တုတ်နဲ့ ရိုက်လိုက်လို့ လက်ရယ် ခါးရိုးရယ် ထိသွားပါတယ် သစ်သားတုတ်က အတော်ကြီးတာ video ထဲမှာ မြင်ပါလိမ့်မယ်

သူသုံးထားတဲ့ရေဖိုး 80000 ကို မပေးချင်လို့ 20000 ပဲယူသွားဆိုပီးနှင်ထုတ် လူပါး၀ တာပါ
နောက်ဆူံး တုတ်နဲ့ ရိုက်အပြီးမှာ ပိုက်ဆံ၈၀၀၀၀ ကို လူံးချေပီး ပစ်ပေးပါတယ် ဆိုင်ကြီးဟီးဟီးထပြီး ဒီအနေအထားကို ဒီလောက်တော့ အောက်တန်းမကျဘူး ထင်လိုက်တာ မှားသွားပါတယ် ရေဖိုးကလည်း တစ်လတစ်လ မဟုတ်ဘဲ သူက ၂လ၃လ ပေါင်းပီးပေးတာပါ ပိုက်ဆံရှိရက်နဲ့ တမင် ညွှန့်ပြီး အဝီစိရေ ပေးတဲ့သူကို အကြွေးမပေးချင်လို့ ဖြဲတာပါ သမာအာဇီ၀ နဲ့ရှာရတဲ့ ပိုက်ဆံမို့ ကောင်းကောင်းမွန်မွန်ပဲတောင်းတာပါ သူတို့က ဆဲဆိုအော်ဟစ် အမကလဲ အဲ့ကျ ပြန်အော်ပါတယ် ကျွန်မက ဖုန်းနဲ့ရိုက်နေလို့ ခေါင်းကိုလှမ်းရိုက်တာပါ

ကာလိုက်လို့လက်ပဲ ထိသွားတာပါ အဲ့အချိန်ပဲ ဆီးခုံကို တုတ်နဲ့လှမ်းဆောင့်ထိုးပါတယ် ရှောင်လိုက်လို့ ညာဘက် ခါးရိုးကို ထိသွားပါတယ် ကိုယ်က ဘာလက်နက်မှလဲမပါ ရန်ကလဲ မဖြစ်တတ်တာမို့ မဆီမဆိုင် ကြားထဲက ခံလိုက်ရတယ် တက္ကသိုလ်ရှေ့က မကေခိုင် စတိုးက ပိုင်ရှင် ပါ။ရုံးမှာတိုင်ချက် ဖွင့်ထားပါတယ် ကျွန်မတင်တဲ့ video အတွက် အပြည့်အ၀ တာ၀န်ယူပါတယ် ။မကျေနပ်လို့ကို တမင်သက်သက် တင်ရခြင်းဖြစ်ပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်ရင် ကျော်သွားပေးပါရှင်။”

https://www.facebook.com/100070120837437/videos/113449265078235/

ရေးသားသူ – Phyo Yamin Thaw’s facebook

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။