မိုခါမုန်တိုင်းဗဟိုချက်ဖြတ်သန်းသွားတဲ့ စစ်တွေမြို့ အဆက်သွယ်တွေပြတ်တောက်နေဆဲ

Local News
မိုခါမုန်တိုင်းဗဟိုချက်ဖြတ်သန်းသွားတဲ့ စစ်တွေမြို့ အဆက်သွယ်တွေပြတ်တောက်နေဆဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုခါမုန်တိုင်းဗဟိုချက်ဖြတ်သန်းသွားတဲ့ စစ်တွေမြို့ အဆက်သွယ်တွေပြတ်တောက်နေဆဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိုခါမုန်တိုင်းဗဟိုချက်ဖြတ်သန်းသွားတဲ့ စစ်တွေမြို့ အဆက်သွယ်တွေပြတ်တောက်နေဆဲ

မနေ့က မေ ၁၄ ရက်မှာ အားအလွန့်အလွန်ကောင်းတဲ့အဆင့်နဲ့ မုန်တိုင်း မိုခါ ဖြတ်သန်းသွားတဲ့ စစ်တွေမြို့မှာ မနေ့ညနေ ၃ နာရီလောက်ကနေ ဒီကနေ့ မနက် အထိ အဆက်သွယ်တွေ ပြတ်တောက်နေပြီး အူရီဒူးဆက်သွယ်ရေးလိုင်းတစ်ခုသာ အသုံးပြုလို့ရနေတယ်လို့ ရခိုင်အခြေအစိုက် သတင်းဌာနတွေကနေ သိရပါတယ်။

စစ်တွေမြို့အတွင်းမှာ အိုးအိမ်တိုက်တာတွေ ထိခိုက်ပျက်စီးတာတွေအများကြီးရှိနေပြီး လက်ရှိမှာ လေငြိမ်ပြီးရေတင်ကျန်တာတော့ ရှိနေတယ်လို့ သိရပါတယ်။ပျက်စီးဆုံးရှုံးတာတွေများပေမဲ့ လူအထိအခိုက် အthayပျောက်နည်းမယ်လို့ယူဆထားကြပြီး အခုတော့ အတိအကျသိရတာမရှိသေးပါဘူး။

အစားအသောက်တွေကိုလည်း အချင်းချင်းကူညီပေးနေတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ပြတ်တောက်နေတဲ့ ဖုန်းလိုင်းအဆက်သွယ်တွေဟာ ဘယ်အချိန်အထိ ဆက်ဖြစ်နေမလဲဆိုတာ မသိတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေကို ဆက်သွယ်လို့ရအောင် လုပ်ပေးဖို့ကိုလည်း အကူညီ‌တောင်းထားတာကို တွေ့ရပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့တွေကလည်း ကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့ အူရီဒူးတစ်ခုသာ ဆက်သွယ်လို့ရနေတဲ့အတွက် အရေးပေါ် အခြေအနေတွေကို သတင်းပို့ကြဖို့ကိုလည်း ထုတ်ပြန်ထားကြပါတယ်။
မုန်တိုင်းဗဟိုချက် ဖြတ်သန်းသွားတဲ့ စစ်တွေမြို့အပါအဝင် ရခိုင်က မြို့နယ် အများစု မှာလည်း အဆက်သွယ်တွေပြတ်တောက်နေပါတယ်။

လက်ရှိအချိန်မှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ် အားလျော့သွားပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းကို ရွှေ့လျားနေတာကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို အညိုရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်းဖြတ်သန်းသွားပြီးတဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကိုတော့ အစိမ်းရောင်အဆင့် သတ်မှတ်လိုက်တယ်လို့ မိုးဇလက မေ ၁၅ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။